Selena ရဲ့ ဇာတ်ကားသစ် ‘The Broken Hearts Gallery’ ဇူလိုင်မှာ ထွက်မည်

Image:IG/selena/Sony

Selena Gomez ရဲ့ ဇာတ်ကားသစ် ‘The Broken Hearts Gallery’   က တော့ ဇူလိုင် လ (၁၀)ရက်နေ့ မှာ ထွက်ရှိတော့ မယ်လို့ film studio  Sony က ကြေညာ လိုက်ပါတယ်။ကိုရိုနာကပ်ရောဂါ နဲ့ ရင်ဆိုင် ရေ ချိန်မှာ  Sony က နေ ထွက်မယ့် ပထမဆုံး ကားပါ။ Selena Gomez  ကတော့ 13 Reasons Why စီးရီး တုန်းက လည်း executive producer  အဖြစ် နဲ့ တာဝန်ယူခဲ့ဖူးပါတယ်။ရုပ်ရှင်ကား ထွက်မယ့် အ ကြောင်းကို တော့ CNN မှာ ဖော်ပြထားတာပါ။

ဒီရုပ်ရှင်ကား ရဲ့ executive producer က တော့ Selena Gomez ပါ။ဒီရုပ်ရှင်ကားထဲမှာတော့ Geraldine Viswanathan, Dacre Montgomery, Utkarsh Ambudkar, Molly Gordon, Phillipa Soo, Suki Waterhouse, Arturo Castro, Ego Nwodim, Taylor Hill နဲ့ Bernadette Peters တို့ ပါဝင်ထားပါတယ် ။ဒီဇာ တ်ကား ကတော့ Natalie Krinsky ရဲ့  ပထမဆုံး  ပွဲ ဦး ထွက် ဇာတ်ကားပါ။အမျိုးသမီး စာရေးဆရာမေ တွ နဲ့  အမျိုးသမီး ဒါရိုက်တာ တွေ ပို လိုအပ်တယ်လို့ Gomez က ပြောခဲ့ပါတယ်။” Natalie က တော့ အရည်အချင်း ရှိ တဲ့လူတစ်ယောက်ပါ။သူမရဲ့ ပွဲဦး ထွက်ဇာတ်ကား မှာ ကျမက တစ်စိတ်တစ်ပိုင်း အ နေနဲ့ ပါဝင် ရလို့ ပျော်ပါတယ်..” ဆိုပြီး ပြောခဲ့ပါတယ်။ကိုဗစ် ကြောင့် လူတွေရဲ့ စိုးရိမ်ပူပန် မှုကိုလည်း နားလည် ကြောင်းနဲ့  ရုပ်ရှင်လာကြည့်ရင်လည်း ကျန်းမာရေး ပညာရှင် တွေ ပြောတဲ့ အကြံပြုစကားနဲ့ တပါးသူတွေရဲ့ ကျန်းမာရေး လုံခြုံမှု အတွက် ထည့်သွင်းစဉ်း စားပေး မယ်လို့ ယုံ ကြည် ကြောင်း ပြောခဲ့ပါတယ်။

READ
နန်းဆန်တဲ့အလှနဲ့ မြင်သူတကာ ငေးသွားအောင်လှနေတဲ့ မအေးသောင်းရဲ့ အကယ်ဒမီဖက်ရှင်
Image :Sony

ဇူလိုင် လက တော့ ရုပ်ရှင် လောက အတွက် အရေး ကြီးတဲ့ အချိန် တစ်ခု  ဖြစ်လာမှာပါ။ကိုဗစ် ကြောင့် ရုပ်ရှင် ရုံတွေ ပိတ် ထားခဲ့ရပြီး ရုံတင်ပြသမယ့် ဇာတ်ကား ကောင်း တွေ ပြ သ ဖို့ စီစဉ်ထားချိန် မှာ မပြ လိုက်ရပဲ နှောင့်ေ နှးခဲ့ ရပါတယ်။ရုံတင် ဖို့ ရွှေ့ဆိုင်းလိုက်ရတဲ့ Disney live-action “Mulan,”၊ Warner Brother ရဲ့  “Tenet” ၊ Russell Crowe ရဲ့  “Unhinged” တို့ကို  ပြသ  တော့မှာပါ။ကိုဗစ်  အရှင်းမ ပျောက် သေးတာတွေ၊စီးပွား ရေး တွေ ကျဆင်းနေတဲ့  ဒီလို အ နေအထားမှာ လူတွေ က ရုံတွေ ကိုလာပြီး ရုပ်ရှင်ကြည့် ပါ့မလားဆိုတဲ့ အချက်က လည်း  ရုပ်ရှင် လောက သားတွေ အတွက် တော့ စိန်ခေါ် မှု တစ်ခုပါ။ကမ္ဘာ့ အကြီးဆုံး ရုပ်ရှင်ရုံ ကုမ္ပဏီ AMC Theatres က တော့  ဇူလိုင်လကျရင် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ရုပ်ရှင် ရုံ တစ်ထောင် ကို ပြန်ဖွင့်ဖို့ စီစဉ် ထား တယ်လို့  ပြောခဲ့ပါတယ်။

 

View this post on Instagram

 

On the set of boyfriend 🌹

A post shared by Selena Gomez (@selenagomez) on

#SHWEMOM

SHARE