“The Battleship Island”ကိုအားပေးတဲ့ဆောင်ဂျွန်ကီရဲ့ Fansတွေပြုခဲ့တဲ့ လှူဒါန်းမှု

ဆောင်ဂျွန်ကီပါဝင်သရုပ်ဆောင်ထားတဲ့ “The Battleship Island”  ဇာတ် ကားဟာ မကြာခင်မှာထွက်ရှိလာတော့မှာပါ။အဲ့ဒီဇာတ်ကားကို အားပေးတဲ့ အနေနဲ့ ဆောင်ဂျွန်ကီရဲ့ ပရိသတ်တွေ က လှူဒါန်းမှု တစ်ခုလုပ်ခဲ့ပါတယ်။အဲ့ ဒါတွေကတော့ ၀မ်(၁၂)သန်းကို Gwangju မှာရှိတဲ့ ဂျပန်တို့ရဲ့ လိင်ကျွန်ပြုခံ ခဲ့ရတဲ့ အမျိုးသမီးတွေအတွက် ခိုလှုံရာနေရာအတွက် လှူဒါန်းပေးခဲ့ပါတယ်။အဲ့ ဒီအမျိုးသမီးတွေဟာ ဂျပန်တွေကို ကိုရီးယားကို တိုက်ခိုက်ခဲ့စဉ်အခါက ဂျပန်စစ် သားတွေရဲ့ လိင်ကျွန်ပြုခံခဲ့ရသူတွေပါ။

ဆောင်ဂျွန်ကီရဲ့ “The Battleship Island,”  ဟာ လိင်ကျွန်ပြုခံ အမျိုးသမီး တွေအကြောင်းကို ဇာတ်အိမ်တည်ထားတာတော့ မဟုတ်ပေမယ့် ဂျပန်ခေ တ်ကအကြောင်းကို ရိုက်ထားတဲ့ ဇာတ်ကားပါ။သူ့ရဲ့ ပရိသတ်တွေကတော့ ဒီအလှူကနေ လိင်ကျွန်ပြုခံ အမျိုသမီးတွေနဲ့အဲ့ဒီခေတ်ဆိုးစနစ်ဆိုးကို ကြုံခဲ့ရတဲ့ လက်ရှိသက်ရှိထင်ရှားရှိနေတဲ့ အမျိုးသမီးတွေကို ပံ့ပိုးပေးဖို့နဲ့ ကွယ်လွန် သွားသူ တွေအတွက် အမှတ်တရဖြစ်စေလိုတဲ့ ဆန္ဒရှိတယ်လို့ ပြောခဲ့ပါတယ်။

READ
D&C ဆိုင်ဖွင့်ပွဲမှာ အပြိုင်လှနေတဲ့ မိုးဟေကို နဲ့ ဇင်ဇင်ဇော်မြင့်

ပြီးခဲ့တဲ့ အောက်တိုဘာလက ဆောင်ဂျွန်ကီဟာ “The Battleship Island.” ရိုက်ရင်းနဲ့ လိင်ကျွန်ပြုခံ အမျိုးသမီးတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်း ကို  ၀မ်သန်း (၂၀) လှူခဲ့ဖူးပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင်
ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါး
များကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်
ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Ref;soompi

SHARE