ပရိသတ်ကြား အငြင်းပွားစရာ ဖြစ်ခဲ့တဲ့ ဟောင်ကောင်ပွဲက ဆောင်းဟေကိုရဲ့ ဖက်ရှင်

ဆောင်းဟေကိုကတော့ အွန်စောဆိုတဲ့ ဇာတ်ကောင်နဲ့ မြန်မာပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အ၀ ကို ရထား တဲ့ ကိုရီးယားမင်းသမီးတစ်ယောက်ပါ။ autumn in my heart ဆိုတဲ့ ဇာတ်ကားနဲ့ အာရှပရိသတ်တွေရဲ့ အားပေးမှုကို ရခဲ့တဲ့ သူမဟာ အခုထိလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေတုန်းပါ။ သူမရဲ့ဖက်ရှင်၊စတိုင် အားလုံးက ပရိသတ်တွေ အတွက် စံပြအတု ယူစရာတွေဖြစ်ခဲ့ပေမယ့်လည်း မကြာသေးခင်က သူမ၀တ်ဆင်ခဲ့တဲ့ ဖက်ရှင် နဲ့ ပတ် သက်ပြီး ပရိသတ်တွေကြား အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။

kstarlive
kstarlive
kstarlive

ဧပြီ (၁၄)ရက်နေ့က သူမဟာ ‘2019 Hong Kong Film Awards. ပွဲသို့ တက်ရောက်ခဲ့ပါတယ်။ သူမအတွက် တော့ ဒါဟာ (၁၂)နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် ဒီပွဲကို တက်ရောက်ခဲ့တာပါ။ Andy Lau နဲ့ အတူ တွဲပြီး အစီ အစဉ်တင်ဆက်သူ အဖြစ် ပါဝင်ပေးခဲ့တာပါ။ ဒီပွဲမှာလည်း ပရိသတ်တွေ ကို လုံးဝ မင်သက်သွားစေမယ့် ဖက်ရှင်အလှကို ၀တ်ဆင်ပြီး တက်ရောက်လာခဲ့ပါတယ်။ သူမရွေးချယ်ထားတဲ့ ၀တ်စုံ ကတော့ Mortitia Adam ရဲ့ အနက်ရောင် ဂါဝန်ရှည်ကြီးပါ။ ၀တ်စုံနဲ့ တွဲဖက်ထားတဲ့ လက်ဝတ်ရတနာ တွေကတော့ Chaumet ရဲ့ လက်ရာမြောက်တဲ့ စိန်တွေကို ရွေးချယ် ဆင်မြန်းထားတာပါ။

READ
အနှိပ်သည်အဒေါ်ကြီးနဲ့ ပျော်ပါးခဲ့တယ်လို့ သတင်းတွေထွက်နေတဲ့ Zayn Malik
kstarlive
kstarlive
kstarlive
kstarlive

သူမရဲ့ ဖက်ရှင်အတွက် ကုန်ကျထားတဲ့ ငွေကြေးကတော့ အတိအကျမသိရသေးပေမယ့် အမေရိကန်ဒေါ်လာ သန်းပေါင်း များစွာ တန်ကြေးရှိပါတယ်။ တန်ဖိုးကြီးတဲ့ ၀တ်စုံ၊တန်ဖိုးကြီးတဲ့ လက်ဝတ်ရတနာတွေကို ရွေးချယ် ထားပေမယ့် လည်း အဲ့ဒီနေ့က ၀တ်လာတဲ့ သူမရဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီး တစ်ချို့က ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ ဝေဖန်ခံရတဲ့ အကြောင်း အရင်းတွေထဲမှာတော့ တစ်ချို့က ၀တ်စုံက အရမ်းရိုးရှင်းလွန်းနေတယ်၊တစ်ချို့က ဒီဝတ်စုံက သူမနဲ့ မလိုက်ဘူး၊အသက်ပိုကြီးသွားစေတယ်.. ဆိုပြီး အမျိုးမျိုးပြောဆိုဝေဖန်ခဲ့တာပါ။ သူမရဲ့ အမာခံပရိသတ်တွေကတော့ ဆောင်းဟေကိုရဲ့ ဖက်ရှင်အပေါ် ချီးကျူးပြောဆိုခဲ့ကြပါတယ်။ ပရိသတ်တွေကြား နောက်ထပ် ပြောစရာ တစ်ခုကတော့ လက် စွပ်ပါ။ ဒီပွဲကိုလည်း လက်ထပ်လက်စွပ်မ၀တ်ပဲ တက်ရောက်ခဲ့ပါတယ်။ လက်ထပ်လက်စွပ်ကို ၀တ်မထားတော့ တစ်ချို့ တွေက သူမရဲ့ အိမ်ထောင်ရေးမှာ ပြဿနာတွေ ရှိနေမလားဆိုပြီး ထင်ကြေးပေးပြောဆိုနေကြတာတွေလည်း ရှိနေပါတယ်။

READ
ယခုနှစ် အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ်တွေ့ကြရမယ့် မျိုးဆက်သစ်အနုပညာရှင်လေးများ
kstarlive
kstarlive
kstarlive

 

Source Kstarlive

SHARE