ခြေစမ်းပွဲမှာရော်နယ်ဒိုမကစားခဲ့လို့ အားကစားကုမ္ပဏီကို ပရိသတ်တွေတရားစွဲဖို့ပြင်

(AP Photo/Ahn Young-joon)

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ကစားခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းနဲ့ ကေလိဂ်အောစတားအသင်းတို့ရဲ့ ခြေစမ်းပွဲစဉ်မှာ ရော်နယ်ဒိုတစ်ယောက် ၀င်မကစားခဲ့ပဲ အရန်ခုံမှာသာ ထိုင်နေခဲ့တာကြောင့် ပွဲစီစဉ်ခဲ့တဲ့ ကိုရီးယားအားကစားကုမ္ပဏီ The Festa ဟာ တရားရင်ဆိုင်ရဖို့ ဖြစ်လာခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ ကစားပုံကို ကြည့်ဖို့အတွက် ဘောလုံးကွင်းထဲရောက်လာကြတဲ့ ကိုရီးယားပရိသတ်တွေဟာ ရော်နယ်ဒိုတစ်ယောက် ၀င်ကစားမယ့်အချိန်ကို ပွဲချိန်ပြည့်မျှော်လင့်နေခဲ့ကြပေမယ့် ပွဲပြီးဆုံးတဲ့အချိန်အထိ နည်းပြ ဆာရီ က ရော်နယ်ဒို ကို ၀င်ရောက်ကစားခိုင်းခြင်းမရှိခဲ့ပါဘူး။

(AP Photo/Ahn Young-joon)

ဆိုးလ်မှာပြုလုပ်ခဲ့တဲ့ အဲဒီပွဲစဉ်ကို ပရိသတ် (၆၅၀၀၀)လောက် လာရောက်ကြည့်ရှုခဲ့ကြပြီး သူတို့က ရော်နယ်ဒို ကို အားပေးဖို့အတွက် ရောက်လာခဲ့ကြတာပါ။

အဲဒီနောက်မှာတော့ ဒေါသထွက်ပြီး စိတ်ပျက်လက်ပျက်ဖြစ်နေကြတဲ့ ပရိသတ်တွေက ကွင်းအတွင်းမှာ ရော်နယ်ဒိုရဲ့ပြိုင်ဖက် ဖြစ်တဲ့ မက်ဆီရဲ့နာမည်ကို ဟစ်အော်ပြီး အားပေးနေခဲ့ကြပါတယ်။

READ
လေယာဉ်ကြောက်တဲ့စိတ်ကို ဆေးသုံးပြီးဖျောက်ဖို့ကြိုးစားခဲ့သူ ဒုက္ခရောက်
(AP Photo/Ahn Young-joon)

ဒီပွဲမှာ ရော်နယ်ဒို ပါလာမယ်လို့ ကြေညာပြီးနောက် လက်မှတ်စတင်ရောင်းချခဲ့တဲ့ အချိန် (၂)နာရီခွဲအတွင်းမှာပဲ လက်မှတ်(၆)သောင်းကျော် ရောင်းကုန်သွားခဲ့ပြီး လက်မှတ်ဈေးနှုန်းတွေက (၃၄)ဒေါ်လာကနေ (၄၆၄)ဒေါ်လာအထိ ရှိခဲ့တာပါ။

ဒါပေမယ့် ပွဲပြီးဆုံးချိန်အထိ ရော်နယ်ဒို တစ်ယောက် ၀င်ကစားခြင်းမပြုတဲ့နောက်မှာတော့ ပရိသတ် (၂၀၀၀)လောက်က ပွဲစီစဉ်တဲ့ အားကစားကုမ္ပဏီကို တရားစွဲဖို့ ပြင်ဆင်ကြပါတော့တယ်။

(AP Photo/Ahn Young-joon)

မြောင်ဂန်းပြည်နယ်ရဲ့ရှေ့နေတစ်ယောက်ဖြစ်တဲ့ ကင်မ် ကတော့ သူတို့အနေနဲ့ အားကစားကုမ္ပဏီကို တရားစွဲဖို့ ပြင်ဆင်နေကြောင်းနဲ့ လက်မှတ်ဖိုးတွေ ပြန်ရဖို့ကို ပရိသတ်တွေက မျှော်လင့်နေကြကြောင်း စင်္ကာပူပြည်တွင်း သတင်းဌာနတွေကို ဖြေဆိုသွားခဲ့ပါတယ်။

The Festa ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Ms Robin Zhang ကတော့ နာမည်ကြီး ကိုရီးယားရုပ်သံလိုင်းဖြစ်တဲ့ SBS က တစ်ဆင့် ရိုနယ်လ်ဒို ၀င်ကစားဖို့ သူမလည်း မျှော်လင့်ခဲ့ကြောင်း၊ ရိုနယ်ဒိုကိုယ်တိုင်က ခရီးပန်းလို့ အနားယူချင်နေတာ တော့ သူမလည်း မတတ်နိုင်ကြောင်း၊ ပွဲအပြီးမှာ ဂျူဗင်တပ်အသင်းရဲ့ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ နက်ဗက်ကို သူမ အရေးဆိုခဲ့ကြောင်း ပရိသတ်တွေကို ရှင်းပြကာ မျက်ရည်စက်လက်နဲ့ တောင်းပန်ခဲ့တယ်လို့လည်း သိရပါတယ်။

READ
ကင်ဂျုံအမ်ရဲ့အမိန့်ကြောင့် အားကစားပြိုင်ပွဲမှာ စစ်ရေးပြခဲ့ရသည့် ကျောင်းသားကျောင်းသူများ

Linn

Source : straitstimes.com

SHARE