Song Joong Ki ပရိတ်သတ်တိုင်းသိထားသင့်တဲ့အချက်​များ

၂၀၁၆ ဧပြီ ၁၄ ရက်​​လောက်​တုန်းကကျင်းပခဲ့တဲ့ Descendants of the Sun ဇာတ်​လမ်းမိတ်​ဆက်​ပွဲမှာ Song Joong Ki တစ်​​ယောက်​သူနဲ့ပတ်​သတ်​တဲ့ပရိတ်​သတ်​​တွေ မသိ​သေးတဲ့အ​ကြောင်း​တွေကို​ပြောပြခဲ့ပါတယ်​။သူရဲ့ရည်း​စား​ဟောင်းအ​ကြောင်း၊​ဆောင်း​ဟေကိုနဲ့ပတ်​သတ်​တဲ့​ကောလဟာလ​တွေ၊”Flower boy”လို့အ​ပြောခံရတဲ့အ​ကြောင်း​တွေကို​ပြောပြခဲ့တာပါ။ဒါ့​ကြောင့်​ Joong Ki ပရိတ်​သတ်​​တွေသိရှိနိုင်​​စေဖို့​ရေးသား​ဖော်​ပြ​ပေးလိုက်​ပါတယ်​။
(၁) ​ဆောင်း​ဟေကိုနဲ့ပတ်​သတ်​ပြီး
“ကျ​နော်​ဟာ အခြားသူ​တွေထက်​ အစ်​မ​ဟေကိုနဲ့ အချိန်​တော်​​တော်​​များများကုန်​​လေ့ရှိ​​ပါတယ်​။ သူကျနော့်ကိုအများကြီးကူညီ​ပေးခဲ့တယ်​။ သူအလုပ်​လုပ်​ပုံကိုကြည့်​ပြီး သူဟာ Top Star တစ်​​ယောက်​ဘာလို့ဖြစ်​​နေရမှန်းကျ​နော်​သိခဲ့ရတယ်​”လို့ ​ပြောပြခဲ့ပါတယ်​။ဒါကိုကြည့်ခြင်းဖြင့်​ သူအတွက်​​တော့ ​ဟေကိုဟာ စီနီယာအစ်​မတစ်​​ယောက်​လိုပါပဲ။

 

(၂) သူ့ရဲ့ Dating Style နဲ့ပတ်​သတ်​ပြီး
“ကျ​နော်​ဟာ DOTS ထဲကကျ​နော်​ဇာတ်​​ကောင်​ဖြစ်​တဲ့ Yoi Shi Jin ဆီက​နေ Dating နဲ့ပတ်​သတ်​ပြီးအများကြီးသင်​ယူခဲ့ရပါတယ်​။ နောက်​ပြီးဘာ​ကြောင့်​မိန်းက​လေးပရိတ်​သတ်​​တွေက ကျ​နော်​ Character(Yoo Shi Jin)ကိုကြိုက်​ကြမှန်းလည်း နားလည်​ခဲ့ရပါတယ်​” လို့ဆိုခဲ့ပါတယ်​။
(၃) သူ့ကိုယ်​ကို star တစ်​​ယောက်လို့​တွေးဖို့ခက်​ခဲ​ကြောင်းကိုလည်း
“ကျ​နော်​​နာမည်​ကြီးေ​ကျာ်​ကြား​နေတယ်​ဆိုတာခဏတာပါ။တကယ့်​ star ​တွေက အစ်​မ​ဟေကို နဲ့ Asia’s Prince လီဂွမ်​ဆူး(Lee Kwang Soo) ပါ” လို့​ပြောခဲ့ပါတယ်​။ Running Man အဖွဲ့ဝင်​ Kwang Soo ဟာသူအားကျနှစ်​သက်​နဲ့ Star တစ်​​ယောက်​ပါတဲ့။
(၄) သူရင်းနှီးတဲ့သူ​တွေအ​ကြောင်း Media ​တွေမှာထုတ်​​ဖော်​ပြတာနဲ့ပတ်​သတ်​ပြီး
“ကျ​နော်​မိသားစုအ​ကြောင်း Media ​တစ်​ခုမှထုတ်​​ဖော်​​ပြောပြပြီး ကျ​နော်​အိမ်​ကို သတင်းသမား​တွေ​ရောက်​လာကြပါတယ်​။ဒီအ​ခြေ​အ​နေနဲ့ပတ်​သတ်​ပြီးကျ​နော်​စိတ်​မ​ကောင်းဖြစ်​မိတာက ကျ​နော်​ဘယ်​လိုလုပ်​ရမယ်​မသိတာပါပဲ” လို့​​ပြောခဲ့ပါတယ်​။စာ​ရေးသူအထင်​​တော့ Joong Ki ကမိသားစုဝင်​​တွေကိုလည်းစိတ်​ရှုပ်​မှာစိုးလို့အားနာ၊သတင်းသမား​တွေကိုလည်း သတင်းမ​ပေးနိုင်​မှာစိုးလို့အားနာရင်း ဘာလုပ်​ရမလဲမသိ​တော့တာဖြစ်​ပါလိမ့်​မယ်​။
(၅)သူ့ရဲ့ရည်းစား​ဟောင်းနဲ့ပတ်​သတ်​ပြီး
“ကျ​နော့်​ရည်းစား​ဟောင်းရဲ့ပုံ​တွေကို Online မှာ Share တာ​တွေကိုကျ​နော်​မကြိုက်​ပါဘူး။ဒါဟာကိုယ်​​ရေးကိုယ်​တာကိစ္စလို့ထင်​ပါတယ်​” ​​ဖြေခဲ့တာ​ကလွဲပီး ​ဘာမှမ​ပြောဆိုခဲ့ပါဘူး။
(၆) သရုပ်​​ဆောင်​​ကောင်း​တစ်​​ယောက်​ဖြစ်​ခြင်းနဲ့ပတ်​သတ်​ပြီး
သရုပ်​​ဆောင်​တစ်​​ယောက်​အတွက်​ သရုပ်​​ဆောင်​စွမ်းရည်​အပြင်​ရုပ်​ရည်​အပြင်​အဆင်​လို​ကြောင်းကိုလည်း “သရုပ်​​ဆောင်​​ကောင်းတစ်​​ယောက်​ဖြစ်​ဖို့ သရုပ်​​ဆောင်​တတ်​ရုံနဲ့မရပါဘူး။ရုပ်​ရည်​အပြင်​အဆင်​​တွေ၊ ကျန်းမာ​ရေး​ကောင်းမွန်​မှု​တွေ၊ခန္ဓာကိုယ်​ကြံ့ခိုင်​မှု​တွေလည်းလိုအပ်​ပါတယ်​”လို့​ဆိုခဲ့ပါတယ်​။
(၇) “Flower boy” လို့အ​ပြောခံရတာနဲ့ပတ်​သတ်​ပြီး
“ကျ​နော့်​ကို “Flower Boy” မင်းသားလို့​ပေးထားတဲ့နာမည်​ကို စွန့်​ပစ်​ဖို့ကျ​နော်​တစ်​ခါမှမ​တွေးဖူးပါဘူး။ဘာ​ကြောင့်​လဲဆို​တော့ ရုပ်​ရည်​အပြင်​အဆင်​ဂရုစိုက်​မှုဟာ သရုပ်​​ဆောင်​တစ်​ဦးအတွက်​​အ​ရေးပါလို့ပါ။ရုပ်​ရင့်​တာမျိုး​တွေမဖြစ်​​စေဖို့ ကျ​နော်​အသားအရည်​ကိုကျ​နော်​ဂရုတစိုက်​ထိန်းသိမ်းပါတယ်​။ကျ​နော်​ခန္ဓာကိုယ်​အတွင်းပိုင်း​တွေကျန်းမာ​အောင်​လည်းကျ​နော်​​လေ့ကျင့်​ထားပါတယ်​” လို့ဆိုခဲ့ပါတယ်​။
(၈) သူရဲ့အနာဂတ်​ချစ်​သူ Ideal Type နဲ့ပတ်​သတ်​ပြီး
“ကျ​နော့အနာဂတ်​ချစ်​သူကို ဉာဏ်​ထက်​တဲ့မိန်းက​လေးတစ်​​ယောက်​ဖြစ်​​စေချင်​ပါတယ်​။ဒါက​တော့အ​ရေးကြီးဆုံးအချက်​ပါပဲ” လို့​ပြောပြခဲ့ပါတယ်​။
(၉) စစ်​မှုထမ်းခြင်းနဲ့ပတ်​သတ်​ပြီး
” စစ်​မှုထမ်းခြင်းဟာ ​ကောင်းမွန်​တဲ့လုပ်​ရပ်​တစ်​ခုပါ။ကျ​နော်​ဟာ စစ်​မှုထမ်းခဲ့ဖူးတဲ့ Song Joong Ki ဆိုတဲ့ဘဝက​နေ ​နေ့စဉ်အများကြီးသင်ယူခဲ့ရတာတွေရှိပါတယ်။ ဒါ​တွေက ကျ​နော့သရုပ်​​ဆောင်​တဲ့အခါ ပြန်​အကျိုးပြု​ခဲ့တယ်​လို့ကျ​နော်​ယုံကြည်​ပါတယ်​” လို့ဆိုခဲ့ပါတယ်​။
(၁၀) သရုပ်​​ဆောင်​ခြင်းနဲ့ပတ်​သတ်​ပြီး
“ကျ​နော်​ဟာ သရုပ်​​ဆောင်​တာနဲ့ပတ်​သတ်​ပြီး​လောဘကြီးသူတစ်​​ယောက်​မို့ ​ဇာတ်​​ကောင်​စရိုက်​​တွေအများကြီးရိုက်​ချင်​ပါတယ်​။ဒါ့​ကြောင့်​လည်း ဂျပန်​ကိုလိုနီလက်​ထပ်​ကာလကိုအ​ခြေခံပြီးရိုက်​ကူးမယ့်​ “Battleship Island” ဆိုတဲ့ဇာတ်​လမ်းကိုရိုက်​ကူးဖို့ကျ​နော်​သ​ဘောတူခဲ့တာပါ။” လို့​ပြောပြခဲ့ပါတယ်​။
ဒါ​တွေက​တော့ Joong Ki ​ပြောပြခဲ့တဲ့သူ့အ​ကြောင်း​တွေပါ။ပရိတ်​သတ်​​တွေ​ရော သူနဲ့အ​​တွေးချင်း၊ခံယူချက်ချင်း​​​တူတဲ့အချက်​​တွေရှိကြလား။
Grinny (Shwemom)
Source: Dramafever
SHARE