ကလေးတွေကို ရိုက်နှက်ဆုံးမခြင်းဟာ ရေရှည်စိတ်ပိုင်းဆိုင်ရာ ပြဿနာများကိုဖြစ်စေနိုင်

Shutterstock

မိဘတိုင်း မိဘတိုင်းဟာ ကိုယ့်သားသမီးတွေကို ချစ်ကြတာ သဘာဝအလွန်ကျတဲ့ ကိစ္စရပ်တစ်ခုပါ။ တစ်ချို့မိဘတွေက ကလေးတွေကို အမိန့်အာဏာနဲ့ အုပ်ချုပ်တတ်ပြီး ရေဗူးပေါက်တာ မလိုချင်ဘူး ရေပါတာပဲ လိုချင်တယ်ဆိုပြီး ပုံစံသွင်းတတ်ပါတယ်။ ဒီလို အုပ်ချုပ်မှသာ သူတို့တစ်တွေ အရွယ်ရောက်လာတဲ့အခါ အနေအထိုင် ကျစ်လစ်တဲ့၊ စည်းကမ်းပြည့်ဝတဲ့ လူတစ်ယောက် ဖြစ်လာမယ်လို့ ထင်ကြပါတယ်။

Shutterstock

တစ်ချို့မိဘတွေကတော့ (ပိုက်ဆံအလွန်ချမ်းသာတဲ့ မိဘတွေမှာ အဖြစ်ပိုများပါတယ်) ကိုယ့်သားသမီးကို ချစ်လွန်းလို့ ဘာမှ မပြောရက် မဆိုရက် လက်ကလေးနဲ့တောင် မရွယ်ရက် သွန်သင်ဆုံးမမှုလည်း အားနည်း၊ လောကဝတ်လည်း မကျေပွန်၊ ငါတို့သားသမီး ဘာဖြစ်နေနေ ဘယ်သူ့အပူမှ တစ်ပြားသားမှမပါဘူးဆိုပြီး အစွမ်းကုန် အလိုလိုက် အကြိုက်ဆောင်တတ်ကြပါတယ်။

တကယ်တော့ ဒီလုပ်ရပ်နှစ်ခုစလုံးဟာ အစွန်းရောက်နေတဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေ ရှိလာပါတယ်။ ပထမ ဥပမာပြထားတဲ့ မိဘအမျိုးအစားအောက်က ကြီးပြင်းလာတဲ့ သားသမီးတွေဟာ ရေရှည်မှာ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကို သူများတွေထက် ပိုခံရပြီး၊ ကြောက်စိတ်၊ မဝံ့ရဲစိတ်၊ လူတောမတိုးခြင်း၊ အရှက်ကြီးခြင်း၊ အခြားသူများ အောင်မြင်သလောက် မအောင်မြင်ခြင်းကို ဖြစ်စေပါတယ်။

READ
ဒဏ်ရာရလာတဲ့အခါ သန့်စင်ဖို့အကောင်းဆုံး အိမ်တွင်းနည်းလမ်းများ
Shutterstock

ဒုတိယဥပမာပြထားတဲ့ မိဘတွေရဲ့ သားသမီးတွေကတော့ ကြီးပြင်းလာတဲ့အခါမှာ မိမနိုင်ဖမနိုင်၊ ရပ်ကွက်မနိုင်၊ ဆရာ/ဆရာမတွေမနိုင် သားသမီးတွေအဖြစ် ရှင်သန်ကြီးထွားလာတတ်ပြီး အမှုအခင်းတိုင်းမှာ သူတို့တစ်တွေရဲ့နာမည်ပါတတ်ပါတယ်။ ဒါက ပုံသေနည်းကျတဲ့ တွက်ချက်မှုတွေမဟုတ်ပေမယ့် အခြေခံအားဖြင့်တော့ ဒီပုံစံထဲက ပြေးမလွတ်ပါဘူး။

တစ်ချို့မိဘတွေက သားမီးတွေကို ဆုံးမတဲ့အခါမှာ ” ငါ့သားသမီး ငါရိုက်တာ ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ “ဆိုပြီး ကလေးကို ကျွဲလိုနွားလိုရိုက်နှက်တတ်ကြပါတယ်။ ဒီလို ရိုက်နှက်ခြင်းအားဖြင့် ကလေးဟာ နောက်ဆို သူတို့ကို လှန်ရဲတော့မှာ မဟုတ်ဘူး၊ နောက်ဆို အချိုးပြေသွားမယ်လို့ ထင်တတ်ကြပါတယ်။ အမှားကြီးမှားပါတယ်။

Shutterstock

တက္ကဆက်ပြည်နယ် University of Austin နဲ့ University of Michigan တို့ပြုလုပ်ခဲ့တဲ့ သုတေသနစာတမ်းတွေနဲ့ စစ်တမ်းတွေမှာ ငယ်ငယ်ရွယ်ရွယ်ကတည်းက ကြမ်းကြမ်းတမ်းတမ်း အုပ်ချုပ်ခြင်းခံခဲ့ရတဲ့ကလေးတွေဟာ ကြီးလာတဲ့အခါမှာ အပြုအမူတွေရိုင်းစိုင်း ခက်ထန်ခြင်း၊ ရန်လိုခြင်း၊ ထစ်ကနဲရှိ ရန်ဖြစ်တတ်ခြင်း စတဲ့ပြဿနာတွေအပါအဝင်၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ အသိအမြင်နဲ့ဆိုင်တဲ့ လွဲမှားတဲ့ အယူအဆတွေကို ဦးတည်စေကြောင်း ဖော်ပြထားပါတယ်။

READ
ငိုနေတဲ့ သင့်သူငယ်ချင်းအတွက် သင်လုပ်ပေးသင့်တဲ့ အရာ (7)မျိုး

ဒါ့အပြင် စစ်တမ်းတွေမှာ ဖော်ပြထားချက်အရ ရိုက်နှက်ဆုံးမ အပြစ်ပေးခြင်းဟာ မိဘတွေအတွက် မည်သည့်အကျိုးကျေးဇူးမျှ မရှိကြောင်း၊ ကလေးရဲ့ ဉာဏ်အတိမ်အနက်ပေါ်မူတည်ပြီး လမ်းလွှဲလိုက်ကာ ရန်ညှိုးဖွဲ့တတ်ကြောင်း၊ ဒီလို မိဘတွေဟာ တစ်ချိန်မှာ သားသမီးအကျိုးမပေးသူများအဖြစ် သတ်မှတ်ခံရတတ်ကြောင်း၊ သားသမီးရဲ့ ကျေးဇူးကန်းတာကို ခံရတတ်ကြောင်း ထုတ်ဖော်ရေးသားထားပါတယ်။

Shutterstock

မရိုက်ဘဲနဲ့ ဘယ်လို ဆုံးမရမလဲ …?

ရိုက်နှက်ဆုံးမတာကို မကောင်းဘူးလို့ ယူဆတဲ့ မိဘတွေအနေနဲ့ ကလေးတွေကို မရိုက်ဘဲ ဆုံးမနိုင်တဲ့နည်းလမ်းတွေကို အကျဉ်းချုပ် ဖော်ပြပေးထားပါတယ်။

  • (၁) ကိုယ်တိုင်က စိတ်အေးအေးထားပါ။
  • (၂) နားဝင်အောင် ပြောဆို သင်ပြပါ။
  • (၃) အသေးစိတ်အချက်အလက်များကို ရှင်းပြပါ။
  • (၄) နားထောင်ဖို့ ငြင်းဆန်နေရင်၊ အာရုံစိုက်လာအောင် လေသံနဲ့ ချော့မောစွဲဆောင်ပါ။
  • (၅) လက်တွေ့လုပ်ပြစရာရှိတာကို သူသိသွားအောင် စိတ်ရှည်လက်ရှည် လုပ်ပြပါ။
  • (၆) မလုပ်သင့်တဲ့အရာတွေကို မလုပ်ရဘူးလို့ ပြတ်ပြတ်သားသား ပြောပါ။
  • (၇) အစကတည်းက သွန်သင်ဆုံးမမှုမှာ မပျင်းပါနဲ့။
Shutterstock

နတ်စည်တော် (Shwemom)

source : mambee.com

SHARE