မုန်တိုင်းတိုက်ပြီး ရေလွှမ်းမိုးမှုခံနေချိန်မှာ ထူးထူးခြားခြား နှင်းတွေကျနေတဲ့ စပိန်နိုင်ငံ

112IllesBalears

လူတိုင်းသတိထားမိကြရဲ့လားမသိဘူး။ ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးဟာ တောမီးလောင်လိုက်၊ ရေကြီးလိုက်၊ မီးတောင်ပေါက်ကွဲလိုက်၊ အခုကျတော့လဲ မုန်တိုင်းတိုက်ပြန်ပြီဗျာ။ ဒါတွေအကုန်လုံးက ၂၀၁၉ မေလလောက်ကတည်းက တစ်ခုပြီး တစ်ခုဖြစ်နေတာ။ အခုထပ်ဖြစ်တာကတော့ စပိန်နိုင်ငံမှာ မုန်တိုင်းတိုက်ပြီး ရေကြီးနေပြန်ပြီတဲ့ဗျာ။

 

Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ Gloria လို့ အမည်ရတဲ့ မုန်တိုင်းဟာ စပိန်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲကြောင်း သိရပါတယ်။ အဆိုပါ မုန်တိုင်းဟာ စပိန်နိုင်ငံ အရှေ့ဘက်အခြမ်းကို ဗဟိုပြု တိုက်ခတ်ခဲ့တာဖြစ်ပြီး လေကြမ်းတိုက်ခတ်တာတွေ၊ ကြီးမားတဲ့ ရေလှိုင်းကြီးတွေ ၊ မိုးသည်းကြီးမည်းကြီးရွာသွန်းတာတွေ နဲ့ နှင်းကျတာတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

READ
ပြုတ်ကျတော့မယ့် အိမ်ဖော်အမျိုးသမီးကို မကယ်ဆယ်ဘဲ ဗွီဒီယိုရိုက်နေတဲ့ အိမ်ရှင်
silviaragolta

လက်ရှိအချိန်မှာ Gloria မုန်တိုင်းကြောင့် သေဆုံးသူ ၉ယောက်ထိရှိခဲ့ပြီး ၄ယောက် ပျောက်ဆုံးနေကြောင်း သိရပါတယ်။ Tarragon ဒေသရှိ လူပေါင်း ၂သိန်း၂သောင်းဟာ မုန်တိုင်းကြောင့် လျှပ်စစ်မီး ပြတ်လပ်သွားတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။ Mallorca မြို့မှာတော့ ရေလှိုင်းတွေ အလုံးအရင်း ဝင်ရောက်လာပြီး အခြားမြို့တစ်ခုကတော့ နေရာတိုင်းမှာ အမြှုပ်တွေနဲ့ ပြည့်နေပါတယ်။ ထိုမြို့မှာ နှင်းတွေကျဆင်းနေတဲ့အချိန် ပင်လယ်ရေလှိုင်းတွေ ဝင်ရောက်ခဲ့လို့ အခုလို အမြှုပ်တွေ နေရာအနှံ့ရှိနေတာဖြစ်ကြောင်း သိရပါတယ်။

 

Pyi Hein Kyaw

SHARE