ရေကြီး မြေပြိုမှုတွေကြောင့် တောင်ကိုရီးယားမှာ လူ (၁၄)ဦး သေဆုံး

Image :twitter/skzbabyatiny

>တောင်ကိုရီးယားနိုင်ငံမှာတော့ မိုးသည်းထန်စွာ ရွာသွန်း မှု ရဲ့ နော က်ဆက်တွဲ ဖြစ်တဲ့ ရေကြီးမှုတွေ မြေပြိုမှုတွေ နဲ့ ရင်ဆိုင် နေရ ပါတယ်။လူ(၁၄)ဦး သေဆုံး ခဲ့ပြီး ရေ ဘေးသင့် ပြည်သူ တစ်ထောင်ကို ဘေး လွတ်ရာ သို့ ပြောင်း ရွှေ့ ပေးခဲ့ ရပါတယ်။ ဒီအ ကြောင်းကိုတော့ Reuters နဲ့ globalnews တို့မှာ ဖော်ပြထားပါတယ်။ ရက်ပေါင်း(၄၂)ရက်ေ လာက် ဆက်တိုက် မိုးရွာသွန်းခဲ့တဲ့ အတွက် အခုလို ဘေးအန္တရာယ်တွေနဲ့ ကြုံ ခဲ့ရတာပါ။နှစ်ပေါင်း (၇)နှစ်အတွင်း ကိုရီးယားရဲ့ အကြာ ဆုံး မုတ်သုံ ရာသီ လို့ အာဏာပိုင်တွေ က သြဂုတ်လ (၄)ရက်နေ့ ပြော ခဲ့ပါတယ်။

ကိုရီးယားအပြင် မြန်မာ၊ထိုင်း၊အိန္ဒိယ၊တရုတ် တို့ မှာလည်း မကြာသေးမီရက်တွေက မိုးသည်းထန် စွာ ရွာ သွန်းခဲ့ပြီး တစ်ချို့ေ နရာ တွေမှာ ရေကြီးမှုတွေ ဖြစ်ပေါ် ခဲ့ပါတယ်။ဆိုးလ်မှာတော့ တစ်ချို့ လယ်မြေ တွေ၊အဝေး ပြေး လမ်းတွေ၊တံတားတွေ ရေကြီး ခဲ့ပါတယ်။ရေ ဘေး ကြောင့် သေဆုံးသူတွေ ထဲမှာ နယူးဇီလန် မိသားစု တစ်စု လည်း ပါ ပါတယ်။နယူးဇီလန် သုံးယောက်ကိုတော့ သြဂုတ်လ (၃)ရက်နေ့က  သေဆုံးနေတာကို တွေ့ ခဲ့တာပါ။ ဆိုးလ်မြို့ အရှေ့ မြောက်ပိုင်း Gapyeong ခရိုင်မှာရှိတဲ့ တစ်ထပ်တိုက် အပန်းဖြေ အိမ် တွေမှာ မြေပြိုမှုတွေ ဖြစ်ပွာြး ပီး သေဆုံးခဲ့တာပါ။

ဒ့ါအပြင် မြေပြိုမှုကြောင့် စက်ရုံမှာ အလုပ်လုပ် နေတဲ့ အလုပ် သမား (၃)ဦး ပိတ်မိ သေဆုံး ခဲ့ပါတယ်။ သမ္မတ Moon Jae-in က တော့  (၄၂)ရက်ကြာ မိုးရွာ သွန်း မှု တွေ အတွက် စိတ်ပူေ နပြီး ရာသီဥတု ကျွမ်းကျင်သူတွေ က တော့ (၂၀၁၃)နောက်ပိုင်း အကြာဆုံး မိုးရွာ သွန်းမှု လို့ ပြောခဲ့ပါတယ်။ကိုဗစ်ကပ်ရောဂါဘေးနဲ့ ရင်ဆိုင်နေရတဲ့ အချိန် မှာပဲ နောက်ထပ် သ ဘာဝ ဘေးနဲ့ ထပ်ကြုံ နေရတာပါ။ သမ္မတ Moon Jae-in က တော့ အသက်ဆုံး ရှုံး မှု တွေ မဖြစ်ရ အောင် မြေပြိုမှု အန္တရာယ်နဲ့ ပတ်သက်ပြီး သတိ ၀ီရိယ ရှိဖို့ နဲ့  အန္တရာယ် တစ်စုံတစ်ရာ ဖြစ်နိုင်တဲ့ လက္ခဏာ အနည်း ငယ်ပေါ်လာရင် တောင်မှ ဘေးလွတ်ရာ ပြောင်း ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

Han မြစ်တစ်လျောက် မှာ ရှိတဲ့ လမ်းတွေ ၊တံတားတွေမှာ တော့ ရေကြီး ၊ရေကျော် နေတာ ကြောင့် ယာဉ် ကြော ပိတ်ဆို့ မှုတွေ ဖြစ် နေပြီး သွားရေးလာရေး ခက်ခဲ နေပါတယ်။မြောက်ကိုရီးယားမှာ လည်း ရေကြီးမှု အန္တရာယ်သတိ ပေးချက် ထုတ်ပြန် ထားပြီး နယ်စပ်က ဆည်တစ်ခုရဲ့  ရေကြီးမှု ဂိတ် ကို  ကြို သတိ မပေး မ ပြော မဆိုနဲ့ သြဂုတ် လ (၃)ရက်နေ့က ဖွင့်ချ လိုက်ပါတယ်။

#SHWEMOM

SHARE