ဇာတ်လမ်းတွဲအသစ် ရိုက်ကူးဖို့ ဆွေးနွေးနေတဲ့ Song Ji Hyo

IG/songjihyo_admirers

မေလ ၂၈ ရက်နေ့မှာ မီဒီယာတွေကနေ တက်လာတဲ့ သတင်းတွေအရ မင်းသမီး Song Ji Hyo ကတော့ ဇာတ်လမ်းသစ် ရိုက်ကူးဖို့ စကားပြောနေတယ်လို့ allkpop ကနေ ဖော်ပြထားပါတယ်။ သူမကတော့ Please Come to the Witch’s Restaurant ဆိုတဲ့ ဇာတ်လမ်းတွဲအတွက် ပါဝင်ရိုက်ကူးဖို့ ဆွေးနွေးနေတာပဲ ဖြစ်ပါတယ်။

View this post on Instagram

한 손에는 V + 한 손에는 펜….

A post shared by 송지효(Song Ji Hyo) (@my_songjihyo) on

ဒီဇာတ်လမ်းတွဲကတော့ စိတ်ကူးယဉ်ဆန်ဆန် ဖြစ်ပြီး ဝတ္တုတို တစ်ပုဒ်ကို အခြေခံ ရိုက်ကူးမှာပဲ ဖြစ်ပါတယ်။ သူမ ပါဝင်ဖြစ်ခဲ့မယ်ဆိုရင်တော့ မှော်ဆရာမလေး အဖြစ် မြင်ရမှာ ဖြစ်ပါတယ်။ ဒီမှော်ဆရာမလေးရဲ့ အသက်ကို ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး။ မှော်ဆရာမလေးကတော့ အသက်၂၀ ပတ်ဝန်းကျင်မှာ ဖြစ်ရပ်ဆိုးတွေကို ကြုံပြီးတဲ့နောက်မှာ မှော်ဆရာ လုပ်ဖို့ ရွေးချယ်လိုက်ပြီး လက်ရှိမှာ တွဲဖက်တစ်ယောက်နဲ့ အတူ စားသောက်ဆိုင်ကို တာဝန်ယူလည်ပတ်နေစေတာ ဖြစ်ပါတယ်။

ဇာတ်လမ်း ပုံစံလေးက သိပ်ကို ပရိသတ် အကြိုက်တွေ့မယ့် ပုံစံ ဖြစ်နေတော့တာမို့ Ji Hyo အတွက်တော့ ပရိသတ်တွေရဲ့ အချစ်ကို ထပ်မံ ရရှိတော့မယ်လို့ မျှော်လင့်ရပါတယ်။

READ
ရင်အေးစေတဲ့ ပုံလေးတွေကို ဝေမျှလိုက်တဲ့ ယွန်းယွန်း

Kham

SHARE