မေ့မြောခဲ့ပြီးနောက် ကိုရီးယားစကားကို ရုတ်တရက် ကျွမ်းကျင်စွာ ပြောနိုင်ခဲ့တဲ့ကောင်မလေး

Youtube တွင် လင်ဒီဘို့(Lindie Botes)ဆိုသူ တောင်အာဖရိကသူလေးဟာ သေနတ်ဒဏ်ရာနဲ့ ဆေးရုံမှာ မေ့မြောခဲ့ပြီး ပြန်လည် သတိရလာခဲ့တဲ့နောက်မှာ ကိုရီးယား ဘာသာစကားကို ကျွမ်းကျင်စွာ ပြောနိုင်ခဲ့တဲ့ အကြောင်းကို ဗီဒီယို ရိုက်ကူးခဲ့ပြီး အင်တာနက်ပေါ်မှာဝေမျှခဲ့ရာမှာ တောင်ကိုရီးယားနိုင်ငံတစ်နိုင်ငံအတွင်းမှာပဲ ၁၀ရက်အတွင်း လူပေါင်း တစ်သိန်းခွဲကျော်ကြည့်ရှုခဲ့ကြပါတယ်။

သို့ပေမဲ့ လင်ဒီဘို့ဟာ ကိုရီးယား ဘာသာ စကားကို အစိမ်းသက်သက် ဖြစ်နေသူတစ်ယောက်မဟုတ်ဘဲ ကိုရီးယားဘာသာစကားကို သင်ယူခဲ့ဖူးတယ်လို့ ၀န်ခံခဲ့ပါတယ်။ကိုရီးယားဘာသာစကားကို သင်ယူခဲ့ပေမဲ့ လုံးမတတ်မြောက်ခဲ့ဘဲ ဆေးရုံမှာ မေ့မြောခဲ့ပြီး ပြန်လည်သတိရလာမှ ကိုရီးယားဘာသာစကားကို ကျွမ်းကျင်စွာပြောလာနိုင်ခဲ့တာ ဖြစ်တယ် လို့သူမက ဆိုပါတယ်။

” ကျွန်မ ဘာကြောင့်လဲဆိုတာကိုတော့ အတိအကျမသိပါဘူး။ဒါပေမဲ့ ဖြစ်နိုင်တာ တစ်ခုကတော့ ကျွန်မ မေ့မြောရာမှ ပြန်လည်နိုးလာခဲ့တဲ့ အခါမှာ ကိုရီးယား ဘာသာစကားနဲ့ပါတ်သတ်ပြီး အကြောင်းအရာ အားလုံးက ကျွန်မ ဦးနှောက်ထဲ ရုတ်တရက်ရောက်လာသလိုပါပဲ ” လို့လင်ဒီက ဗီဒီယိုမှာပြောကြားခဲ့ပါတယ်။

READ
အလယ်တန်းပဲအောင်ပြီး သန့်ရှင်းရေးဝန်ထမ်းဘ၀မှ CEOအထိဖြစ်လာခဲ့တဲ့ Vernon Kwek

လင်ဒီတက်ရောက်ကုသခဲ့တဲ့ ဆေးရုံမှ အာရုံကြော ပါရဂူဖြစ်သူ ဒေါက်တာ ပန်ကဒ်ဆာဂ်ျကတော့ လင်ဒီ ရုတ်တရက် ကိုရီးယား ဘာသာစကားကို ကျွမ်းကျင်စွာပြောနိုင်ခဲ့မှုနဲ့ပါတ်သတ်ပြီး ” ဦးနှောက်ဟာ လျှပ်စီးပါတ်လမ်းများကဲ့သို့ နူရွန်(အာရုံကြောဆဲလ်)များနဲ့ ဖွဲ့စည်းထားပါတယ်။အာရုံကြောဆဲလ်များဟာ ဘာသာစကားဆိုင်ရာပြောဆိုခြင်း၊နားထောင်ခြင်းနဲ့ တွေးခြင်းစတဲ့ လုပ်ငန်းများကို အသီးသီးလုပ်ဆောင်ကြပြီး ယခု လင်ဒီတစ်ယောက် မေ့မြောရာမှ နိုးထလာချိန်မှာ ကိုရီးယား ဘာသာစကားကို ကျွမ်းကျင်စွာ ပြောလာနိုင်ခဲ့ခြင်းဟာ သူမသင်ယူခဲ့ဖူးတဲ့ ကိုရီးယားဘာသာစကားကို မှတ်သားထားတဲ့ အာရုံကြောဆဲလ်ဟာ မေ့မြောနေစဉ်မှာ ရုတ်တရက်ပွင့်ပြီး အလုပ်လုပ်ဆောင်တဲ့အတွက်ကြောင့် ဖြစ်တယ် ” လို့သူရဲ့ ထင်မြင်ချက်ကို ပြောကြားခဲ့ပါတယ်။

ယခုဖြစ်ရပ်ကဲ့သို့ မေ့မြောပြီးနောက် ဘာသာစကားတစ်မျိုးမျိုးကို ကျွမ်းကျင်စွာပြောလာနိုင်တဲ့ သူအများဟာ ကမ္ဘာတစ်ဝှမ်းမှာ အနှံအပြားရှိကြပြီး ဘာကြောင့်ရုတ်တရက် ပြောဆိုလာနိုင်ရတာလဲ ဆိုတဲ့ အကြောင်းရင်းကိုတော့ ပညာရှင်များ လေ့လာဆဲ ဖြစ်ပါတယ်။၂၀၁၀ ခုနှစ်ကလည်း ၁၃နှစ်အရွယ်ခရိုအေးရှား ကောင်မလေးတစ်ဦးဟာ မေ့မြောရာမှ နိုးထလာချိန်မှာ ဂျာမန်ဘာသာစကားကို ကျွမ်းကျင်စွာပြောတတ်နိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ် ကလည်း အမေရိကန် စစ်မှုထမ်းဟောင်းတစ်ဦးဟာ မေ့မြောရာမှ ပြန်လည်သတိရလာချိန်မှာ ဆွီဒင်ဘာသာစကားကို ကျွမ်းကျင်စွာပြောလာနိုင်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုလည်း ရှိခဲ့ပါတယ်။

READ
တရားခွင်မှာ မစင်စွန့်ပြီး တရားသူကြီးကို မစင်နဲ့ပစ်ပေါက်တဲ့ တရားခံ၊ အမှုတွေထပ်တိုးဖို့ ရှိနေ

Shwemom

Ref : Viral For Real

SHARE