ဂိမ်းစက်ပူဆာတဲ့ ကျောင်းသားကို အကျိုးရှိတဲ့ အကြံပေးခဲ့တဲ့ Bollywood နာမည်ကြီးမင်းသား

[email protected] sonu_sood Pixabay-InspiredImages

Bollywood ရုပ်ရှင်လောကရဲ့ နာမည်ကြီးမင်းသား Sonu Sood ကိုတော့ Bollywood ပရိသတ်တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ Happy New Year, Simmba, Kung Fu Yoga အစရှိတဲ့ နာမည်ကြီးဇာတ်ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ Sonu ဟာ လက်ရှိအချိန်မှာလဲ သူ့ပရိသတ်တွေရဲ့ လိုအပ်ချက်တွေ၊ တောင်းဆိုမှုတွေကို မထင်ရင်မထင်သလို လိုက်လံဖြည့်ဆည်းပေးတာတို့၊ အကူအညီလိုအပ်တဲ့လူတွေကို အကူအညီပေးတာတို့ကို လုပ်ဆောင်နေပါတယ်။

အခုလည်း သူ့ရဲ့ Twitter အကောင့်ရဲ့ ပို့စ်တစ်ခုအောက်မှာ ဂိမ်းစက်ဝယ်ပေးဖို့ အကူအညီတောင်းခံခဲ့တဲ့ ကျောင်းသားလေးတစ်ယောက်ကို စာအုပ်တွေပဲဖတ်ဖို့ အကြံပေးပြောဆိုခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

View this post on Instagram

 

🔛

A post shared by Sonu Sood (@sonu_sood) on

Sonu ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေမှာ ပို့စ်တစ်ခုတင်တိုင်း သူ့ရဲ့ပရိသတ်များက တင်သမျှပို့စ်တွေရဲ့ အောက်မှာ သူတို့ရဲ့ ဒုက္ခတွေ၊ အခက်အခဲတွေ၊ ဖြစ်စေချင်တာတွေကို comment ရေးလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ Sonu က တစ်ကယ် သူတစ်ပါးကို ကူညီတတ်တဲ့လူဆိုတာ သ်နေလို့ပါပဲ။ ဒါပေမယ့်တစ်ချို့ကျပြန်တော့လည်း ဒီလိုလူတစ်ယောက်အပေါ်မှာ အခွင့်ကောင်းယူပြီး အရေးမပါတဲ့ တောင်းဆိုမှုတွေ ပြုလုပ်လေ့ရှိပါတယ်။

READ
သူမရဲ့ အမိုက်စား Solo MV အသစ် teaser ကို ချပြလိုက်တဲ့ HyunA

ဥပမာ- Lockdown မတိုင်ခင် Sonu နဲ့ ပြတ်သွားတဲ့ ချစ်သူကောင်မလေးနဲ့ အရင်လို ပြန်နေဖို့တွေ၊ ယောကျာ်းဖြစ်သူနဲ့ကွာရှင်းချင်လို့ ဘယ်လိုကွာရှင်းရမှန်းမသိလို့ Sonu ဆီက အကြံတောင်းတာတွေ အစရှိတာတွေကတော့ မတောင်းဆိုသင့်တဲ့အရာတွေလို့ ထင်ပါတယ်။

 

View this post on Instagram

 

🌹

A post shared by Sonu Sood (@sonu_sood) on

အခုလည်း အထက်တန်း ကျောင်းသားလေးတစ်ယောက်က Sonu ဆီမှာ အကူအညီတစ်ခု တောင်းခံခဲ့ပါတယ်။ အဲဒါကတော့ သူ့ကို PS4 ဂိမ်းစက်ဝယ်ပေးဖို့ပါပဲ။ အဆိုပါကောင်လေးရဲ့ ပြောချက်အရဆိုရင် သူ့အတန်းဖော်ကောင်လေးတွေဆီတိုင်းမှာ PS4 ဂိမ်းစက်ရှိပြီး သူ့မှာမရှိတာကြောင့် PS4 ဂိမ်းစက်တစ်လုံးသာ လိုချင်မိကြောင်း၊ Sonu အနေနဲ့ သူ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်ဆိုရင်တော့ တော်တော်လေးကို ပျော်ရွှင်မိမှာဖြစ်ကြောင်း အဆိုပါကောင်လေးက comment ပေးခဲ့ပါတယ်။

READ
မျှော်လင့်မထားတဲ့ မွေးနေ့အကြိုလက်ဆောင် ရလိုက်တဲ့ စိုးပြည့်သဇင်

ဒါပေမယ့် Sonu ကတော့ အဆိုပါကောင်လေးအရွယ်ဟာ ကျောင်းစာကိုပဲ သေသေချာချာ လုပ်သင့်သေးကြောင်း၊ လက်ရှိအချိန်မှာတော့ သူ့အနေနဲ့ မဝယ်ပေးချင်ကြောင်း၊ တစ်ကယ်လို့ စာဖတ်ချင်တယ်ဆိုရင်တော့ သူ့အနေနဲ့ ဘယ်စာအုပ်ကိုမဆို ဝယ်ပြီး လာပို့ပေးနိုင်ကြောင်း comment ရေးပြီး ပြန်လည်ဖြေဆိုခဲ့ပါတယ်။

Pixabay-InspiredImages

“ကျွန်တော်ပြောတာ တရားနည်းလမ်းကျတယ်လို့ ထင်တာပဲ။ ကျောင်းစာလုပ်နေတဲ့ အရွယ်မှာ ဒီလို ဂိမ်းတွေကစားနေမယ်ဆိုရင်တော့ ပညာရေးထိခိုက်ပါလိမ့်မယ်။ ဒါ့ကြောင့် စာအုပ်တွေဖတ်ချင်တယ်ဆိုရင်တော့ ကျွန်တော့်အနေနဲ့ သူဖတ်ချင်တဲ့ ဘယ်စာအုပ်ကိုမဆို ကျွန်တော်ဝယ်ပြီး သွားပို့ပေးမှာပါ။ ကျွန်တော့် comment ကို မြင်တော့ စိတ်ဆိုးသွားတယ်ထင်တယ်။ comment ကို ပြန်ဖျက်သွားပါတယ်” လို့ Sonu က ပြောကြားခဲ့ပါတယ်။

[email protected]

 

Pyi Hein Kyaw

SHARE