မိဘများနေ့မှာ မိဘတွေကိုရင်ထဲကခံစားချက်တွေကိုပြောခဲ့တဲ့ မင်းသားချော Song Seung Heon

ig/@songseungheon1005

မင်းသားချော Song Seung Heon က မနေ့က မေလ ၈ ရက်နေ့ မိဘများနေ့မှာ သူ့ရဲ့မိဖတွေအတွက် ရည်ရွယ်ထားတဲ့ စကားတွေနဲ့ မိဖနှစ်ပါးရဲ့ပုံကို instagram ပေါ်မှာ တင်ခဲ့ပါတယ်။ Song Seung Heon ကသူ့ရဲ့မိဖတွေအတွက် ခုလိုမျိုး ရေးသားထားပါတယ် “ ချစ်လှစွာသော အဖေနဲ့အမေ ကျွန်တော် အဖေအမေတို့ရဲ့ သားဖြစ်ရတဲ့အတွက် အရမ်းကို ပျော်ရွှင်မိပါတယ် ကျေးဇူးပြုပြီး ကျန်းကျန်းမာမာ၊ အသက်ရှည်ရှည်နဲ့ ကျွန်တော့်ရဲ့ဘေးမှာ ရှိနေပေးကြပါအုံး အရမ်းချစ်တယ်” ဆိုပြီးတော့ သူ့ရဲ့ခံစားချက်တွေကို ရေးသားထားခဲ့ပါတယ်။

 

သူတင်ထားတဲ့ ဓာတ်ပုံက ဟိုအရင်ခေတ်က black and white ပုံစံဖြစ်ပြီးတော့ ဓာတ်ပုံထဲမှာ သူ့ရဲ့ အဖေ၊ အမေနဲ့ သူ့ပုံတွေကို စုစည်းထားတဲ့ ပုံပဲဖြစ်ပါတယ်။ မင်းသားချော Song Seung Heon ရဲ့မိဖတွေဟာ ရုပ်ရည်ချောမောလှပသူတွေဖြစ်ပြီးတော့ သူတို့တွေက 70’s ရဲ့မင်းသားမင်းသမီးတွေလောက်တောင် ချောမောတယ်ဆိုပြီး ပရိတ်သတ်တွေက ပြောထားကြပါတယ်။

READ
အဆိုတော်ခိုင်ထူးကို သွားရောက်အားပေးခဲ့တဲ့ မေခလာ

 

 

View this post on Instagram

 

Good night 🌙

A post shared by 송승헌 song seung heon (@songseungheon1005) on Apr 26, 2020 at 8:35am PDT

ပြီးခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Song Seung Heon ကသူ့ရဲကအဖေဟာ ရုပ်ရည်ချောမောတဲ့ သူတစ်ယောက်ဖြစ်ကြောင်းကို ဖြေကြားဖူးပါသေးတယ်။ အဲဒီ့အင်တာဗျူးမှာ မင်းသားချော Song Seung Heon ကသူ့ရဲ့ အဖေအကြောင်းကို ခုလိုပြောပြခဲ့ပါတယ် “ ဒီဓာတ်ပုံက ကျွန်တော်အဖေ ငယ်ငယ်က ရိုက်ထားခဲ့တဲ့ ပုံပါ အဲဒီ့တုန်းက online တွေလည်း မရှိသေးပါဘူး ကျွန်တော့်အဖေက အရမ်းကို ကြည့်ကောင်းချောမောတဲ့ သူတစ်ယောက်ပါ တစ်ချို့တွေကပြောကြတယ် ကျွန်တော်က သူ့ရဲ့ တစ်ရာခိုင်နှုန်းလောက်တောင် ကြည့်မကောင်းဘူးဆိုပြီးတော့” လို့ရယ်မောကာ ပြောပြခဲ့ပါတယ်။

READ
ကြိုးကြိုးစားစား Gym ဆော့ကြတဲ့ ဆယ်လီမမ (၈)ယောက်

 

 

View this post on Instagram

 

8월26일 #위대한쇼 #tvn #송승헌 #GreatShow #songseungheon

A post shared by 송승헌 song seung heon (@songseungheon1005) on Aug 19, 2019 at 4:15am PDT

မင်းသားချော Song Seung Heon ဟာလည်း မိဖတွေဆီကနေ ခမ်းညားချောမောတဲ့ ရုပ်ရည်ကို အမွေရရှိထားသူ တစ်ယောက်ပါနော်။ အသက်တွေသာကြီးလာပေမယ့် မင်းသား Song Seung Heon ကတော့ ခုချိန်ထိ နုပျိုခန့်ညားပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်နေဆဲပါ။

Khin

SHARE