အလုပ်အလွန်အကျွံလုပ်မှုကို တားဆီးဖို့ ဥပဒေသစ်ထုတ်လိုက်တဲ့ တောင်ကိုရီးယား

တောင်ကိုရီးယားနိုင်ငံအစိုးရဟာ အလုပ်သမားများ အလုပ်အလွန်အကျွံလုပ်ခြင်းကို တားဆီးပြီး အချိန်မှန်အိမ်ပြန်စေရန် သောကြာနေ့တိုင်း ည (၈)နာရီတွေမှာ ကွန်ပြူတာအကုန်လုံးကို ပိတ်မယ့် စည်းမျဉ်းသစ်တစ်ခုကို သတ်မှတ်လိုက်ကြောင်းသိရှိရပါတယ်။

တောင်ကိုရီးယားဟာ ကမ္ဘာပေါ်မှာ အလုပ်ချိန်အများဆုံး နိုင်ငံများထဲမှ တစ်ခုဖြစ်ပြီး သူတိှု့ဆီက အစိုးရဝန်ထမ်းတွေမှာ တစ်နှစ် ပျမ်းမျှအလုပ်ချိန် (၂,၇၃၉)နာရီရှိရာ အခြားဖွံ့ဖြိုးပြီးနိုင်ငံများရဲ့ အလုပ်ချိန်တွေထက် နာရီ (၁,၀၀၀)ခန့် ပိုများပါတယ်။ ဆိုးလ်မြို့တော်အစိုးရဟာ အလုပ်အလွန်အကျွံလုပ်မှုကို တားဆီးဖို့ (၃)လအတွင်း အဆင့် (၃)ဆင့်နဲ့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

9GAG

ပထမအဆင့်အနေနဲ့ မတ်လ (၃၀)ရက်နေ့မှစပြီး ည (၈)နာရီထိုးတာနဲ့ လုပ်ငန်းခွင်ရှိ ကွန်ပြူတာအားလုံးကို ပိတ်စေမှာဖြစ်ပါတယ်။ နောက်တစ်ဆင့်မှာ ဧပြီလ နောက်ဆုံးပတ်ရဲ့ သောကြာနေ့မှ စမှာဖြစ်ပြီး ည (၇)နာရီခွဲတာနဲ့ ကွန်ပြူတာအားလုံးကို ပိတ်စေမှာဖြစ်ပါတယ်။ နောက်ဆုံးမှာ မေလကနေစပြီး သောကြာနေ့တွေတိုင်းမှာ ကွန်ပြူတာအကုန်လုံးကို ည (၇)နာရီထိုးတာနဲ့ ပိတ်စေတော့မှာဖြစ်ပါတယ်။

READ
ရှေးဟောင်းမြို့တော် အီဂျစ်အကြောင်း သင်မသိလောက်သေးတဲ့ အချက်အလက်များ
9GAG

ယခုထုတ်လိုက်တဲ့ စည်းမျဉ်းဟာ အလုပ်သမားတိုင်းအပေါ် သက်ရောက်မှုရှိတာဖြစ်ပြီး အခြေအနေအရတော့ လွတ်ငြိမ်းခွင့်ပေးမှာဖြစ်ကြောင်း ဆိုးလ်မြို့အစိုးရက ဖော်ပြထားပါတယ်။ ဒါပေမယ့် အစိုးရလုပ်သား (၆၇.၁) ရာခိုင်နှုန်းကတော့ အခုလိုအလုပ်ကို အချိန်အကန့်အသတ်နဲ့ လုပ်ရမယ့် ဥပဒေကို ကန့်ကွက်လျက်ရှိကြောင်း သိရပါတယ်။

ယခုမတ်လ လဆန်းပိုင်းမှာ တောင်ကိုရီးယားအစိုးရက တစ်ပတ်ကို အများဆုံးအလုပ်ချိန် (၆၈)နာရီမှ (၅၂)နာရီသို့ လျှော့ချဖို့ ဥပဒေကို စထုတ်ခဲ့တာဖြစ်ပါတယ်။

White (Shwemom)

Ref: 9GAG

SHARE