အက်​​စစ်​နဲ့​အပက်ခံရမယ်​လို့ ခြိမ်း​ခြောက်​စာပို့ခြင်းခံခဲ့ဖူးရတဲ့ ​ဆောင်း​ဟေကို တို့မိသားစု

ဆောင်း​ဟေကိုရဲ့အ​မေဟာ ၂၀၀၅ ခုစ်​ ဇန်​နဝါရီ​လောက်​တုန်းကဝမ်​၂၅၀မီလီယံ(ကျပ်​သိန်း၃၀၀၀ ​ကျော်​​)​တောင်းတဲ့ ခြိမ်း​ခြောက်​စာရခဲ့ဖူး​ကြောင်း​​Channel A ရဲ့ show တစ်​ခုဖြစ်​တဲ့ Poongmom Show မှာ ​ပြောပြခဲ့ပါတယ်​။ဒီစာထဲမှာ ခြိမ်း​ခြောက်​သူ​တွေက သူတို့​တောင်းတဲ့ပိုက်​ဆံမ​ပေးပါက ​ဟေကို့ခန္ဓာကိုယ်​ကို ဟိုက်​ဒရိုကလိုရစ်​အက်​စစ်​ နဲ့​လောင်းချပြီး Hallucinogens(စိမ်​​ခြောက်​ခြား​ဆေးများ)ထိုးသွင်းမည်​ဖြစ်​​ကြောင်း ​ရေးသားခဲ့ပါတယ်​။ဒီစာရပြီးပြီးချင်း ​ဟေကို့အ​မေဟာ သူမကို တစ်​ခြားတစ်​​နေရာကိုခဏပို့ထားရပြီး ရဲတိုင်​ခဲ့ပါတယ်​။ အဲ့​ဒီ​နောက်​ ရဲ​တွေစုံစမ်းလိုက်​တဲ့အခါမှာမှ ​ခြိမ်း​ခြောက်​သူဟာ ​ဟေကို ၃နှစ်​​လောက်​အလုပ်​တွဲလုပ်​ခဲ့တဲ့သူမရဲ့မန်​​နေဂျာ​ဟောင်းဖြစ်​​နေမှန်းသိခဲ့ရပါတယ်​။ရဲ​တွေအဆိုအရ ​ဟေကိုအ​မေဟာ ဒီပိုက်​ဆံ​တောင်းသူ​တွေဟာ အရင်​တုန်းကသူမကို​ငွေ​ရေး​ကြေး​ရေးအကူအညီ​တောင်းဖူးသူ​ထဲကဖြစ်​နိုင်​​ကြောင်းဆိုခဲ့တာ​ကြောင့်​အဲကတဆင့်​သိရှိခဲ့ရတာပါ။သူမလည်းတရားခံကိုသိသိချင်း မယုံနိုင်​​လောက်​​အောင်​အံ့သြခဲ့ရပါတယ်​တဲ့။သရုပ်​​ဆောင်​​တွေနဲ့မန်​​နေဂျာ​တွေဟာမိသားစုဝင်​လိုရင်းနီးကြတာ​ကြောင့်​ အနုပညာရပ်​ဝန်းကသူ​တွေဟာ ဒီသတင်းကိုကြားကြားချင်းယုံ​တောင်​မယုံနိုင်​ခဲ့ကြပါဘူးတဲ့။ဒီမန်​​နေဂျာ​ဟောင်းဟာ ​ဟေကိုကို့တကယ်​ထိခိုက်​​စေဖို့ရည်​ရွယ်​မယ့်​​သူမဟုတ်​​ကြောင်ယုံကြည်​တာ​ကြောင့်​ တရားခံကိုတရားမစွဲလို​​ကြောင်းဆိုခဲ့ပါတယ်​။
ဒါ​ပေမယ့်​လည်းတရားခံမန်​​နေဂျာဟာ အရင်​တုန်းကရခဲ့တဲ့ Comission ​​တွေကိုစာရင်းလိမ်​မှု​ကြောင့်သူ့ရဲ့​အေဂျင်​စီကနှုတ်​ထွက်​ခဲ့ရပါတယ်​။ ​နောက်​ပိုင်းမှာ​တော့သူဟာ ​ငွေ​ရေး​ကြေး​ရေးခက်​ခဲလွန်းလို့ ​ချွေးထုတ်​ခန်း​တွေမှာအိပ်​ခဲ့ရပြီး ​ဟေကို့ကိုလည်း သူ့မိသားစုဝမ်းစာ​ရေးအတွက်​မလုံ​လောက်​လို့ခုလို ခြိမ်း​ခြောက်​ရတာဖြစ်​​ကြောင်းဝန်​ခံခဲ့ပါတယ်​။
Grinny (Shwemom)
Source: Koreaboo
SHARE