အရမ်းကို အရသာရှိတဲ့ ငါးချိုချဉ်ကြော်လေးချက်စားကြည့်ကြမယ်……

ဒီတစ်ခါတော့ စားလို့အရမ်းကောင်းပြီး လုပ်ရတာလည်း အရမ်းလွယ်တဲ့ ငါးချိုချဉ်ကြော်ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်သောပစ္စည်းများ

  • ငါးကြင်း ၅၀ သား
  • ကြက်သွန်နီ ၄ လုံး
  • ကြက်သွန်ဖြူ ၅ မွှာ
  • ကြိုက်နှစ်သက်ရာဆော့စ် ၄ ဇွန်း
  • ခရုဆီ ၂ ဇွန်း
  • ဆီ
  • ဆား အနည်းငယ်
  • သကြားအနည်းငယ်
  • ကြက်သားမှုန့်
  • ပဲစေ့
  • အကြော်မှုန့် အနည်းငယ်
  • ခရမ်းချဉ်သီးတစ်လုံး

ချက်ပြုတ်ပုံအဆင့်ဆင့်

  • ခရမ်းချဉ်သီးနဲ့ကြက်သွန်နီကို ပါးပါးလှီးပါ။
  • ကြက်သွန်ဖြူကိုထောင်းပါ။
  • ငါးကိုဓားဖြင့် နုတ်နုတ်စင်းပြီး ကြက်သားမှုန့်နှင့်နယ်ပါ။
  • ပြီးရင် အကြော်မှုန့်ကို ရေဖြင့်ဖျော်၍  ငါးကိုနှစ်လိုက်ပါ။
  • ဒယ်အိုးထဲတွင်ဆီထည့်၍ ဆီအနည်းငယ်ပူလာလျှင် ငါးကို အရင်ကြော်ပါ။
  • ကျက်လျှင် ဆယ်လိုက်ပါ။
  • ဒယ်အိုးထဲတွင်ကျန်နေတဲ့ဆီထဲမှာ ခရမ်းချဉ်သီးနှင့် ကြက်သွန်များကိုထည့်လိုက်ပါ။
  • ငါးမှလွဲ၍ ကျန်သော ပါဝင်ပစ္စည်းအားလုံးကို ထည့်လိုက်ပါ။
  • ဆီပြန်လာလျှင် ငါးကိုပြန်ထည့်ပါ။
  • ၁၀ မိနစ်လောက် ကြာလျှင် မီးဖိုပေါ်ကချ၍ သုံးဆောင်နိုင်ပါပြီ။
READ
ဖန်ပုလင်းများကို အလွယ်တကူ ဖွင့်နည်း (၃) နည်း

Em Em (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE