ဇာတ်လမ်းသစ် ရိုက်ကူးနေတဲ့ ပုံရိပ်တွေကို မျှဝေထားတဲ့ Song Seung Heon

IG/songseungheon1005

လာမယ့် မေလ ၂၅ ရက်နေ့မှာတော့ Song Seung Heon ပါဝင်ထားတဲ့ ဇာတ်လမ်းတွဲသစ်ကို ထုတ်လွှင့်ပြသတော့မှာပဲ ဖြစ်ပါတယ်။ Shall we eat dinner together? လို့ အမည်ရပြီး ပရိသတ်ရဲ့ အသဲကျော် Song Seung Heon ကို စိတ်ရောဂါအထူးကု တစ်ယောက်အဖြစ် မြင်ရဦးမှာပါ။

 

READ
မော်လမြိုင်က "သူစိမ်းအိမ်"ပွဲမှာ ပရိသတ်တွေရဲ့ကြိတ်ကြိတ်တိုးအားပေးမှုရခဲ့တဲ့ ဖွေးဖွေး

Song Seung Heon ကလည်း ရိုက်ကွင်းက အမှတ်တရပုံတွေကို ဇာတ်လမ်းသစ် မထုတ်လွှင့်ခင်မှာပဲ ပရိသတ်တွေအတွက် သူ့ရဲ့ IG မှာ တင်ထားခဲ့ပါတယ်။ ပုံတွေကို ကြည့်ရင်း အစားတလိုင်း ပရိသတ်တွေကတော့ ဒီဇာတ်လမ်းကို အရမ်း သဘောကျသွားနိုင်ပါသေးတယ်နော်။

View this post on Instagram

#저녁같이드실래요? #DinnerMate

A post shared by 송승헌 song seung heon (@songseungheon1005) on

အချစ်ရေးနဲ့ ပတ်သတ်တဲ့ အတိတ်က ဒဏ်ရာတွေကို ခံစားနေရတဲ့ Song Seung Heon နဲ့ မင်းသမီးဖြစ်သူ Seo Ji-Hye တို့ စားသောက်ဆိုင်တစ်ခုမှာ အမှတ်မထင် တွေ့ဆုံရင်း ဘယ်လို အချစ်ဇာတ်လမ်းကို ဖန်တီးမလဲဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ရမှာ ဖြစ်ပါတယ်။

READ
ဂျပန်နိုင်ငံရဲ့ ဆက်စီအကျဆုံး၊အလန်းဆုံး အမျိုးသမီး ဆယ်လီ(၅)ဦး

ဇာတ်လမ်းရဲ့ နမူနာဗီဒီယိုလည်း ထွက်ရှိထားပြီးသား ဖြစ်ပြီး ပရိသတ်တွေအားလုံးကလည်း မေလ ၂၅ ရက်နေ့ကို မျှော်လင့်စောင့်စားလျက် ရှိပါတယ်။ တနင်္လာနဲ့ အင်္ဂါနေ့တိုင်းမှာ MBC ကနေ ထုတ်လွှင့်သွားမှာပဲ ဖြစ်ပါတယ်။

 

SHARE