သမ္မတနဲ့ အတူ လေဆိပ် Terminal ဖွင့်ပွဲ တက်ရောက်ခဲ့တဲ့ ဆောင်ဂျွန်ကီ

ဆောင်ဂျွန်ကီကတော့ အာရှမိန်းကလေးပရိသတ်တွေရဲ့ အသည်းတခြမ်းပါ။Descendants of the Sun  ဇာတ် ကားဟာ အာရှမှာ အရမ်းအောင်မြင်ခဲ့ပြီး မင်းသားဆောင်ဂျွန်ကီကလည်း အဲ့ဒီဇာတ်ကားနဲ့ အတူ နာမည်ကြီး လာ ခဲ့တာပါ။

အောက်တိုဘာ (၃၁)မှာတော့ DOTS ဇာတ်ကားမှာ အတူတွဲသရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး ဆောင်းဟေကိုနဲ့ လက်ထပ်ခဲ့ပါတယ်။ပရိသတ်တွေကလည်း သူတို့ကို ဇာတ်ကားမှာတည်းက အရမ်းသဘော တူခဲ့ပါတယ်။အိမ်ထောင် ကျသွားပေမယ့်လည်း ဆောင်ဂျွန်ကီရဲ့ ပရိသတ်တွေကတော့ သူတို့ရဲ့ မင်းသားကို  ဆက်လက် အားပေးနေကြတုန်းပါ။

ဆောင်ဂျွန်ကီတစ်ယောက် အင်ချွန်းလေဆိပ် Terminal သစ်ဖွင့်ပွဲသို့ တက်ရောက်ခဲ့ပါတယ်။လေဆိပ် terminal  ဖွင့်ပွဲကိုတော့ ဇန်န၀ါရီ (၁၂)ရက်နေ့က အင်ချွန်းလေဆိပ်မှာ ကျင်းပခဲ့တာပါ။ဒီဖွင့်ကိုတော့ တောင်ကိုရီးယား သမ္မတ Moon Jae-in  တက်ရောက်ခဲ့ပါတယ်။ဆောင်ဂျွန်ကီလည်း တက်ရောက်ခဲ့ပြီး သမ္မတနဲ့ တရင်းတနှီးနှုတ်ဆက်စကား ပြောဆိုခဲ့တာကို တွေ့ရပါတယ်။

READ
အချစ်အကြောင်း မေးခွန်းထုတ်လိုက်တဲ့ မင်းသွေး

Song Song ဇနီးမောင်နှံကတော့ အခုနောက်ပိုင်းမှာ နိုင်ငံတော်ထိပ်တန်းအဆင့် အကြီးအကဲတွေ တက်ရောက်တဲ့ ပွဲတွေမှာ ပါဝင်လာတာကိုတွေ့ရပါတယ်။ဆောင်းဟေကိုကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက ‘Korea-China Econo mic Partnership’  ပွဲသို့ တက်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရပါတယ်။အဲ့ဒီပွဲကိုတော့ တရုတ်သမ္မတနဲ့ တောင်ကိုရီးယား သမ္မတ တို့ တတ်ရောက်ခဲ့ပါတယ်။

FROM yonhap

SHARE