လူစိမ်းတစ်ဦးကို ဒေါ်လာ(၂၅၀) ကူညီလိုက်မိရာက၊ ဒေါ်လာ (၇)သိန်းကျော် ရသွားခဲ့သူ

Koldunova Anna / Shutterstock

တောင်ကိုရီးယားနိုင်ငံက အမျိုးသားတစ်ဦးဟာ အခြားနိုင်ငံခြားသားတစ်ဦးကို ဒေါ်လာ(၂၅၀) ယုံယုံကြည်ကြည် ချေးလိုက်မိရာက ထင်မှတ်မထားတဲ့ ကျေးဇူးတုန့်ပြန်မှုကို ရရှိခဲ့ပါတယ်။ သူဟာ UAE နိုင်ငံသားတစ်ဦးကို သူနဲ့ မရင်းနီးပါဘဲနဲ့ ကိုရီးယားဝမ် (၃)သိန်း ထုတ်ချေးခဲ့တာပါ။ တန်ဖိုးအားဖြင့် ဒေါ်လာ(၂၅၀) ဖြစ်ပါတယ်။

အဲဒီ UAE အမျိုးသားဟာ ကိုရီးယားမှာ အလုပ်ကိစ္စအတွက် ရောက်လာခဲ့ဟန်ရှိပါတယ်။ သူဟာ ကိုရီးယားနိုင်ငံသားထံ ချဉ်းကပ်ပြီး သူ ပိုက်ဆံအိတ်ပျောက်သွားကြောင်း၊ စားစရာအတွက် ဘာမှ မကျန်တော့သလို၊ စာရွက်စာတမ်းကိစ္စတွေ လုပ်ဆောင်ဖို့လည်း အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီအတွက် သူ့ကို ပိုက်ဆံချေးဖို့ အသနားခံခဲ့တာပါ။

rachfeed

တကယ်တော့ ဒီလိုအချိန်မျိုးမှာ သူစိမ်းတစ်ယောက်ကို ကူညီတာပဲဖြစ်ဖြစ်၊ ချေးငှားလိုက်တာပဲဖြစ်ဖြစ် ပြန်ရဖို့ မလွယ်ပါဘူး။ အကြောင်းကတော့ ဒီလိုအကွက်မျိုးက လူလိမ်တွေခင်းလေ့ရှိတဲ့ မရိုးနိုင်တဲ့အကွက် ဖြစ်နေလို့ပါ။ နောက်ပြီး ဒူဘိုင်းအမျိုးသားမှာ တစ်ခြား ပေါင်နှံစရာ ID လိုဟာမျိုးလည်း ပါမလာခဲ့ပါဘူး။ ပိုက်ဆံအိတ်ထဲ အကုန်ပါသွားခဲ့လို့ပါ။

ဒါပေမယ့် ကိုရီးယားနိုင်ငံသားက ယုံယုံကြည်ကြည် ပိုက်ဆံထုတ်ပေးခဲ့ပါတယ်။ သူတို့ချင်း ဖုန်းနံပတ် လဲလှယ်ခဲ့ပါတယ်။ တကယ်တော့ သူ ကူညီလိုက်သူဟာ ဒူဘိုင်းမှာ ကျိကျိတက် ချမ်းသာသူတစ်ယောက် ဖြစ်နေပါတယ်။ တစ်ပတ်ကြာတဲ့အခါမှာ ကိုရီးယားနိုင်ငံသားထံမှာ ဒေါ်လာ (၇၇၅၀၀၀)တန်ဖိုးရှိတဲ့ ကိုရီးယားဝမ် သန်း(၈၉၀)အထိ လွှဲပေးခဲ့တာပါ။

rachfeed

ဒါဟာ လူတစ်ယောက်ကို ပိုက်ဆံနည်းနည်း ချေးလိုက်မိရာက ပြန်ပြီးရရှိတဲ့ ငွေပမာဏဟာ ဒီကိုရီယားနိုင်ငံသားလောက် ဘယ်သူမှ များမယ်မထင်ပါဘူး။ ဒီလိုဖြစ်ရပ်မျိုး ရှိချင်ရှိနိုင်မှာဆိုပေမယ့် အခုလို သူစိမ်းတစ်ယောက်က အခြားသူစိမ်းတစ်ယောက်ကို ကျေးဇူးပြန်ဆပ်တယ်ဆိုတာကလည်း ဖြစ်တောင့်ဖြစ်ခဲ ကိစ္စပါဘဲ။

လင်းဇော်ကို

SHARE