ဝိုင်နီတွေအပြည့် ထည့်ထားတဲ့ ရေကန်ထဲ ရေစိမ်လို့ရနိုင်မယ့် ဂျပန်နိုင်ငံက Spa

စိတ်ဖိစီးမှုတွေ ဖြေဖျောက်ဖို့ သာမန်မဟုတ်တဲ့ spa မျိုး ရှာနေတယ် ဆိုရင်တော့ ဂျပန်က Spa က အသင့်တော်ဆုံးပါပဲ။ Spa ရဲ့ နာမည်ကတော့ Yunessun Spa Resort ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ Hakone မှာ တည်ရှိပြီး တစ်ခုတည်းသော ထူးခြားတဲ့ပုံစံနဲ့ ဝန်ဆောင်မှု ပေးနေလျက်ရှိပါတယ်။ ဧည့်သည်တွေကို ရေပူစိမ်ရာမှာ သာမန်မဟုတ် ဆန်းပြားတဲ့ နည်းလမ်းတွေနဲ့ ဖန်တီးထားတဲ့ ရေပူကန်တွေကြောင့် လူအများကြား ရေပန်းစားနေတဲ့ spa ပါ။

နောက်ထပ်ထူးခြားတာ တစ်ခုကတော့ ဒီ spa resort ကို တစ်နှစ်မှာ (၁၂) ရက်ပဲ ဖွင့်တာပါ။ Spa ကို လာတဲ့ ဧည့်သည်တွေဟာ မိမိတို့ လိုအပ်ချက်ပေါ်လိုက်ပြီး ရေကန်တွေကို ရွေးလို့ရပါတယ်။ ဝိုင်နီကန်အပြင် အခြားကန်တွေလည်းရှိလို့ ဆက်လက်ဖတ်ရှု ကြပါဦးနော်။

READ
ခရီးသွားကောင်းတစ်ယောက်ဖြစ်ဖို့ ပြုလုပ်သင့်တဲ့ အချက်လေးများ
Amusing Planet
Amusing Planet

ဝိုင်နီနဲ့ ရေချိုးခြင်းဟာ ရှေးအခါက အီဂျစ်ဘုရင်မ ကလီယိုပတ်ထရာလည်း အခုလို ရေချိုးလေ့ရှိတယ်လို့ဆိုပါတယ်။

Amusing Planet

ဝိုင်နီကန်မှာ ရေစိမ်ရေကူးလို့ရတဲ့အပြင် ဝန်ထမ်းတွေက သောက်စရာဝိုင်နီကိုလည်း ဝန်ဆောင်မှုပေးဦးမှာပါ။

Amusing Planet

အသားရေကိုပိုမိုကြည်လင်ချင်ပြီး အရေးအကြောင်းတွေ၊ အသက်ကြီးလာတဲ့အတွက် ဖြစ်ပေါ်လာတဲ့ အမှတ်တွေနဲ့ မှည့်ခြောက်တွေကို သက်သာချင်တယ်ဆိုရင်တော့ ဂျပန်ရိုးရာအရက်ဖြစ်တဲ့ ဆာကေးကန်မှာ စိမ်နိုင်ပါတယ်။

Amusing Planet

အရေပြားကျန်းမာသန်စွမ်းပြီး ကိုယ်ခံအားကောင်းမွန်ချင်တယ်ဆိုရင်တော့ လက်ဘက်စိမ်း၊ Green Tea ကန်ထဲမှာ စိမ်နေလို့ရပါတယ်။ Tanzawa နဲ့ Hakone က ထွက်ရှိတဲ့ လက်ဘက်စိမ်းပင်တွေကိုပဲ အသုံးပြုထားတာပါ။

Amusing Planet

နှပ်ပြီးခါစ ကော်ဖီက သောက်ဖို့အတွက်ပဲလို့ ဘယ်သူပြောလဲ။ ကဖင်းဓာတ်တွေ ကြွယ်ဝတဲ့ ဒီကော်ဖီကန်ထဲမှာလည်း စိတ်ကြည်လင် လန်းဆန်းအောင် ရေစိမ်လို့ ရပါတယ်။ နှပ်ပြီးခါစဆိုတော့ ပူပူနွေးနွေးလေးပေါ့။

Amusing Planet

ယုံချင်ယုံ မယုံချင်နေပါနော်။ ချစ်သူများနေ့ဆိုရင် ချောကလက်နဲ့ ရေချိုးလို့ ရပါတယ်တဲ့။

Toshifumi Kitamura

Spa ကို သွားလည်ဖို့အတွက် ဗီဒီယိုအမြည်းလေး ကြည့်သွားကြပါဦးနော်။

READ
ပေ (၅၀၀) အထက်မှာ ရေကူးရမယ်ဆို ကူးရဲပါမလား......

Source: Elite Readers

Penny

SHARE