PS5 ဂိမ်းစက်ရဲ့ မိတ်ဆက်ပွဲကို ထူးထူးခြားခြား ကျင်းပခဲ့တဲ့ Sony ကုမ္ပဏီ

[email protected]

Play Station ဂိမ်းစက်တွေထဲမှာမှ လူငယ်တော်တော်များများ ဆော့ကစားခဲ့ဖူးတာကတော့ PS2 ပါပဲ။ ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့90’s born တော်တော်များများ PS2 နဲ့ မစိမ်းခဲ့ဖူးပါဘူး။ နောက်ဆုံးထွက်ရှိခဲ့တဲ့ PS4 ဂိမ်းစက်ကတော့ (၂၀၁၃) ခုနှစ်လောက်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်နဲ့ဆိုရင်တော့ (၇) နှစ်ကျော် ကြာမြင့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့က ထွက်ရှိခဲ့တဲ့ PS5 ဂိမ်းစက်ဟာဆိုရင်လည်း မထွက်ရှိခင်ကတည်းက တော်တော်လေး နာမည်ကြီးနေခဲ့တာကိုတော့ တော်တော်များများ သိကြပြီးဖြစ်မှာပါ။ အခုလည်း Sony ကုမ္ပဏီဟာ PS5 ဂိမ်းစက်ရဲ့ မိတ်ဆက်ပွဲကို ဂျပန်နိုင်ငံရှိ ရှေးဟောင်းဘုရားကျောင်းကြီးမှာ သူမတူအောင် ပြုလုပ်ကျင်းပခဲ့ကြောင်း Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

လက်ရှိအချိန်ဟာလည်း COVID 19 ကပ်ရောဂါကြောင့် လူတိုင်း အိမ်မှာနေပြီး ပျင်းနေမှာအမှန်ပါပဲ။ ဒီလိုအချိန်မျိုးမှာမှ Sony ဟာ မကြာခင်အချိန်အတွင်း PS5 ဂိမ်းစက် ထွက်ရှိတော့မယ့်အကြောင်းကို ၂၀၂၀ ခုနှစ်၊ ဇွန်လထဲမှာ တရားဝင်အသိပေးခဲ့ပြီးနောက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာပဲ PS5 ဂိမ်းစက်ဟာ တရားဝင် ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ Sony ဟာ PS5 ဂိမ်းစက်ရဲ့ မိတ်ဆက်ပွဲကိုလည်း Social distancing စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဂျပန်နိုင်ငံ၊ Tokyo မြို့ရှိ Kanda Shrine လို့ အမည်ရတဲ့ ရှေးဟောင်း ဘုရားကျောင်းကြီးမှာ ကျင်းပခဲ့ပါတယ်။

READ
သရဲမတစ်ကောင် ခြောက်လန့်နေလို့ ထိုင်းရွာသားတွေ ကြောက်လန့်နေကြ

 

နှစ်ပေါင်း ၁,၂၉၀ ကျော် သက်တမ်းရှိနေပြီဖြစ်တဲ့ Kanda Shrine ဘုရားကျောင်းကြီးမှာ ဒီလိုမျိုး PS5 ဂိမ်းစက် မိတ်ဆက်ပွဲကို သူမတူအောင် ကျင်းပခဲ့တဲ့ Sony ရဲ့ အိုင်ဒီယာကတော့ တော်တော်လေးမိုက်သလို အဆိုပါပွဲကို ရောက်ရှိလာတဲ့ ပရိသတ်တော်တော်များများကလည်း ကျေနပ်အားရခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် အဲ့ဒီတစ်ရက်တည်းမှာပဲ ကိုရီးယား၊ နယူးဇီလန်၊ ကနေဒါ၊ စင်ကာပူနိုင်ငံတို့မှာလည်း အမိုက်စားတင်ဆက်မှုတွေနဲ့ PS5 ကို မိတ်ဆက်ခဲ့ပါသေးတယ်။

Pyi Hein Kyaw

SHARE