မီဂန်နဲ့ ဟယ်ရီတို့ရဲ့ ကလေးနာမည်ကို မင်းသားလေးဂျော့ဂ်ျပေးခဲ့တာလား ?

မင်းသားဟယ်ရီနဲ့ မီဂန်မာကယ်တို့ရဲ့ ကလေးနာမည်ကို တစ်ကမ္ဘာလုံးက လူတွေက သိရှိဖို့ စောင့်ဆိုင်းနေကြပေမယ့် မင်းသားလေးဂျော့ဂ်ျကတော့ သူ့ရဲ့ ညီတစ်ဝမ်းကွဲလေးနာမည်ကို လွန်ခဲ့တဲ့ လအနည်းငယ်လောက်ကည်းကစပြီး ဖွင့်ဟပြောခဲ့ပါတယ်။ အခုဆိုရင်တော့ ဆော့စ်ဆက်မြို့စားနဲ့ မြို့စားကတော်တို့ဟာ နောက်ဆုံးမှာ သူတို့ရဲ့ ကလေးကို အာချီဟာရစ်ဆန် မောင့်ဘက်တန် ၀င်ဆာ(Archie Harrison Mountbatten-Windsor)အဖြစ် အမည်ပေးလိုက်ပြီဖြစ်ကြောင်း ကမ္ဘာကို ကြေညာခဲ့ပါတယ်။

AFP OR LICENSORS

ဒါပေမယ့် ထူးထူးခြားခြားပဲ အာချီ(Archie)ဆိုတဲ့နာမည်ကို မင်းသားဝီလျံနဲ့ ကိတ်မစ်ဒယ်တန်တို့ရဲ့ သားကြီး မင်းသားလေး ဂျော့ဂ်ျဟာ ဒီနှစ်စမှာကတည်းက သူ့နှုတ်ကထွက်လာခဲ့တာကို အခုလို သိရပါတယ်။ တစ်နေ့မှာ လူတစ်ယောက်ဟာ ဘာ့ခ်ရှိုင်းယားမှာ ခွေးကျောင်းထွက်ရင်း မင်းသားလေးဂျော့ဂ်ျနဲ့ သွားဆုံပါတယ်။ မင်းသားလေးက သူ့အမေဘက်က အဖွားဖြစ်သူနဲ့ အတူရှိနေတာပါ။ ခွေးကို မြင်တော့ မင်းသားလေးဟာ ချစ်တာနဲ့ ခွေးကို ပွတ်သပ်ကျီစယ်လိုတာ ဖြစ်ပါတယ်။ ခွေးပိုင်ရှင်က ကလေးကို ဓာတ်ပုံရိုက်ဖို့လုပ်ပေမယ့် ရဲတွေက ဓာတ်ပုံမရိုက်ရဘူးဆိုလို့ မရိုက်ဖြစ်ခဲ့ပါဘူး။

READ
ဖမ်းမိတဲ့ငါးရဲ့ ပါးစပ်ထဲမှာ ပွေးတစ်ကောင်ကိုပါ တွေ့ရလို့ အံ့သြနေတဲ့ အမျိုးသား
instagram

ဒါနဲ့ပဲ ထိုသူက မင်းသားလေးနဲ့ ရင်းနှီးချင်တာကြောင့် စကားစမြည်ပြောပြီး မင်းသားလေးကို နာမည်မေးလိုက်ပါတယ်။ ထိုသူက မင်းသားလေးနာမည်ဟာ ဂျော့ဂ်ျမှန်းသိပေမယ့် တမင်တကာမေးလိုက်တာပါ။ ဒါပေမယ့် မထင်မှတ်ပဲ မင်းသားလေး ပြန်ဖြေလိုက်တဲ့အဖြေကြောင့် ထိုသူဟာ အံ့အားသင့်သွားခဲ့ရပါတယ်။ ဂျော့ဂ်ျက သူ့ကို နာမည်ပေးတဲ့သူကို အကြီးကြီး ပြုံးပြပြီး ကျွန်တော့်နာမည်က အာချီပါ ဆိုပြီး ပြန်ဖြေခဲ့တာ ဖြစ်ပါတယ်။ ထိုသူကတော့ မင်းသားလေးဟာ သူ့နာမည်က ဂျော့ဂ်ျဖြစ်ပေမယ့် ဘာလို့ သူ့ကိုယ်သူ အာချီလို့ ခေါ်လဲဆိုတာ မစဉ်းစားတတ်အောင် ဖြစ်ကြောင်းဆိုပါတယ်။ ဒါပေမယ့် ကလေးတွေဟာ တစ်ခါတစ်လေ သူ့တို့ကြိုက်တဲ့နာမည်ကို သူတို့ကိုယ်တိုင်ခေါ်လေ့ရှိတာကြောင့် ချစ်စရာကောင်းကြောင်း ထိုသူက ပြန်လည် ပြောပြခဲ့ပါတယ်။

instagram

ဒီဖြစ်ရပ်ဟာ ယခုနှစ်အစောပိုင်းတုန်းက ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ဂျော့ဂ်ျအနေနဲ့ သူ့ရဲ့ညီတစ်ဝမ်းကွဲလေးနာမည်ကို ကြိုတင်ပြီး နာမည်ပေးခဲ့ပုံပါပဲ။ တနင်္လာနေ့တုန်းက မွေးဖွားခဲ့တဲ့ မီဂန်နဲ့ ဟယ်ရီတို့ရဲ့ သားဦးလေး အာချီကတော့ နန်းဆက်(၇) ဆက်မြောက်မှ အရိုက်အရာဆက်ဆံရမှာဖြစ်ပါတယ်။ အာချီကို မနက်(၅း၂၆)မိနစ်မှာ မွေးဖွားပြီး (၇) ပေါင်(၃) အောင်စ ရှိတယ်လို့ သိရပါတယ်။

READ
ရှေးအမွေအနှစ်ကို မဖွယ်မရာလုပ်မိလို့ ထောင်ဒဏ် (၁၀)နှစ် ကျခံရတော့မယ့် လူငယ်လေး

လင်းလင်း (ShweMom)

Ref: theSun

SHARE