အာရှအလှအပအချိုးစားတွေကို ဗြောင်းဆန်စေခဲ့တဲ့ တောင်ကိုရီးယား Plus-size Model

Instagram

သူမနာမည်ကတော့ Taylor Tak ဖြစ်ပါ။ မော်ဒယ်လောကမှာတော့ T လို့ ခေါ်လေ့ရှိပါတယ်။

Instagram

အနောက်နိုင်ငံမှာ ကျောင်းတက်ခဲ့ပေမယ့် တောင်ကိုရီးယားသူတစ်ယောက်ဖြစ်တာကြောင့် အကျီင်္ဆိုဒ်တိုင်းဟာ 0 မှ 6 အတွင်းရှိပါမှ သာမန်လူသားတစ်ဦးအဖြစ်မှတ်ယူခဲ့ကြပါတယ်။ ဒါပေမဲ့ T ရဲ့ အကျီင်္ဆိုဒ်ဟာ 14 ဖြစ်နေခဲ့ပါတယ်။

Instagram

ငယ်စဉ်ကတည်းက ဝခဲ့ပြီး မိဘများကိုယ်တိုင်ကလည်း သူမရဲ့ဖွံ့ဖြိုးလှတဲ့ခန္ဓာကိုယ်ကြောင့် အမြဲတမ်းစိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကြပါတယ်။ ပတ်ဝန်းကျင်မှဝိုင်းပြီးကဲ့ရဲ့အပြစ်တင်စကားများကြောင့် အသက် (၁၀) နှစ်အရွယ်မှာကတည်းက တစ်နေ့ကို ကယ်လိုရီ ၁၀၀၀ သာကျွေးတဲ့ diet school သို့ ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ Diet School ဆိုတာဟာ ဝနေတဲ့လူတွေကို သူတို့ပြောတဲ့ “သူမန်လူသား” အဖြစ်ရောက်ရှိအောင် ကိုယ်အလေးချိန်လျှော့ချပေးတဲ့ ကျောင်းပဲဖြစ်ပါတယ်။

Instagram

နိုင်ငံတိုင်းမှာ ဝတာကို နှိမ်စရာတစ်ခုလိုသဘောထားခဲ့ကြပေမယ့် အာရှိနိုင်ငံ၊ အထူးသဖြင့် တောင်ကိုရီးယားနိုင်ငံဟာ ခန္ဓာကိုယ်အလေးချိန်ကို သေရေးရှင်ရေးထက်တောင် ပိုဦးစားပေးလေ့ရှိတဲ့နိုင်ငံပါ။ အထူးသဖြင့် အရွယ်ရောက်ပြီးသားမိန်းကလေးတစ်ဦးက ဝနေတာနဲ့တင်ကို ယူမယ့်ယောက်ကျားဘယ်ရှိမလဲဆိုပြီး အပြစ်တင်ကြပါတယ်။

READ
စင်ကာပူတွင် မွေထိုင်းအားကစားရုံတည်ထောင်နိုင်ခဲ့တဲ့ ၂၅ နှစ်အရွယ်အမျိုးသမီးငယ်၂ ဦး
Instagram

ငယ်ကတည်းက ဝလျှင်သာမန်လူ မဟုတ်ဘူးဆိုတဲ့ အသိနဲ့ရိုက်သွင်းခံကာ နေလာခဲ့ရာမှ သူမဘဝရဲ့တစ်ဆစ်ချိုးပြောင်းလဲခြင်းကို လန်ဒန်မှာစတင်တွေ့ရှိခဲ့ပါတယ်။ လမ်းလျှောက်နေတဲ့သူမကို လန်ဒန်မှဓာတ်ပုံဆရာတစ်ဦးမှ သတိထားမိကာ ဓာတ်ပုံရိုက်ဖို့ လာကမ်းလှမ်းခဲ့ပါတယ်။ T ဟာ သူမရဲ့ ဝဖိုင့်လှတဲ့ကိုယ်ခန္ဓာအချိုးစားနဲ့ ပုနေတဲ့အရပ်တို့ကြောင့် မယုံကြည်နိုင်လောက်အောင်ဖြစ်ပြီး မကောင်းတဲ့စိတ်နဲ့လာရောက်ချဉ်းကပ်တယ်လို့ စစချင်းတော့ ထင်မိခဲ့ပါတယ်။

Instagram

ဒါပေမဲ့ တစ်နှစ်အကြာမှတော့ အဲဒီဓာတ်ပုံဆရာရဲ့ကျေးဇူးကြောင်ပဲ လူသိများလာကာ body positivity နဲ့ size inclusivity လှုပ်ရှားမှုတွေမှာ ပင်တိုင်ပါဝင်ခဲ့ပါတယ်။

ဝတဲ့အမျိုးသမီးတစ်ဦးဖြစ်တာနဲ့အညီ ခန္ဓာကိုယ်အစိတ်အပိုင်းများကလည်း အခြားပိန်ပိန်သွယ်သွယ်အမျိုးသမီးတွေထက်ပိုမိုကြီးမားတာကြောင့် ဘာဝတ်ဝတ်ကောက်ကြောင်းတွေ ထင်းနေတဲ့အတွက် လူအများက T ကို လိင်ပိုင်းဆိုင်ရာအရအရမ်းဆွဲဆောင်လွန်းတယ်လို့ သမုတ်လေ့ရှိခဲ့ပါတယ်။

Instagram

ပတ်ဝန်းကျင်ရဲ့စကားတွေကြောင့်ပဲ အတိတ်တုန်းက ပိန်ဆေးမှန်သမျှသောက်ဖူးကာ လပေါင်းများစွာ အစာအငတ်ခံပြီး ကိုယ်အလေးချိန်လျှော့ချခဲ့ပါတယ်။ ဓာတ်ပုံတွေမှာလည်း ခန္ဓာကိုယ်ကိုသွယ်လျအောင် ပြင်ဆင်ပြီးမှ တင်လေ့ရှိတယ်လို့ T က ဝန်ခံခဲ့ပါတယ်။

Instagram

ကျောင်းပြီးလို့ အစိုးရဌာနတစ်ခုမှာ အလုပ်ဝင်လုပ်တဲ့အခါတုန်းကလည်း ဒီလိုခန္ဓာကိုယ်မျိုးနဲ့ဆို လက်ထပ်ဖို့လူမရှိဘူးဆိုပြီး အထက်လူကြီးတွေရဲ့ လှောင်ပြောင်ခြင်းကိုခံခဲ့ရပါသေးတယ်။ (အခုအချိန်မှာတော့ အလုပ်ထွက်လိုက်ပြီး မော်ဒယ်လုပ်ငန်းကိုပဲ ဇောက်ချလုပ်ကိုင်လျက်ရှိပါတယ်။) ခန္ဓာကိုယ်ကြောင့်ပဲ လူတွေရဲ့အထင်မြင်သေးခြင်းကိုခံရကာ လိင်ပိုင်းဆိုင်ရာလိမ်လည်မှုတွေပါ ဖြစ်ခဲ့တဲ့အထိကို ခံစားခဲ့ရသူပါ။

READ
ကယ်လီဖိုးနီးယားက လူတွေ ခေါင်းစားခဲ့ရတဲ့ ညအချိန် ကောင်းကင်ယံက အလင်းစုကြီး
Instagram

သူမဟာအခုဆိုလျှင်တော့ နာမည်ကျော်မဂ္ဂဇင်းတွေဖြစ်တဲ့ Cosmopolitan Korea နဲ့ Queen Size တို့မှာ ပင်တိုင်မော်ဒယ်အဖြစ်လုပ်ကိုင်နေပြီး plus-size အကျီင်္ brand များဖြစ်တဲ့ Curvy Sense, Hotping, Romwe, Fashion Nova နဲ့ SheIn စတဲ့ နိုင်ငံတကာ brand များမှာလည်း ပင်တိုင်မော်ဒယ်အဖြစ် လုပ်ကိုင်နေပြီး ဘဝကို ယုံကြည်မှုရှိရှိနဲ့ တစ်ယောက်တည်း ဖြတ်သန်းနေပါတယ်။

Source: Next Shark, Curvy Sense, Instagram/@beyoutiful_taylort

Penny

SHARE