စပိန်ဝန်ကြီးချုပ်အသစ်ကို မကျေနပ်ကြောင်း အသံတိတ်နည်းနဲ့ဖော်ပြခဲ့တဲ့ ဒီဂီယာ

စပိန်လက်ရွေးစင်အသင်းရဲ့ ဂိုးသမား ဒီဂီယာ ကတော့ စပိန်အသင်းသားတွေနဲ့ စပိန်ဝန်ကြီးချုပ်သစ်ရဲ့တွေ့ဆုံပွဲမှာ သူ့ရဲ့မကျေနပ်ချက်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ ဇွန်လ ၂ ရက်နေ့ကမှ စပိန်နိုင်ငံရဲ့ ၀န်ကြီးချုပ်အသစ် ဖြစ်လာခဲ့တဲ့ ပက်ဒရိုဆန်းချက်ဇ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် စပိန်အသင်းသားတွေကို လာရောက်တွေ့ဆုံခဲ့တာဖြစ်ပြီး ၀န်ကြီးချုပ်လာရောက်ချိန်မှာ တခြားအသင်းသားတွေ လက်ခုပ်တီးကြိုဆိုခဲ့ကြပေမယ့် ဒီဂီယာကတော့ သူ့ရဲ့လက်တွေကို ဘောင်းဘီအိတ်ထဲ ထည့်ထားခဲ့ပါတယ်။

AS TV

တကယ်တော့ ဒီဂီယာ ဟာ ၀န်ကြီးချုပ်အပေါ် မကျေမနပ်ဖြစ်နေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ (၂)နှစ်၊ ပက်ဒရိုဆန်းချက်ဇ် နိုင်ငံရေးသမားဘ၀မှာ ရှိနေစဉ်တုန်းက သူ့ကိုဝေဖန်ခဲ့ဖူးတာကို မေ့မရ ဖြစ်နေခဲ့တာပါ။

အဲဒီအချိန်တုန်းက ဒီဂီယာ ဟာ လိင်အကြမ်းဖက်မှုနဲ့ စွပ်စွဲခံနေရပြီး ဆန်းချက်ဇ်က “ဒီဂီယာအနေနဲ့ လက်ရွေးစင်အသင်းမှာရှိနေတာ စိတ်မသက်မသာဖြစ်ရတယ်” လို့ ပြောဆိုဖူးခဲ့တာပါ။

ဒါကြောင့်မို့ ဒီဂီယာက အသင်းဆီကို လာရောက်ခဲ့တဲ့ ၀န်ကြီးချုပ်ကို မကြိုဆိုခဲ့တာဖြစ်ပြီး လက်ဆွဲနှုတ်ဆက်ခဲ့တဲ့ အချိန်မှာလည်း သူ့မျက်နှာက တည်တည်ကြီး ဖြစ်လို့နေခဲ့ပါတယ်။

READ
၁၄-၇-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
AS TV

ဝန်ကြီးချုပ်ကတော့ စပိန်အသင်းရဲ့အောင်မြင်မှုတွေကို သူ့အနေနဲ့ မေ့မရနိုင်ဖြစ်နေဆဲဖြစ်ပြီး ဒီကမ္ဘာ့ဖလားမှာလည်း အောင်မြင်မှုတွေရယူဖို့မျှော်လင့်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

စပိန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု (ဘီ) မှာ ပေါ်တူဂီ၊ မော်ရိုကို၊ အီရန် တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ပြီး အုပ်စုပထမနေရာအတွက် ပေါ်တူဂီကို ကျော်ဖြတ်ရမှာဖြစ်ပါတယ်။

AS TV

Linn

Source : Dailymail

 

SHARE