ကမ္ဘာ့ဖလားပြိုင်ပွဲစရန် တစ်ရက်အလိုမှာပင် စပိန်အသင်းနည်းပြ လိုပီတီဂီ ထုတ်ပယ်ခံရ

ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ဖို့ တစ်ရက်အလိုမှာပဲ စပိန်အသင်းရဲ့နည်းပြ လိုပီတီဂီ ထုတ်ပယ်ခံလိုက်ရပါတယ်။ ရီးယဲလ်အသင်းရဲ့နည်းပြအဖြစ် ခန့်အပ်လိုက်ပြီး နောက်တစ်နေ့မှာပဲ စပိန်ဘောလုံးအဖွဲ့ချုပ်က သူ့ကိုထုတ်ပယ်လိုက်တာဖြစ်ပါတယ်။

.laliganews

စပိန်အသင်းတာဝန်ရှိသူတွေက ဒီကိစ္စနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ကြပြီး လိုပီတီဂီ ကို ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း အသိပေးလိုက်တာပါ။ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ရူဘီလက်စ် က သတင်းစာရှင်းလင်းပွဲကို ဦးဆောင်ခဲ့ပြီး မနက်ခင်းပိုင်းမှာ စပိန်ဘောလုံးကစားသမားတွေက လိုပီတီဂီကို မထုတ်ဖို့ ရူဘီလက်စ်ကို တောင်းပန်ခဲ့ကြတယ်လို့ သိရပါတယ်။

Dailymail

လက်ရှိအချိန်မှာတော့ စပိန်အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်တဲ့ ရီးယဲလ်ကစားသမားဟောင်း ဖာနန်ဒို ဟီရာရို က အသင်းကို တာဝန်ယူထားမှာဖြစ်ပြီး နည်းပြသစ်ရှာဖွေဖို့နဲ့ ပတ်သက်ပြီးတော့ ရူဘီလက်စ်က ဘာမှ ပြောဆိုခဲ့ခြင်းမရှိပါဘူး။

“ကျွန်တော်တို့ လိုပီတီဂီရဲ့ စွမ်းဆောင်မှုတွေနဲ့ ပတ်သက်လို့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် သူ့ကိုနှုတ်ထွက်ဖို့အတွက်တော့ ကျွန်တော်တို့ ဖိအားပေးခဲ့ရတယ်။ ဒါကို သစ္စာဖောက်တယ်လို့ ကျွန်တော် ခံယူမှာမဟုတ်ပါဘူး” လို့ ရူဘီလက်စ်က ဆိုပါတယ်။

READ
ထရမ့်ကိုကြည်ညိုလွန်းလို့ သူ့နာမည်ကို အသင်းမှာထည့်သွင်းခဲ့တဲ့ ဘောလုံးကလပ်

စပိန်အသင်းအနေနဲ့တော့ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီမှာ စိတ်ဓာတ်ရေးရာ ထိခိုက်သွားခဲ့ရတာဖြစ်ပြီး လာမယ့် စနေနေ့ နံနက် ၁၂း၃၀ မှာ ပေါ်တူဂီအသင်းကို နည်းပြမရှိဘဲ ရင်ဆိုင်သွားရဖို့ ရှိနေပါတယ်။

libertaddigital

 

Linn

Source : BBC

SHARE