လက်ရှိမှာ ပျော်ရွှင်နေလို့ အိမ်ထောင်မပြုချင်သေးဘူးလို့ ပြောလိုက်တဲ့ Song Ji-hyo

ig/@official.song.jihyo

မင်းသမီးချော Song Ji-hyo ကတော့ သူမရဲ့ လက်ရှိဘဝမှာ အရမ်းပျော်ရွှင်နေရတဲ့အတွက် အိမ်ထောင်ပြုဖို့ကို စိတ်မဝင်စားသေးဘူးလို့ ပြောကြားလိုက်ပါတယ်။ အင်တာဗျူးတစ်ခုမှာ သူမရဲ့ သဘောထားကို ပြောပြခဲ့တာဖြစ်ပြီး သူမရဲ့ ကိုရီးယားအသက်အရ လေးဆယ်နားရောက်နေတဲ့ အကြောင်းကို ပြောပြခဲ့တာပါ။  ဒီအကြောင်းကိုတော့ sbs news ကနေ ဖော်ပြထားခဲ့ပါတယ်။

 

 

View this post on Instagram

 

[#PHOTO] ⠀ 여러분을 궁금케 한 23일 6글자 동그라미 정체는 “씨. 네. 2. 1. 출.간” 이었습니다 ⠀ #씨네21 1257호 단독 커버 주인공 쏭배우🌸 멋쁨 비주얼부터 독보적 카리스마까지💜 놓치지마세요 🙌🏻 ⠀ ✔️온오프라인 서점 ✔️씨네21 스토어팜(cine21store.com) 에서 Get 하실 수 있습니다🎵 ⠀ (출처 : 씨네21) . . ⠀ #송지효 #SongJiHyo #크리에이티브그룹아이엔지 #movie #침입자 #유진 #6월4일개봉

A post shared by 송지효 (@official.song.jihyo) on

မင်းသမီးချော Song Ji-hyo က သူမရဲ့ အသက်နဲ့ပတ်သက်ပြီး “အသက်လေးဆယ်နားရောက်လာတော့ ရုပ်ပို်င်းဆိုင်ရာအရ အားနည်းလာတယ်လို့ ကိုယ့်ကိုယ်ကို ခံစားမိလာပါတယ် ဒါပေမယ့် အသက်ကြီးလာတာက တစ်ခြားကောင်းမွန်တဲ့ အရာတွေရှိတဲ့အတွက် ကျွန်မနှစ်သက်ပါတယ် အရင်ကထက် ပိုပြီးလည်း လုပ်စရာတွေ များလာတယ်လို့ ထင်တယ် အသက်သုံးဆယ်မှာတုန်းက ငါအသက်လေးဆယ်ဆို ဘယ်လိုနေမလဲဆိုပြီး စဉ်းစားမိတယ် နောက်ပြီး အသစ်အဆန်းတွေပြုလုပ်ဖို့ကို ကျွန်မအရမ်းကို စိတ်လှုပ်ရှားနေမိပါတယ် အရင်ကထက်ပိုပြီး စူးစမ်းချင်စိတ်တွေ ရှိလာပါတယ်” ဆိုပြီး ပြောပြခဲ့ပါတယ်။

READ
ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပြည့်စုံတဲ့အလှတရားတွေ ချပြလိုက်တဲ့ အေးမြတ်သူ

 

 

View this post on Instagram

 

오랜만에 만난 수진이.. ‘구여친클럽’ 사진 발견…📸

A post shared by 송지효(Song Ji Hyo) (@my_songjihyo) on

လက်ထပ်ဖို့ ကိစ္စနဲ့ မေးမြန်းတဲ့အခါမှာတော့ Song Ji-hyo က ရယ်ပြီး ခုလိုဖြေကြားခဲ့ပါတယ် “ ဒါက ကိုယ့်ကိုယ်ကို ဂရုစိုက်တာလောက် ကျွန်မအတွက် မလွယ်ကူပါဘူး ခုလက်ရှိ အခြေအနေကို ကျွန်မ အရမ်းကျေနပ်ပါတယ် ကျွန်မရဲ့ အခုလက်ရှိပုံစံကို ပြောင်းလဲချင်စိတ်ဖြစ်လာမယ့် ကျွန်မရှာဖွေနေတဲ့ တစ်စုံတစ်ယောက်ကို တွေ့ခဲ့ရင်တော့ လက်ထပ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ဒါပေမယ့် လက်ထပ်တာက ကျွန်မဘဝရဲ့ ဦးစားပေးစာရင်းထဲမှာ မပါဝင်ပါဘူး အရိုးသားဆုံး ပြောရရင်တော့ ကျွန်မရဲ့အခုလက်ရှိအခြေအနေ ဘဝလေးက တကယ့်ကို ပျော်ရွှင်စေပါတယ်” ဆိုပြီး တောက်ပစွာပြုံးရင်း ဖြေကြားပေးခဲ့တာပါ။

READ
ဗီဒီယိုဖိုင် အသစ်တင်လိုက်တဲ့ သင်ဇာဝင့်ကျော်

Khin

SHARE