ယောက်ျားလေးတွေကို အိမ်အလုပ်လုပ်တတ်ဖို့ သင်ပေးနေတဲ့စပိန်ကျောင်း

The Colegio Montecastel/Facebook

အဝတ်လျှော်မီးပူတိုက်၊ အိမ်သန့်ရှင်းရေးလုပ်၊ ဟင်းချက်တမင်းချက်ဆိုတာ မိန်းကလေးတွေအလုပ်ဆိုပြီး လူတိုင်းကသတ်မှတ်ကြပါတယ်။ နောက်ဆုံး  ဘယ်လောက်ဖွံ့ဖြိုးတဲ့နိုင်ငံပဲဖြစ်ဖြစ် အမျိုးသားနဲ့အမျိုးသမီးတို့ တန်းတူအပြင်ထွက်အလုပ်လုပ်နေရင်တောင်မှပဲ အိမ်ကအလုပ်တွေကိုတောာ့ အမျိုးသမီးတို့ရဲ့တာဝန်ပဲလို့ပဲ ထင်နေကြတုန်းပဲမဟုတ်လား။ ဒါပေမဲ့လည်းအားလုံးကတော့ဒီအတွေးအခေါ်ကို ပြောင်းလဲဖို့ကြိုးစားနေပါပြီ။ ဥပမာအခုဖော်ပြပေးမယ့် စပိန်နိုင်ငံကကျောင်းလေးလိုပေါ့။

The Colegio Montecastelo ဆိုတဲ့စပိန်ကျောင်းလေးဟာ ယောက်ျားလေးကျောင်းသားတွေကို ကျောင်းစာပြင်ပအတတ်ပညာအနေနဲ့ အိမ်မှုကိစ္စတွေကိုကိုယ်တိုင်လုပ်တတ်အောင် သင်ပေးနေတယ်လို့ Rach Feed မှာ ဖတ်ခဲ့ရပါတယ်။ သင်ကြားပေးတဲ့အိမ်မှုကိစ္စတွေထဲမှာ အချက်အပြုတ်၊ အချုပ်အလုပ်၊ မီးပူဘယ်လိုတိုက်တယ်၊ အိမ်သန့်ရှင်းရေးဘယ်လိုလုပ်ရတယ်ကအစ အသေးစိတ်ကို သင်ပေးနေတာပါတဲ့။ ဒီလိုမျိုးအိမ်ထောင်မှုထိန်းသိမ်းတာတွေအပြင် အိမ်တစ်ခုမှာ နောက်ထပ်တပ်ထားသင့်တဲ့ ရေပိုက်ပြင်တာ၊ မီးပြင်တာတို့ရဲ့အခြေခံကစလို့ လက်သမားပညာရပ်တွေအထိလည်း ကျောင်းသားတွေရော ကျောင်းသူတွေပါမကျန် ပူးတွဲသင်ပေးနေတယ်ဆိုတာဖတ်လိုက်ရတော့ Colegio Montecastelo အထက်တန်းကျောင်းလေးကို တော်တော်လေး အံ့သြလေးစားမိပါတယ်။

The Colegio Montecastel/Facebook

တချို့မိဘတွေက ဒီလိုကျောင်းစာပြင်ပပညာရပ်တွေ သင်ပေးတဲ့အခါမှာ ကျောင်းကအပိုလုပ်တယ်၊ ကလေးတွေစာဖတ်ရမယ့်အချိန်တွေကုန်တယ်ဆိုပြီး ပြဿနာရှာတတ်ကြပေမယ့်လို့ ဒီကျောင်းလေးမှာတော့ တခြားဘာသာရပ်က ဆရာ ဆရာမတွေပါ အားရင်အားသလို ကျောင်းသားတွေနဲ့အတူတူဝင်သင်တာမျိုးတွေရှိသလို တချို့အမေတွေ၊အဖေတွေကလည်း သူတို့သားသမီးတွေနဲ့ ဒီအချိန်လေးကိုလာတက်လေ့ရှိကြတယ်၊ တတ်မြောက်ထားတာတွေကို ပြန်လည်မျှဝေပေးတယ်ဆိုတော့ ပိုလို့တောင်ချီးကျူးထောပနာပြုမိခဲ့ပါတယ်။

READ
ရဲကစစ်မေးနေစဉ် အဖမ်းခံရသူက လေခဏခဏလည်လို့ စစ်မေးခြင်းကို ရပ်နားခဲ့ရ
The Colegio Montecastel/Facebook
The Colegio Montecastel/Facebook

ကျောင်းမှာသင်ပေးတဲ့သင်ခန်းစာတွေဟာ လူငယ်တွေရဲ့အနာဂတ်ကိုပုံဖော်ပေးမယ့် အချိုးအကွေ့တစ်ခုအဖြစ် ပါဝင်နေသလိုပဲ ဒီလိုမျိုး အိမ်မှုကိစ္စနဲ့အိမ်ထောင်မှုထိန်းသိမ်းရေးလုပ်ငန်းတွေဆိုတာဟာလည်း ကိုယ့်အနေနဲ့ မိသားစုနဲ့ပဲနေနေ၊ တစ်ယောက်တည်းပဲနေနေ တတ်မြောက်ထားမယ်ဆိုရင် အချိန်ကုန်တာသက်သာမယ်၊ ရိုးရိုးတန်းတန်းအိမ်သန့်ရှင်းရေးလုပ်တာအတွက်၊ မီးချောင်းလေးလဲတာအတွက်နဲ့ရယ်တော့ လူငှားပြီးလုပ်ခိုင်းစရာမလိုတဲ့အတွက် ပိုက်ဆံကုန်လည်း သက်သာမယ့်အပြင် အရွယ်ရောက်လို့ အမျိုးသားတစ်ယောက်ဖြစ်လာပြီဆိုရင်လည်း ဇနီးသည်ကိုကိုယ်ချင်းစာနိုင်တာမျိုး၊ အမျိုးသမီးတွေဖြစ်လာပြီဆိုရင်လည်း ရေပိုက်ပြင်တာ၊ မီးလဲတာတို့လောက်လုပ်တတ်နေတော့လည်း ယောက်ျားသားမရှိဘဲတစ်ယောက်တည်းနေရင်တောင် အဆင်ပြေစေတာပေါ့လို့တော့ မြင်မိပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ကျောင်းတွေလည်း သက်မွေးအချိန်တွေမှာ အခုလိုလေးသင်ပေးကြရင် ဘယ်လောက်တောင်ကောင်းမလဲဗျာ။

The Colegio Montecastel/Facebook

Penny

SHARE