ဒီကနေ့မှာ ကျရောက်တဲ့ Song Hye Kyo ရဲ့ အသက် (၃၈)နှစ်ပြည့်မွေးနေ့

Image:twitter/@fnir87 & Kyo's IG

ဒီကနေ့ နိုဝင်ဘာ (၂၂)ရက်နေ့ကတော  အာရှရဲ့ နတ်မိမယ်လေးဖြစ်တဲ့  ဆောင်းဟေကို ရဲ့ မွေးနေ့ လေးပါ။ဒီနှစ်မွေး နေ့ လေးကတော့ သူမရဲ့ အသက် (၃၈)နှစ်ပြည့် မွေးနေ့ လေးပါ။ကိုရီးယားအသက်နဲ့ဆိုရင်တော့ (၃၉)ပါ။အသက် (၄၀)နားနီးနေပေမယ့်လည်း (၂၀)ကျော်လေးတွေလို အခုထိ နုပျိုလှ ပ နေတုန်းပါ။သူမရဲ့ မွေးနေ့ အမှတ်တရ  အနေနဲ့ ဆောင်းဟေကိုရဲ့ ဘ၀ အကြောင်းလေးကို ဖော်ပြ ပေးချင်ပါတယ်။

Image:IG/Song Hye-kyo
Image:twitter/@fnir87

ဆောင်းဟေကို ကိုတော့ (၁၉၈၁)ခုနှစ် နိုဝင်ဘာ(၂၂)ရက်နေ့က မွေးခဲ့တာပါ။ သူမဟာ Autumn in My Heart (2000) (ဆောင်းဦးရွက်ကြွေ ချစ်သက်သေ) ဇာတ်ကားနဲ့ နာမည်ကြီးခဲ့သူပါ။ အဲ့ဒီနောက်ပိုင်းမှာတော့ All In (2003), Full House (2004), That Winter, the Wind Blows (2013) ၊ Descendants of the Sun (2016)  အစရှိတဲ့ ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှုမှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့ပါတယ်။

 

View this post on Instagram

 

@mokjungwook @suecommabonnie

A post shared by Hyekyo Song (@kyo1122) on

Image:twitter/@fnir87

သူမဟာHwang Jin Yi (2007), The Grandmaster (2013), My Brilliant Life (2014) and The Queens (2015) အစရှိတဲ့ ရုပ်ရှင်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ (၂၀၁၇)ခုနှစ်အတွက် Forbes Magazine ရဲ့ Korea Power Celebrity စာရင်းမှာ အဆင့်(၇)နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

READ
peach lay ရဲ့ပထမအကြိမ်ရေကူးတဲ့နေ့လေးပါခင်ဗျာ့ဆိုတဲ့ မေမေသင်ဇာနွယ်ဝင်း
Image:IG/Kyo
Image:IG/Kyo

မွေးခါစတုန်းက အရမ်းကိုချူချာလွန်းလို့ မိဘတွေ သူမကို အသက်ရှင်မယ်လို့တောင် မထင်ခဲ့ကြပါဘူး။ ဒါကြောင့် မွေးစာရင်းကို ချက်ချင်းမတင်သေးဘဲ နောက်ကျမှတင်ဖြစ်ခဲ့ပါတယ်။ သူမရဲ့ မွေးစာရင်းထဲမှာတော့ မွေးနေ့ကို (၁၉၈၂) ဖေဖော်ဝါရီ(၂၆)လို့ ပေးခဲ့ပေမယ့် တကယ့်မွေးနေ့အမှန်ကတော့ နိုဝင်ဘာ(၂၂)၊ (၁၉၈၁) ခုနှစ်ပါ။ Broken Family ကနေ ဆင်းသက်ခဲ့သူပါ။ မိဘနှစ်ပါးက ကွာရှင်းခဲ့ကြတော့ ဆောင်းဟေကိုဟာ အမေနဲ့ လိုက်နေပြီး မိခင်ဖြစ်သူရဲ့ ပြုစုပျိုးထောင်မှုအောက်မှာ ကြီးပြင်းလာခဲ့ရသူပါ။

Image:twitter/@fnir87
Image:twitter/@fnir87

Descendants of the Sun (2016) ဇာတ်လမ်းတွဲက မင်းသား ဆောင်ဂျွန်ကီနဲ့ (2017) အောက်တိုဘာ (၃၁) မှာလက်ထပ်ခဲ့ပါတယ်။(၂၀၁၉)ဇူလိုင် (၂၂)ရက်နေ့က ဆိုးလ် တရားရုံးကနေ ဥပဒေအရပါ တရားဝင် ကွာရှင်းပြတ်စဲ ခဲ့ပါတယ်။ခင်ပွန်းသည်နဲ့ ကွာရှင်းပြီးနောက်ပိုင်းမှာလည်း သူမရဲ့ အနုပညာ အလုပ်တွေကို အရင်လိုပဲ လုပ်ကိုင်နေစဲပါ။

Happy Birthday ပါ Kyo ရေ တစ်နှစ်တစ်ခြား ဒီ့ထက် ပိုပို လှနိုင်ပါစေ..

Song Hye-kyo အကြောင်း သင်မသိသေးတဲ့ အချက် (၁၃ ) ချက်

Ref;Wiki

SHARE