ခွေးသားစားသူတွေကို ရပ်တန့်ဖို့ခက်ခဲနေတဲ့ တောင်ကိုရီးယား

ခွေးသားစားခြင်းနဲ့ ပတ်သက်လို့ နာမည်ကြီးတဲ့နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ ခွေးတွေကို ကာကွယ်ပေးတဲ့ ဥပဒေတစ်ရပ်ကို ထုတ်ပြန်ပြီးဖြစ်ပေမယ့်လည်း ပထမဆုံး အပြစ်ပေးမှုကိုတော့ ဇွန်လကမှ စတင်ဆောင်ရွက်နိုင်ခဲ့တာပါ။

ဒါက ခွေးချစ်သူတွေအတွက် သတင်းကောင်းတစ်ခုလည်းဖြစ်ပါတယ်။

Mirror

တောင်ကိုရီးယားနိုင်ငံ၊ ဘူချွန်မြို့ရဲ့ တရားရုံးတစ်ခုက ခွေးတွေကို အသားအတွက် သတ်ဖြတ်ဖို့ ခြံခတ်ပြီးမွေးမြူနေတဲ့သူတွေကို ၀မ် (၃)သန်းဒဏ်ငွေရိုက်ခဲ့ပြီး သူတို့ရဲ့ဥပဒေကို အသက်ဝင်စေလိုက်ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ ခွေးတွေကို ကိုယ်တိုင်စားသုံးဖို့အတွက် သတ်ဖြတ်နေကြသလို နိုင်ငံခြားကို အသားအဖြစ်တင်ပို့ဖို့ကိုလည်း တစ်နှစ်ကို ခွေးကောင်ရေ နှစ်သန်းလောက် သတ်ဖြတ်နေကြတာဖြစ်ပါတယ်။

Brilio.net

တောင်ကိုရီးယားနိုင်ငံမှာ ခွေးတွေကို အသားအတွက် သတ်ဖြတ်မှုက တရားမ၀င်ဘူးလို့ ကြေညာထားခဲ့ပေမယ့်လည်း ဥပဒေအရ ထိထိရောက်ရောက်အရေးမယူနိုင်ခဲ့သလို နှစ်စဉ်သတ်ဖြတ်ခံနေရတဲ့ခွေးကောင်ရေနှုန်းကလည်း လျော့မသွားခဲ့ပါဘူး။

တောင်ကိုရီးယားနိုင်ငံမှာ ခွေးတွေကို မွေးမြူရေးခြံတစ်ခုနဲ့ သီးသန့်မွေးမြူသူတွေရှိကြပြီး အဲဒီခွေးတွေကိုမှ အသားအတွက် ပြန်လည်သတ်ဖြတ်ပစ်ကြတာပါ။

READ
အဓမ္မကျင့်ခြင်း၊လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်းဖြစ်ပေါ်ပါက ဆောင်ရွက်သင့်တဲ့အချက်များ

ဥပဒေအရ ခွေးမွေးမြူရေးခြံပိုင်ရှင်တွေအနေနဲ့ ၀မ် (၂) သန်းကစလို့ ဒဏ်ငွေဆောင်ရမှာဖြစ်ပြီး မြေကိုလည်း သိမ်းဆည်းခံရမှာဖြစ်ပါတယ်။ ခွေးတွေကို သတ်ဖြတ်လို့ စားသောက်သူတွေအနေနဲ့လည်း အနည်းဆုံး ၀မ် (၁) သန်းကစလို့ ဒဏ်ငွေဆောင်ရမှာဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ်အထိ ကျခံရဖို့ ရှိနေတာပါ။

동물해방물결

ခွေးမွေးမြူရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ ချိုဟွမ်ယို က “နွားတွေ၊ ၀က်တွေ၊ ကြက်တွေ၊ ဘဲတွေကို ကျွန်တော်တို့ စားသောက်နေကြတာပဲလေ၊ ခွေးတွေကျမှ ဘာလို့ စားလို့မရတာလဲ” လို့ ဆိုလိုက်ပါတယ်။

တောင်ကိုရီးယားရဲ့ လူငယ်မျိုးဆက်သစ်တွေကတော့ အသားအတွက် ခွေးတွေကို သတ်ဖြတ်နေတာကို မလိုလားတဲ့အနေအထားမှာရှိနေပြီး ခွေးတွေကို အိမ်မွေးတိရိစ္ဆာန်အဖြစ်ပဲ မြင်တွေ့ချင်နေကြပါတယ်လို့ ရှေ့နေ ကင်ကွမ်အန် က ဆိုပါတယ်။

Linn

Source : Nationalgeographic

READ
ပျော်ရွှင်တဲ့ကလေးတစ်ယောက် ဖြစ်လာအောင် ပျိုးထောင်ဖို့လျို့ဝှက်ချက်များ

 

 

SHARE