တစ်ကိုယ်ရည်သုံး အဲယားကွန်းအသေးစားလေးကို ထုတ်လုပ်ခဲ့တဲ့ Sony

Sony

လူတိုင်းဟာ အပူထက် အအေးကို ပိုကြိုက်ကြတာ သဘာဝပါပဲ။ ဘယ်သူမဆို ချွေးတွေ တဒီးဒီးကျပြီး ပူအိုက်နေတဲ့ ရာသီဥတုအောက်မှာ မနေချင်ကြပါဘူး။ ဒါ့ကြောင့်လည်း အဲယားကွန်းဆိုတာ ပေါ်ပေါက်လာရခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲယားကွန်းအများစုကတော့ အိမ်တွေ၊ ကားတွေထဲမှာပဲ တပ်ဆင်လို့ရပြီး နေရာတကာကို ယူဆောင်သွားလို့ မရပါဘူး။ ဒါပေမယ့်အခုတော့ အဲယာကွန်းကို ကြိုက်တဲ့နေရာမဆို ယူဆောင်သွားလို့ရတဲ့ တစ်ကိုယ်ရည်သုံး အဲယားကွန်းလေးကို Sony က တီထွင်ရောင်းချနေပြီဖြစ်ကြောင်း Gizmodo သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Sony

အဆိုပါ အဲယားကွန်းလေးဟာ မကြာခင်အချိန်အတွင်း လူသားတွေအတွက် နေ့စဉ်သုံးပစ္စည်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာကြီးဟာ တစ်နေ့တစ်ခြား ပိုပိုပြီး ပူနွေးလာလို့ပဲ ဖြစ်ပါတယ်။ အဆိုပါ တစ်ကိုယ်ရည်သုံး အဲယားကွန်းလေးဟာ ဘက်ထရီသွင်းပြီး အသုံးပြုရတဲ့ အိတ်ဆောင်အဲယားကွန်းလေးဖြစ်ပါတယ်။

READ
ရေထဲမှာ အပျောက် ဇိမ်ခံနိုင်မယ့် သဘောင်္တစ်စီးကို တည်ဆောက်ဖို့ စီစဉ်နေ

ဘတ်ထရီအပြည့်သွင်းထားပါက အနည်းဆုံး ၂ ရက်လောက် အသာလေးခံကြောင်း သိရပါတယ်။ အကောင်းဆုံးအသုံးပြုသင့်တဲ့ နေရာကတော့ နောက်ကျော်အပေါ်ဘက်မှာပါ။ ဗီဒီယိုထဲမှာ ပြထားတဲ့အတိုင်း အဲဒီနေရာလေးမှာ အဲယားကွန်းလေးကို ကပ်ထားလိုက်ရင် အအေးဓာတ်က တစ်ကိုယ်လုံးကို ကောင်းကောင်းလွှမ်းခြုံထားပါလိမ့်မယ်။ အနည်းဆုံး အပူချိန် ၂၃ ဒီဂရီဖာရင်ဟိုက်ရှိတဲ့ ရာသီဥတုအောက်မှာတောင် သင့်ကို ကောင်းကောင်းကြီးအေးအောင် ပြုလုပ်ပေးထားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါ အဲယားကွန်းလေးဟာ ဖုန်းနဲ့ ချိတ်ထားလို့ရပြီး လိုအပ်တဲ့ အပူချိန် အတိုးအလျှော့ကိုလည်း ဖုန်းနဲ့တင် control လုပ်နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Sony ရဲ့ ကိုယ်ပိုင် Online Store ကနေ မှာယူမယ်ဆိုရင် အိတ်ဆောင်အဲယားကွန်းလေးတစ်ခုကို အမေရိကန်ဒေါ်လာ ၁၂၀ သာ ကျသင့်မှာဖြစ်ပြီး Amazon Japan ကနေ မှာယူမယ်ဆိုရင်တော့ ဒေါ်လာ ၁၆၀ နီးပါး ကျသင့်မှာဖြစ်ကြောင်း သိရပါတယ်။

READ
ပေါက်ကွဲဆူညံသံတွေမကြားရပဲ တိတ်တဆိတ်ပျံသန်းနိုင်မယ့် အသံထက်မြန်တဲ့လေယာဉ်

Pyi Hein Kyaw

SHARE