ရင်သွေးဦးလေးကို ကိုယ်ဝန်လွယ်ထားပြီလို့ သတင်းတွေထွက်နေတဲ့ Sophie Turner

instagram/sophiet

Sophie Turner နဲ့ Joe Jonas တို့စုံတွဲဟာ မနှစ်က မေလတုန်းက လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ Turner Jonas တို့ရဲ့ မိသားစုလေးဟာ နည်းနည်းလေး ပိုကြီးလာတော့မှာပါ။ Game of Thrones စတားတစ်ယောက်ဖြစ်တဲ့ Turner ဟာ ပထမဆုံးအကြိမ် ရင်သွေးလေးလွယ်ထားရပြီလို့ သတင်းတွေက ဖော်ပြနေကြတာပါ။

Turner ရဲ့ ကိုယ်ဝန်က ဘယ်နှစ်လရှိနေပြီလဲဆိုတာတော့ မသိရသေးပါဘူး။ ဒါပေမယ့်လည်း အခုလို ကိုယ်ဝန်သတင်းက တစွန်းတစထွက်လာတာမို့ ပရိသတ်တွေအနေနဲ့ Turner တရားဝင်ဖွင့်ပြောမယ့်အချိန်ကို သိပ်မစောင့်ရလောက်တော့ဘူး ထင်ပါတယ်။ Turner Jonas တို့နဲ့ ရင်းနှီးသူတစ်ဦးကတော့ လင်မယားနှစ်ယောက်စလုံးက သူတို့ရဲ့ မိသားစုအရေးကို ချက်ခြင်း ဖွင့်မပြောသေးပဲ သိုသိပ်နေသေးတဲ့အကြောင်း ပြောပြခဲ့တာပါ။

View this post on Instagram

🇫🇷 me 😏

A post shared by Sophie Turner (@sophiet) on

Turner အနေနဲ့လည်း လတ်တလောမှာ ပြောင်းလဲစပြုလာတဲ့ သူမခန္ဓာကိုယ်နဲ့ ကိုက်ညီမယ့် အ၀တ်အစားတွေကို ရွေးချယ်ဝတ်ဆင်နေတယ်လို့ ယူဆရပါတယ်။ မီဒီယာတွေရဲ့ Turner ရဲ့ ကိုယ်ဝန်သတင်းနဲ့ ပတ်သက်လို့ ရေးသားနေကြပေမယ့် Turner Jonas တို့ကတော့ ကလေးအကြောင်း လူသိရှင်ကြား အသိပေးတာမျိုး မရှိခဲ့ကြောင်း unilad သတင်းအရ သိရပါတယ်။ သူတို့ဇနီးမောင်နှံရဲ့ နောက်ဆုံးရိုက်ကူးထားတဲ့ လန်ဒန်က ဓာတ်ပုံကိုတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီ (၃၀) ရက်နေ့မှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။

View this post on Instagram

😍

A post shared by J O E J O N A S (@joejonas) on

လင်းလင်း (ShweMom)

SHARE