ထူးထူးဆန်းဆန်း အိန္ဒိယစုံတွဲရဲ့ ရွှံ့နွံတောထဲက ကဗျာဆန်ဆန်မင်္ဂလာဓာတ်ပုံများ

Facebook-binu seens photography

ယနေ့ခေတ်မှာ မင်္ဂလာမောင်နှံတွေအတွက် ပိုလာတဲ့အလုပ်တစ်ခုကတော့ pre-wedding ရိုက်ကူးတာပါပဲ။ မင်္ဂလာသာ ရိုးရိုးတန်းတန်းဆောင်ချင်ဆောင်မယ်၊ pre-wedding ကိုတော့ ရှယ်တကာ့ရှယ်ဆိုပြီး ရိုက်နေကြတယ်မဟုတ်လား။ ရိုးရာဝတ်စုံနဲ့ရိုက်မလား၊ ဂါဝန်ကြီးတွေနဲ့ပဲရိုက်မလား။ နေရာဆိုရင်လည်း တခြားမြို့တွေ၊ တခြားနိုင်ငံတွေအထိပေါင်းစုံကိုပတ်ရိုက်ကြတာပါနော်။

ဘယ်လိုပဲဖြစ်ဖြစ် ချစ်သူတိုင်းကိုယ့်ရဲ့ pre-wedding ဓာတ်ပုံတွေကိုတော့ အလှတကာ့အလှဆုံးဖြစ်ချင်ကြတယချည်းပါပဲ။ ဒါကြောင့်လည်း အဝတ်အစား၊ မိတ်ကပ်ကစလို့ location တို့၊ ဓာတ်ပုံရိုက်မယ့် pose တို့အထိ အထူးဂရုပြု စီစဉ်ခဲ့ကြတာပဲဖြစ်ပါတယ်။

Facebook-binu seens photography
Facebook-binu seens photography

ဒါပေမဲ့ Story Pick မှာ ဖတ်လိုက်ရတဲ့သတင်းတစ်ပုဒ်ကတော့ တော်တော်လေး ကို့ရို့ကားယားနိုင်လွန်းပါတယ်။ မင်္ဂလာမောင်နှံနှစ်ယောက်ဟာ pre-wedding ဓာတ်ပုံတွေကို ရွှံ့နွံတောထဲမှာ ရိုက်ကူးခဲ့ကြတာပါတဲ့။ ဓာတ်ပုံတွေကိုတော့ @5haiju ဆိုတဲ့ Twitter account မှ “ခေတ်စားနေတဲ့ pre-wedding ဓာတ်ပုံများ” ဆိုပြီး တင်ထားခဲ့တာပါ။

READ
အင်တာနက်ပေါ်မှာ နာမည်ကျော်နေတဲ့ အ၀တ်ဗလာ လက်လှည့်ဆရာလေး
Facebook-binu seens photography
Facebook-binu seens photography

သိရသလောက်တော့ အဲဒီစုံတွဲလေးဟာ အိန္ဒိယတောင်ပိုင်းကပါတဲ့။ ဓာတ်ပုံတွေမှာတော့ မြင်ရတဲ့အတိုင်းပဲ တစ်ယောက်နဲ့တစ်ယောက် ယုယစွာ ဖက်ဟယ်၊ နမ်းဟယ်နဲ့ စပါးခင်းထဲက ရွှံ့နွံတောထဲမှာ တကူးတကသွားရိုက်ကူးထားခဲ့ကြတာပါ။ တကယ်တော့ ဒီပုံတွေကို အရင်ဆုံးတင်ခဲ့သူကတော့ ဓာတ်ပုံဆရာရဲ့ page မှာဖြစ်ပါတယ်။ binu seens photography ဆိုတဲ့ Facebook page မှ တင်လာခဲ့တာပါ။ မော်ဒယ်တွေကတော့ Jose နဲ့ Anisha ပါ။

Facebook-binu seens photography
Facebook-binu seens photography
Facebook-binu seens photography

ပုံတွေကြည့်ပြီး ကိုယ့်စိတ်ထဲဖြစ်ပေါ်မိတာကတော့ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းတဲ့ဘဝကို ရောက်ပါစေ ချစ်သူသာရှိနေခဲ့မယ်ဆိုရင် အရာရာ ပျော်ရွှင်ဖွယ်အတိနဲ့မလို့ အတူတူလက်တွဲရင်း အခြေအနေပေါင်းစုံကို ကျော်ဖြတ်မှာပါဆိုပြီး..

Mud Love ♥️Post wedding !Jose ♥️ Anisha Location ; Kerala, India . 📱+91 994648498Photography : Binu…

Posted by binu seens photography on Monday, 18 November 2019

Penny

SHARE