ခုံလွတ်တွေမှာ လူကြီးအရုပ်တွေ ထားမိတဲ့ အပေါ် FC Seoul တောင်းပန်

Image:IG/outpumpsport/Fc Seoul

ကိုဗစ် ကြောင့် အားကစားပွဲ တစ်ချို့ကို ကွင်းပိတ် ကျင်းပ နေရပါတယ်။အရင်လို အားပေးတဲ့ ပရိသတ်တရုံးရုံး နဲ့ လုပ် လို့ မရ တော့ပဲ ပရိသတ် မပါပဲ ကျင်းပ နေရတဲ့ အနေ အထားပါတယ်။တစ်ချို့ အားကစား ပွဲတွေမှာတော့ ပွဲ ကြည့် စင်က ခုံ အလွတ်တွေ နေရမှာ အရုပ်လေးတွေ ထားတာ၊လူမျက်နှာ စတစ်ကာ  တွေ ကပ်တာမျိုး တွေ လုပ် ကြပါ တယ်။ဒါပေမယ့် ကိုရီးယား ဘောလုံး အသင်း FC Seoul ကတော့ သူများတွေ ထက်ပိုပြီး စတန့် အထွင် ကောင်းလို့ ဝေဖန် ပြစ်တင်ခံနေရပါတယ်။လူမရှိတဲ့ ခုံ အလွတ် တွေ မှာ လူကြီး အရုပ်တွေ ကို ထားခဲ့တာ ပါ။ဒီ သတင်းကိုတော့ CNN နဲ့ Koreaboo တို့ မှာ ဖော်ပြ ထားပါတယ်။

Image:IG/outpumpsport

K League season 2 မှာတော့  FC Seoul က  လူမရှိတဲ့ ခုံ တွေမှာ လူကြီး အရုပ်တွေ ကို ထားတယ်ဆိုပြီး မျက် စိ အရမ်းလျင်တဲ့ Fan တွေ က  ထောက်ပြ ပြောဆို ခဲ့ ကြပါတယ်။တနင်္ဂနွေ တုန်းက  Gwangju FC နဲ့ ယှဉ် ပြိုင် ခဲ့တာပါ။ကိုရီးယား ဘောလုံး championship ပွဲကိုတော့ ဖေ ဖော်ဝါရီ (၂၉) တည်းက စ ဖို့ စီစဉ် ခဲ့ပေမယ့် ကိုဗစ် ကြောင့်  ရွှေ့ဆိုင်းခဲ့ရတာပါ။

Image:IG/outpumpsport

ပရိသတ်တွေ အနေနဲ့ ကွင်းထဲ အထိ လာလို့ တော့ မရပဲ အွန်လိုင်းက နေပဲ အားပေးခွင့် ရခဲ့ပါတယ်။အွန်လိုင်းက အားပေးတဲ့ ပရိသတ်တွေ ကတော့  ပွဲကြည့်စင်က လူရုပ်တွေကိုပါ သတိထားမိခဲ့ပါတယ်။ လူရုပ် တွေ က ရိုးရိုး အရုပ်တွေ မဟုတ်ပဲ အရမ်း Sexy ကျ နေ ပြီး တစ်ချို့ အရုပ်တွေ မှာဆိုရင်တော့ လူကြီး အရုပ် ကုမ္ပဏီ တွေရဲ့ သင်္ကေတ တွေကိုပါ ကိုင်ဆောင် ထားတာကို တွေ့ ခဲ့ ကြပါတယ်။

READ
မီးဘေးအပြီး ရေဘေးနဲ့ ထပ်ကြုံနေရပြန်တဲ့ သနားစဖွယ် ကိုအာလာဝက်ဝံလေးများ
Image:IG/outpumpsport

FC Seoul က  တော့ IG  နဲ့ FB  က နေ တရားဝင် ပြန် တောင်းပန်ခဲ့ပါတယ်။မေ (၁၇) က ကစားပွဲ မှာ အားပေးဖို့ ထားတဲ့ လူရုပ် တွေ  ကြောင့် Fan တွေ စိတ် အ နှောင့်အယှက် ဖြစ်ခဲ့တဲ့ အတွက် တောင်းပန် ပါတယ် ဆိုပြီး ဆိုရှယ်မီဒီယာ တွေပေါ်မှာ တင်ခဲ့ပါတယ်။လူအစစ်တွေနဲ့တူလို့ ဆိုပြီး ထားခဲ့တာဖြစ်ပြီး အရုပ်တွေ ထားဖို့ သ ဘော မတူခင်တုန်းက အရုပ်အားလုံးက လူကြီး ရုပ်တွေ မဟုတ်  ကြောင်း၊ မော်ဒယ် အ၀တ်အစားတွေ ၀တ်တဲ့ လူရုပ်တွေပဲ ထားမယ်ဆိုပြီး ပြောခဲ့တာ ဖြစ် ကြောင်း၊  ၀န်ထမ်းတွေ အကြိမ်ကြိမ် စစ်ဆေး ခဲ့တုန်းကလည်း လူကြီး အရုပ်တွေ မဟုတ်ခဲ့ဘူးလို့  FC Seoul  က ဆိုပါတယ်။

လူကြီး အရုပ်ဆိုတာကို သတိ တောင် မထားမိခဲ့ပေမယ့် သူတို့ အမှားမို့ ဆင် ခြေ မ ပေးပဲ တောင်းပန် ပါတယ်လို့ ပြောခဲ့ပါတယ်။ အဖြူရောင်တီရှပ်ဝတ်ထားတဲ့ အမျိုးသမီး အရုပ် တစ်ရုပ်မှာ ဆိုရင်  မပေါ် သင့် တာ ပေါ် နေတာ တောင်မှ ဒါကြီးက လူကြီး အရုပ်မှန်း မသိဘူး ဆိုတာ ဖြစ်သင့်ရဲ့လား၊ လာ နောက် နေတာလား ဆိုပြီး ပရိသတ်တစ်ယောက်က IG မှာ Comment ၀င်ရေး ခဲ့ပါတယ်။Dalcom ဆိုတဲ့ ကုမ္ပဏီ က လူမရှိတဲ့ ခုံ အလွတ် တွေ မှာ အရုပ်တွေနဲ့ အစားထိုးပေးမယ်လို့ ကမ်းလှမ်းခဲ့လို့ Club အသင်းက သ ဘော တူ ခဲ့တာပါ။စုစုပေါင်း အရုပ် ကတော့ (၃၀) ဖြစ်ပြီး မိန်းမ အရုပ် (၂၈) ရုပ်နဲ့ ယောက်ျား အရုပ် (၂) ရုပ်ပါ။

SHARE