တောင်ကိုရီးယားရဲ့ အကြီးဆုံး ခွေးသတ်ရုံဧရိယာဝန်းကြီးကို ဖျက်သိမ်း

တောင်ကိုရီးယားရဲ့ အကြီးဆုံးခွေးသတ်ရုံဝန်းကြီးကို ဖျက်သိမ်းဖို့ အာဏာပိုင်တွေက စတင်လုပ်ဆောင်နေပါပြီ။ Tae pyeong-dong ဆိုတဲ့ဝင်းကြီးကတော့ ဆိုးလ်မြို့တောင်ပိုင်း Seongnam မြို့မှာတည်ရှိတာပါ။ ခွေးသတ်ရုံကြီး ၀င်းကြီးကိုတော့  (၂)ရက်အတွင်းမှာ အပြီးသတ်ရှင်းလင်းဖယ်ရှားသွားဖြစ်ပြီး အဲ့ဒီနေရာကို အများပြည် သူ အပန်း ဖြေဥ ယျာဉ်အဖြစ် ပြောင်းလဲသွားမှာပါ။

dailymail
dailymail

နှစ်စဉ်နှစ်တိုင်း ခွေးတစ်သန်းလောက် စားသောက်ခံနေရပါတယ်။တက်ကြွလှုပ်ရှားသူတွေက ခွေးတွေကို ဟင်းလျာ အဖြစ် သတ်ဖြတ်စားသောက်နေမှုတွေကို အဆုံးသတ်ပေးဖို့ တောင်းဆိုလာခဲ့ကြတာပါ။ခွေးသားဟာ တောင်ကိုရီးယား မှာဆိုရင် အရသာရှိတဲ့ ဟင်းလျတစ်မျိုးအဖြစ် သတ်မှတ်ခံထားရတာပါ။ဒါပေမယ့် မကြာသေးခင် နှစ် များ ကစပြီး ခွေး သား ကို ဟင်းလျာအဖြစ် သတ်မှတ်မှုက ပြောင်းလဲလာခဲ့ပါတယ်။ဒါက တကယ့်ကို သမိုင်းဝင်တဲ့ အခိုက် အတန်ပ ပါပဲ လို့ တောင်ကိုရီးယား တိရစ္ဆာန်အခွင့်အရေးထောက်ခံအားပေးတဲ့ အဖွဲ့ (KARA) က ပြောပါတယ်။အကြီးဆုံး ခွေးသ တ်ရုံဝန်ကြီးပိတ်သိမ်းမှုက တစ်နိုင်ငံလုံးမှာရှိတဲ့ ခွေးသတ်ရုံအားလုံး ပိတ်သိမ်းရေး ရည်မှန်းချက်အတွက် တံခါးပေါက် တစ် ခု ပွင့်လိုက်တယ်လို့ ပြောခဲ့ပါတယ်။

READ
ရေထဲမျောပါသွားတဲ့ ဇနီးသည်ကို ဘာမှမတတ်နိုင်ပဲ ဒီတိုင်းကြည့်နေခဲ့ရတဲ့ အမျိုးသား
dailymail
dailymail
dailymail

Taepyeong-dong ခွေးသတ်ရုံဝန်းကြီးကတော့ ကိုရီးယားနိုင်ငံတစ်ဝန်း ခွေးသားတင်ပို့မှုရဲ့ အကြီးဆုံးအရင်းအမြစ် တစ်ခု ပါ။အဲ့ဒီဝန်းကြီးမှာ ခွေးကောင်ရေ ရာပေါင်း များစွာ ကို ချုပ်နှောင်သုတ်သင်တဲ့ ခွေးသတ်ရုံအသေး (၆)ခုထက် မနည်းရှိပါတယ်။Humane Society International (HSI) လှုံ့ဆော်သူတွေ ကတော့ ခွေးသတ်ရုံဝန်း ကြီး ကတော့ တကယ့်ကို ကြောက်စရာ ကောင်းတဲ့ နေရာတစ်ခုလို့ဆိုပါတယ်။ခွေးတွေကို သတ်ဖြတ်ဖို့ အတွက် ဓါတ်လိုက် တဲ့ ကိရိယာတွေ၊ဓါးတွေ၊de-hairing  စက်တွေကို ၀န်းထဲမှာ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ကိုရီးယားမှာတော့အထူးပွဲ တော်တွေမှာဆိုရင် ခွေးသားဟင်းကို စားသုံးကြပါတယ်။အခုဆိုရင်တော့ ကိုရီးယားမှာ ခွေးသားစားသောက် ဆိုင် တွေ လည်း တဖြည်းဖြည်း နည်းပါးလာခဲ့ပါပြီ။အရင်တုန်းကတော့ ခွေးသားဟင်းရောင်းတဲ့ ဆိုင် (၁၅၀၀) ရှိခဲ့ရာကနေ (၂၀၁၅) မှာတော့ (၇၀၀)လောက်အထိ သိသိသာသာကျဆင်းသွားခဲ့ပါတယ်။ခွေးကို ဟင်းလျာတစ်ခု အဖြစ် မဟုတ်ပဲ အိမ် မွေးတိရစ္ဆာအဖြစ် မြင်လာတဲ့ ကိုရီးယားပြည်သူအရေအတွက်ကလည်း တဖြည်းဖြည်း ပိုမိုများပြားလာနေပါတယ်။

READ
မုန်တိုင်းကြောင့် ဖျော်ဖြေပွဲစတိတ်စင် ပြိုကျပြီး၊ ထိပ်သီး DJ သမားတစ်ဦးသေဆုံးခဲ့ရ
dailymail
dailymail

Source bbc

SHARE