ထမင်းဘူးက မိန်းကလေးဆန်တယ်ဆိုပြီး ကျောင်းမှာ အနိုင်ကျင့်ခံရတဲ့ ကလေးငယ်

ပြီးခဲ့တဲ့လအနည်းငယ်တုန်းက ဒေးဗစ်ပန်ဒရာဂွန်ဆိုသူက ဖေ့စ်ဘုတ်မှာ ထူးထူးခြားခြား ပို့စ်တစ်ခု တင်ခဲ့ပါတယ်။ ပို့စ်ထဲမှာတော့ တူဖြစ်သူဟာ ရောင်စုံထမင်းဘူးကို ကျောင်းသယ်သွားတာကြောင့် ကျောင်းမှာ အနိုင်ကျင့်ခံရတယ်ဆိုတဲ့ အကြောင်းပါ။

“ကျွန်တော့်တူ ရိုက်ကာက ကြောင်လေးတွေကို ချစ်ပါတယ်။ ထမင်းဘူးမှာ ကြောင်ရုပ်ကလေးတွေနဲ့ဆိုတော့ သူကပျော်နေတာ။ ထမင်းဘူးကလည်း ရောင်စုံဖြစ်ပြန်၊ ကြောင်ရုပ်ကလေးတွေလည်း ပါတယ်ဆိုတော့ သူ့အတန်းထဲက ကောင်လေးတွေက ရိုက်ကာကို စကြတယ်။ ဒါကြောင့်ရိုက်ကာက ကျောင်းမှာထပ် အစခံရမှာစိုးလို့ ထမင်းဘူးတောင် မယူရဲတော့ဘူး” လို့ ဒေးဗစ်ကသူ့ဖေ့စ်ဘုတ်မှာရေးသားခဲ့ပါတယ်။

ကြင်နာတတ်တဲ့ ဦးလေးဖြစ်တဲ့ ဒေးဗစ်ဟာ တခြားသူတွေရဲ့ အမြင်ကို အလေးအနက်ထားစရာမလိုပဲ ကိုယ်နှစ်သက်တဲ့ပစ္စည်း ကိုယ်သုံးနိုင်တဲ့အကြောင်း  ရိုက်ကာကို သက်သေပြခဲ့ပါတယ်။ ရိုက်ကာနဲ့ အလားတူ ထမင်းဘူးတစ်ဘူးကို ၀ယ်လိုက်ပြီး အလုပ်ကို သယ်သွားခဲ့ပါတယ်။ ပြီးတော့အလုပ်မှာ ထမင်းဘူးသယ်သွားတဲ့ သူ့ဓာတ်ပုံကို စာရေးပြီး ဖေ့စ်ဘုတ်ပေါ်တင်လိုက်ပါတယ်။ အင်တာနက် အသုံးပြုသူတွေဟာ ဒေးဗစ်ရဲ့လုပ်ရပ်တွေကို သဘောကျသွားခဲ့ပါတယ်။ ရိုက်ကာကိုအားပေးတဲ့ အနေနဲ့ရော တခြားကလေးတွေကိုပါ အပြင်လူတွေရဲ့ အထင်အမြင်သေး နှိမ့်ချအနိုင်ကျင့်မှုတွေကို ဂရုမစိုက်ဖို့ အားပေးခဲ့ပါတယ်။ ဒါ့အပြင် အလားတူ ထမင်းဘူးမျိုးတွေကို လိုက်ဝယ်ပြီး  ဒေးဗစ်ရဲ့ ဖေ့စ်ဘုတ်မှာ ထမင်းဘူးကိုင်ထားတဲ့ သူတို့ပုံတွေကို လာရောက်မျှဝေခဲ့ပါတယ်။ မကြာခင်မှာပဲ ယင်းပို့စ်ဟာ လျင်မြန်စွာပြန့်နှံ့ခဲ့တာကြောင့် ပစ္စည်းပြတ်တဲ့အထိ ရောင်းအားကောင်းခဲ့တယ်လို့ သိရပါတယ်။

READ
အမှိုက်ကောက်တာ ရှက်စရာမဟုတ်ကြောင်း သက်သေပြခဲ့တဲ့ ဘောလုံးပရိသတ်များ

အသက်(၁၀)နှစ်အရွယ် ကျောင်းသားလေး ရိုက်ကာဖြစ်ပါတယ်။ မကြာသေးခင်မှ ရောင်စုံထမင်းဘူးကြောင့် ကျောင်းမှာ အနိုင်ကျင့်ခံရတာပါ။

Emily Fowler

တူဖြစ်သူကို စိတ်ခွန်အားပေးဖို့ ဦးလေးဖြစ်သူ ဒေးဗစ်ဟာ အခုလို စဉ်းစားခဲ့ပါတယ်။

David Pendragon

တူဖြစ်သူနဲ့ အလားတူ ထမင်းဘူးမျိုး ၀ယ်ပြီး ရုံးကို ထမင်းဘူးသယ်သွားကာ အမျိုးသားတွေလည်း ဘယ်အရာမဆို ကြိုက်နှစ်သက်လို့ ရတယ်ဆိုကာ ပြသခဲ့ပါတယ်။

David Pendragon

အွန်လိုင်း အသုံးပြုသူတွေက ဒေးဗစ်ရဲ့ပို့စ်ကို နှစ်သက်လွန်းတာကြောင့် ပုံစံတူထမင်းဘူးမျိုးတွေ ၀ယ်ယူပြီး အလုပ်ကို သယ်လာကြပါတယ်။

Andrew James Owen
Amanda Hill Newby

လူတွေက အနိုင်ကျင့်နှိပ်စက်သူတွေကို လျစ်လျူရှုဖို့ ရိုက်တာကို အားပေးခဲ့ပါတယ်။

Sharon Malley
Angela Kenton

လင်းလင်း (ShweMom)

Ref: BoredPanda

SHARE