မွေးဖွားနှုန်းထက် သေဆုံးနှုန်းများတဲ့ အခြေအနေနဲ့ တောင်ကိုရီးယား ရင်ဆိုင်ရ

Image:freepik.com/wirestock

တောင်ကိုရီးယားမှာ လူဦးရေ တိုးပွားနှုန်းက ၂၀၂၀ မှာ သိသိသာသာကြီး ပထမဆုံးအကြိမ် လျော့ ကျ သွားခဲ့ပါတယ်။မွေးဖွား နှုန်း ထက် သေဆုံးနှုန်းက ပိုများခဲ့ပါတယ်။ဘယ်လောက်ထိ မွေးဖွားနှုန်းကျသွားသလဲ ဆိုရင် တော့ ကမ္ဘာ ပေါ်မှာ အနိမ့်ဆုံး အဆင့် နီးပါး ရောက် တဲ့ အထိ ပြုတ် ကျသွားခဲ့တာပါ။အချက်အလက်တွေကို တော့  Ministry of Interior and Safety က နေ ဇန်န၀ါရီ ၄ ရက်နေ့က ထုတ်ပြန်လိုက်တာပါ။ဒီအ ကြောင်းကိုတော့ CNN မှာ ဖော်ပြထားတာပါ။

Image:freepik.com/skawee

မွေးဖွားမှုနှုန်းက (275,815) သာရှိခဲ့ပြီး စံချိန်တင် ကျဆင်းသွားခဲ့တာပါ။သေဆုံးနှုန်းက တော့ 307,764 အထိ ရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ အရင် နှစ်က နဲ့ ယှဉ်ရင် သေဆုံးနှုန်းက (၃.၁)ရာခိုင်နှုန်း မြင့်တက် သွားခဲ့တာပါ။သေဆုံးနှုန်း က ပိုများသွားတဲ့ ဒီလို အခြေအ နေ မျိုးနဲ့ ကြုံ ရတာ ဒါပထမ ဆုံး ပါလို့ လည်း Ministry of Interior and Safety ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားတာပါ။လူဦး ရေ  မှာ မှ  အသက် ၄၀ နဲ့ ၅၀ ၀န်းကျင် က 32.7% ရာခိုင်နှုန်း ရှိပြီး၊လေးပုံ တစ်ပုံလောက်က  အသက် ၆၀ ကျော် တွေပါ။မွေးဖွားနှုန်း ကျ ဆင်းလာ မှုက ကိုရီးယားရဲ့ အကြီးဆုံး ပြဿနာ တစ်ခု ဖြစ်လာခဲ့ပါတယ်။ဒီပြဿနာ ကို ဖြေရှင်းဖို့ ဆိုရင် အစိုးရ အနေနဲ့ လူမှု ဖူလုံ ရေး၊ပညာရေး၊ကာကွယ်ရေး အခြေခံ တွေကို ပြောင်းလဲ ဖို့ လိုအပ် နေပြီလို့ လည်း ကြေညာချက် မှာ ဖော်ပြထားပါတယ်။

READ
ဝင်ငွေမြင့်မားစွာရနေတဲ့ လိမ်လည်တောင်းစားသူများကို ရဲများနှိမ်နင်းအရေးယူ
Image:freepik.com/prostooleh

သေဆုံးရတဲ့ အကြောင်းအရင်းတွေနဲ့ ကိုဗစ် က သေဆုံးနှုန်းရဲ့ ဘယ်လောက်ထိ သက်ရောက်မှု ရှိနေလဲ ဆိုတာကိုေ တာ့ ထည့်သွင်း ဖော်ပြ ခဲ့ခြင်း မရှိပါဘူး။ဒါပေမယ့် ကိုဗစ် ကြောင့် တောင်ကိုရီးယားမှာ သေဆုံးသူ (၉၈၁)ယောက် ရှိခဲ့တယ်လို့ Johns Hopkins University က ဆိုပါတယ်။ဒါပေမယ့် ကိုရီးယားရဲ့ ကျွမ်းကျင်ပညာရှင် တွေ က တော့ အရင်တည်းက ကပ်ရောဂါ ကြောင့် မွေးဖွားနှုန်း နဲ့ သေဆုံးနှုန်းမှာ ချွတ် ချော် တိမ်းစောင်းမှုတွေ ရှိလာနိုင်တယ်လို့ အစတည်းက သတိပေးခဲ့ဖူးပါတယ်။ကိုဗစ် နဲ့ ကိုဗစ် နဲ့ ဆက်စပ်မှုတွေ ကြောင့် သေဆုံးနှုန်း များခဲ့သလို တစ်ဖက်မှာလည်း စုံတွဲတွေ က ကပ်ရောဂါ ကြောင့် ကလေးယူဖို့ ကို နောက်ဆုတ် ခဲ့ ကြတာ တွေ မျိုးတွေ တော့ ရှိခဲ့ပါတယ်။ နိုင်ငံရဲ့ မွေးဖွားနှုန်း ကျ မယ်၊အသက်ကြီး လူဦးရေ ပိုများလာမယ်လို့ ၂၀၂၀ ဒီဇင်ဘာ တုန်းက  ကိုရီးယားဗဟိုဘဏ် ရဲ့ ထုတ်ပြန်ချက် တစ်ရပ်မှာလည်း ဖော်ပြခဲ့ပါတယ်။

READ
အစည်းအဝေးမှီဖို့ ဘုတ်ပြားလှေကို လှော်ပြီး မြစ်ကို ကူးဖြတ်ခဲ့တဲ့ ဟာသမင်းသား
Image:.freepik.com/tirachardz

ကိုဗစ်ကြောင့် အသက် ၂၀ နဲ့ ၃၀ ၀န်းကျင် လူငယ်တွေ ကလည်း အလုပ်၊၀င်ငွေနဲ့ ပတ်သက်ပြီး မလုံခြုံ မရေ ရာ မှု တွေ နဲ့ ပါ ရင်ဆိုင် ခဲ့ရာကာ မိသားစု ဘ၀ ထူထောင် မယ့် အစီအစဉ် တွေ ကိုလည်း ထိခိုက် စေခဲ့ပါတယ်။လက်ထပ်ပြီးစုံတွဲတွေ ကျ တော့လည်း စီးပွား ရေး ထိခိုက် ရမှု တွေ ကြောင့် ကလေးယူမယ့် အရေးကို ရွှေ့ဆိုင်းခဲ့ကြတာ မျိုးတွေ ရှိပါတယ်။ဗဟိုဘဏ် ကေ တာ့ တောင်ကိုရီးယား က တော့ မကြာခင်မှာ အသက်ကြီးတဲ့ လူဦးရေ ပိုများ တဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်လာ တော့မယ် လို့ ပါ သတိ ပေး ခဲ့ ပါတယ်။ကိုဗစ် ကြောင့် မွေးဖွားနှုန်းကျတာ တောင်ကိုရီးယား တစ်နိုင်ငံတည်း တော့ မဟုတ်ပါဘူး။ဂျပန် မှာ ဆိုရင်လည်း အလားတူ အခြေအနေ မျိုး နဲ့ ရင်ဆိုင် ခဲ့ရပါတယ်။၂၀၂၀ ပထမ နှစ်ဝက်မှာ တင်ပဲ လက်ထပ်၊ကိုယ်ဝန်ဆောင် တဲ့ ဦးရေ ကျ ဆင်းသွားခဲ့ပါတယ်။

#SHWEMOM

SHARE