5G မိုဘိုင်းကွန်ရက်ကို ကမ္ဘာမှာ ပထမဆုံးစတင်အသုံးပြုနိုင်သွားပြီဖြစ်တဲ့ တောင်ကိုရီးယား

တောင်ကိုရီးယားနိုင်ငံမှာတော့ ကမ္ဘာမှာ ပထမဆုံးအနေနဲ့ 5G မိုဘိုင်းကွန်ရက်ကို ယခုရက်ပိုင်းအတွင်း စတင် အသုံးပြုနိုင်သွားပြီဖြစ်ကြောင်း ကြေညာလိုက်ပါပြီ။ ဒါဟာ တောင်ကိုရီးယားအနေနဲ့ အခြားနည်းပညာ နိုင်ငံကြီးများဖြစ်ကြတဲ့ အမေရိကန်နဲ့ ဂျပန်တို့ကို ကျော်တက်သွားတာလည်း ဖြစ်ပါတယ်။

တောင်ကိုရီးယားအရဲ့ အကြီးဆုံး telecom ကုမ္ပဏီဖြစ်တဲ့ SK Telecom ကနေ 5G မိုဘိုင်းကွန်ရက် ဝန်ဆောင်မှုကို ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ 5G ကွန်ရက်ကို အသုံးပြုနိုင်တဲ့ Samsung Galaxy S10 ထွက်ရှိပြီး မရှေးမနှောင်းမှာ ထိုဝန်ဆောင်မှုကို စတင်ရရှိလာတာလည်း ဖြစ်ပါတယ်။

SK Telecom

SK ကနေ တောင်ကိုရီးယားရဲ့ အချက်ချာအကျဆုံး မြို့ပေါင်း ၈၅ မြို့မှာ 5G တိုင်ပေါင်း ၃,၄၀၀၀ တည်ဆောက်ထားကာ တက္ကသိုလ်နယ်မြေတွေ၊ ကားလမ်းတွေ၊ အားကစားကွင်းတွေမှာ အဓိကရရှိအောင်လည်း သေချာဆောင်ရွက်ထားပါတယ်။

အောက်ဒိုးတွေအပြင် အဆောက်အဦးအတွင်းပိုင်းတွေပါ ဖြစ်တဲ့ ရှော့ပင်းစင်တာတွေ၊ လေဆိပ်တွေမှာပါ တွင်ကျယ်စွာ အသုံးပြုနိုင်အောင် 5G ကွန်ရက်ကို ဖြန့်ကျက်ထားမှာလည်း ဖြစ်ပါတယ်။ 5G စနစ်ကို မိုဘိုင်းကွန်ရက်အနေနဲ့သာမက အလိုအလျောက်မောင်းနင်မှုစနစ်နဲ့ မော်တော်ကားတွေ၊ စမတ်မြို့တော် ပရောဂျက်တွေအတွက်မှာပါ အသုံးချလာတော့မှာလည်း ဖြစ်ပါတယ်။

READ
၂၀၁၇ပထမ၃လအတွင်းကမ္ဘာတစ်ဝှမ်းရောင်းအား အကောင်းဆုံး Android ဖုန်းအမျိုးအစား
Shutterstock

လူတွေအတွက် ပိုသဘောကျစရာဖြစ်တဲ့ နောက်တစ်ချက်ကတော့ SK ကနေ ယခု 5G ကွန်ရက်ကို 4G တုန်းကထက် ပိုမိုသက်သာတဲ့ ကုန်ကျစရိတ်နဲ့ ဝန်ဆောင်မှု ပေးမှာဖြစ်ခြင်းပါ။ SK မတိုင်ခင်ကတည်း တောင်ကိုရီးယားမှာ အခြားအော်ပရေတာ ကုမ္ပဏီ ၂ ခုက 5G ကွန်ရက်ဝန်ဆောင်မှုကို စတင်ခဲ့ပါတယ်။ ဒါပေမယ့် ထိုစဉ်တုန်းက 5G အသုံးပြုနိုင်တဲ့ ဖုန်းတွေ မပေါ်ခဲ့သေးတဲ့အတွက် တွင်ကျယ်စွာ မသုံးနိုင်ခဲ့ကြပါဘူး။ 5G သုံးနိုင်တဲ့ Samsung Galaxy S10 က ၂၀၁၉ ဖေဖော်ဝါရီလကမှ ထွက်ရှိခဲ့တာဖြစ်ပါတယ်။

Ref: Tech Radar

SHARE