Live လွှင့်နေတဲ့ Video Call မှာ စကားပြောရင်း အပေါ့သွားခဲ့တဲ့ တောင်ဆူဒန် သံတမန်

Pixabay-jarmoluk Youtube

လက်ရှိ COVID 19 စြဖ်နေတဲ့အချိန်မှာ လူတော်တော်များများဟာ အိမ်မှာပဲနေနေကြသလို အလုပ်ကိစ္စတွေရှိရင်လည်း Video Call ခေါ်ပြီး meeting လုပ်လေ့ ရှိပါတယ်။ အခုလည်း တောင်ဆူဒန်နိုင်ငံက နိုင်ငံရေး အမတ်တွေနဲ့ တောင်ဆူဒန် သံတမန်အရာရှိတွေဟာ နိုင်ငံရေးကိစ္စတစ်ခုကို Video call ပြောပြီး Live လွှင့်ကာ ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမယ့် တောင်ဆူဒန် သံတမန်ဖြစ်သူဟာ Video call ပြောနေရင်း အပေါသွားတဲ့အချိန် ဖုန်းကင်မရာကို ပိတ်ဖို့မေ့သွားခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-jarmoluk

လက်ရှိ အမေရိကန်နိုင်ငံမှာ နေထိုင်လျက်ရှိတဲ့ တောင်ဆူဒန်နိုင်ငံရဲ့ သံတမန်ဖြစ်သူ Gordon Buay ဟာ တောင်ဆူဒန်နိုင်ငံက နိုင်ငံရေးသမားအချို့နဲ့ Video call ပြောနေတာကို Facebook ကနေ Live လွှင့်ခဲ့ပါတယ်။ သူတို့အကုန်လုံးပြောနေတဲ့ အဓိကအကြောင်းအရင်းကတော့ နိုင်ငံရေးအကြောင်းတွေပါပဲ။ အဲဒီအချိန်မှာ Buay ဟာ အပေါ့သွားလိုက်ဦးမယ်လို့ ပြောပြီး Live session ကနေ ထွက်ခဲ့ပါတယ်။ ဒါပေမယ့် Buay စိတ်ထဲမှာ ကင်မရာကို ပိတ်ပြီးပြီလို့ ထင်နေတာပါပဲ။ ဒါပေမယ့် သူမပိတ်ခဲ့ပါဘူး။

အဲဒီအချိန် တစ်ခြားလူတွေကလည်း Buay ထိုင်နေရာကနေ ထသွားတာကို မြင်လိုက်ပါတယ်။ အိမ်သာထဲရေက်တဲ့အချိန် အကုန်လုံးစိတ်ထဲမှာ Buay တစ်ယောက် ကင်မရာကို သူ့ဘာသာသူပဲ ပိတ်ခဲ့မယ်လို့ ထင်ခဲ့တာပါ။ ဒါပေမယ့် တစ်ကယ့်လက်တွေ့အချိန်မှာ Buay တစ်ယောက် ကင်မရာကြီးကို ဒီအတိုင်းဖွင့်ထားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Buay တစ်ယောက် အပေါ့သွားနေတဲ့ ပုံစံကို ကင်မရာကနေ တိုက်ရိုက်မြင်ခဲ့ရပြီး Live ထဲမှာ ဆွေးနွေးနေတဲ့ လူတစ်ချို့ကတောင် Buay ရဲ့ အပြုအမူကို ရယ်နေခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ သူတို့ထဲကတစ်ယောက်ဟာ Buay ကို Live ကနေ ချက်ချင်း kick ခဲ့ပါတယ်။

“သံတမန်တစ်ယောက်ရဲ့ အပြုအမူနဲ့ လုံးဝကို မလျော်ညီပါဘူး။ ဘယ်လောက်ပဲ မေ့သွားတယ်ပြောပြော လူအများကြီးကြည့်နေတဲ့အချိန်မှာ ဒီလိုပုံစံနဲ့ သူ့ကို တွေ့လိုက်ရတာ လူတိုင်းနီးပါး စိတ်ပျက်သွားမှာပါပဲ။ ကျွန်တော်ကိုယ်တိုင်လဲ တော်တော်စိတ်ပျက်မိပါတယ်။ သူထသွားတဲ့အချိန် ကျွန်တော့်တို့ စကားဆက်ပြောနေခဲ့တာပဲ။ သူအသံတွေကြားနေရမှာလေ။ ဘာကြောင့် ပိတ်ဖို့မေ့သွားလဲဆိုတာ ကျွန်တော်လုံးဝစဉ်းစားလို့ မရပါဘူး” လို့ တောင်ဆူဒန်နိုင်ငံရဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ James Okuk က ပြောကြားခဲ့ပါတယ်။

READ
မျောက်ရဲ့နီရဲနေတဲ့ တင်ပါးကို မီးနီလို့ထင်ပြီး ကားဘရိတ်အုပ်ရာမှ ယာဉ်တိုက်မှုဖြစ်ပွား

Pyi Hein Kyaw

SHARE