အမျိုးသမီးပေါင်း ၇၀၀ ကျော်လောက်ကို လူကုန်ကူးဖူးတယ်ဆိုတဲ့ DJ သမား

Facebook-Jason Roger Pope

အရင်တုန်းကတော့ မိန်းကလေးတွေအတွက် စိတ်ကူးယာဉ်စရာ အနုပညာရှင်တွေဆိုလို့ ရုပ်ရှင်မင်းသားနဲ့အဆိုတော်လောက်ပဲရှိခဲ့ရာမှ နောက်ပိုင်းမှာတော့ အနုပညာလောကသားတွေထဲ အပါအဝင်ဖြစ်ကြတဲ့ မော်ဒယ်တွေ၊ DJ တွေဟာဆိုရင် အခုခေတ်ရဲ့ဆော်အကြည်ဆုံးစာရင်းထဲမှာ ထိပ်ဆုံးကပါဝင်နေကြပါတယ်။ Your EDM ဆိုတဲ့ website မှာ ဖော်ပြထားချက်အရ DJ တစ်ယောက်ဟာ သူ့ရဲ့ပရိတ်သတ်မိန်းကလေးတွေကို လူကုန်ကူးတာတွေပြုလုပ်ခဲ့တာ အယောက် ရာနဲ့ချီရှိလို့နေပါပြီတဲ့။

မိန်းကလေးမှမဟုတ်ပါဘူး။ ဘယ်သူမဆို ကိုယ်သဘောကျရတဲ့ အနုပညာရှင်တစ်ယောက်က ကိုယ့်ကိုအထူးတလည်ပါတီတစ်ပွဲကို ဖိတ်လာတာတို့၊ ဘာတို့ဆိုရင် အပျော်လွန်ပြီးလက်ခံမိမှာပါပဲမဟုတ်လား။ ဒါပေမဲ့ သင်သာဒီသတင်းကိုဖတ်ပြီးခဲ့ရ်ငတော့ ဒီလိုမျိုး ကိုယ့် idol တစ်ယောက်က အထူးတလည်လာဖိတ်ခေါ်တဲ့ပွဲမျိုးတွေကိုဆိုင် သွားရဲတော့မှာမဟုတ်ဘူးလို့ ရဲရဲကြီးပြောနိုင်ပါတယ်။ ဖြစ်ပုံကတော့ ဒီလိုပါ။

Jason Roger Pope ဆိုတာဟာ ကယ်ရိုလိုင်းနားတောင်ပိုင်းက DJ တစ်ယောက်ပါ။ ကလပ်နဲ့ဘားတချို့မှာ သီးချင်းတီးတဲ့ DJ တစ်ယာက်ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ရဲဌာန ၃ ခုကနေပြီး လူကုန်ကူးမှုနဲ့ လိင်ပိုင်းဆိုင်ရာပြစ်မှုတော်တော်များများကို ကျူးလွန်ထားခဲ့တယ်ဆိုပြီး ဝရန်းထုတ်ဖမ်းဆီးလာခဲ့ပါတော့တယ်။ စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ Pope ရဲ့ပြစ်မှုတွေဟာ အခုနှစ်ပိုင်းအတွင်းမှ စခဲ့တာမျိုးမဟုတ်ဘဲ ၂၀၁၁ ခုနှစ်ကတည်းက စတင်ခဲ့တာပါတဲ့။

READ
ဘာဂါဆိုင်ထဲမှာ အော်ဒါမှာနေရင်း လိင်ဆက်ဆံတဲ့စုံတွဲရဲ့ ဗီဒီယို အင်တာနက်မှာနာမည်ကြီးနေ
Facebook-Jason Roger Pope

လူသိရှင်ကြားဖြစ်သွားခဲ့တဲ့အမှုတစ်ခုကတော့ ၁၃ နှစ်သမီးလေးတစ်ယောက်က Pope ဟာ သူမကို ဆေးခြောက်နဲ့အရက်တိုက်ပြီး ချစ်တင်းနှောခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပြီး အဲဒီအချိန်ကတည်းက လူတော်တ်ာများများကတော့ Pope ကို စောင့်ကြည့်နေခဲ့တာပါ။ Pope ဟာ AIDS ဝေဒနာရှင်တစ်ဦးလည်းဖြစ်နေပြန်ပါသေးတယ်။ ဒါပေမဲ့ ဒီအကြောင်းတွေကို Pope နဲ့ ဆက်ဆံခဲ့တဲ့အမျိုးသမီးလေးတွေကတော့ မသိခဲ့ရှာပါဘူး။ အဲဒီအမှုကနေလိုက်ပြီး ရဲဌာနာတွေကလည်း Pope ကို တိတ်တဆိတ်စုံစမ်းစစ်ဆေးနေခဲ့ရာ ၂၀၁၁ ခုနှစ်မှ ယနေ့အချိန်အထိ Pope အနေနဲ့ အငယ်ဆုံး ၁၃ နှစ်မှစလို့ ၁၆ နှစ်အရွယ်မိန်းကေးလးတွေအဆုံး ၄ ယောက်လောက်ကို သူနဲ့ချစ်တင်းနှောဖို့အတွက် ဆွဲဆောင်ခဲ့တာကြောင့် ရဲတွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

Facebook-Jason Roger Pope

စစ်ဆေးလိုက်တဲ့အချိန်မှာတော့ Pope အနေနဲ့ မိန်းကလေးပေါင်း ၇၀၀ လောက်ကို ထိုနည်းတူစွာ ပြုမူခဲ့ဖူးပြီး သူနဲ့တင်မဟုတ်ဘဲ တခြားလူတွေနဲ့ပါ အခကြေးငွေယူကာ မိန်းကလေးတွေ သဘောပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အဓမ္မအတူနေစေခဲ့ပါတယ်တဲ့။ မိန်းကလေးအားလုံးဟာ လူမည်းအမျိုးသမီးငယ်လေးတွေချည်းပဲဖြစ်ခဲ့ပါတယ်။ လူကုန်ကူးမှုမြောက်တဲ့ ပြစ်မှုတွေထင်ရှားခဲ့တာကြောင့် Pope အနေနဲ့ သြဂုတ်လကတည်းက တရားရင်ဆိုင်နေခဲ့ရတာ အခုအချိန်အထိပါပဲ။ ပိုဆိုးတာက Karma Mills ဆိုတဲ့ Facebook account မှာ “DJ KID(PARTIES & GIRLS)PART 1” ဆိုတဲ့နာမည်နဲ့ ဓာတ်ပုံ album တစ်ခုဖွဲ့ကာ နစ်နာသူလို့ယူဆရတဲ့ အမျိုးသမီးငယ်လေးတွေနဲ့တွဲရိုက်ထားတဲ့ ဆိုးဆိုးရွားရွားဓာတ်ပုံတွေကိုတင်ထားခဲ့ပါသေးတယ်တဲ့။ ကျောချမ်းစရာကြီးနော်။

READ
ကမ္ဘာပေါ်မှာ တစ်ကောင်တည်းသာကျန်တဲ့ ရှားပါးကြံ့ဖြူထီးကြီး သေဆုံးသွားရှာပြီ

Jason Roger Pope ဟာ DJ Kid ဆိုတဲ့နာမည်နဲ့ ဒေသခံတွေကြားထဲ နာမည်ရနေခဲ့တဲ့ DJ တစ်ယောက်ဖြစ်ပါတယ်။

Penny

SHARE