တောက်ပနေတဲ့ဝတ်စုံကိုဝတ်ပြီး မိန့်ခွန်းပြောခဲ့တဲ့ သိပ္ပံပညာရှင် နာမည်ကြီးနေ

NASA

NASA မှာပြုလုပ်တဲ့မိန့်ခွန်းပြောပွဲတစ်ခုမှာ ကျောင်းသူတွေရဲ့တောင်းဆိုချက်ကြောင့် တောက်ပနေတဲ့ဝတ်စုံကို ၀တ်ဆင်ခဲ့ကြောင်းကို သိပ္ပံပညာရှင်တစ်ဦးက သူမရဲ့တွစ်တာမှာတင်ခဲ့ပြီးနောက် ဒီသတင်းဟာ အွန်လိုင်းပေါ်မှာ အမျိုးသမီးတွေအတွက် စိတ်ဝင်စားစရာအကောင်းဆုံးသတင်းတစ်ခုဖြစ်ခဲ့ပါတယ်။

Science House ရဲ့တွဲဖက်ဒါရိုက်တာတစ်ယောက်လည်းဖြစ်တဲ့ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးရဲ့အမှုဆောင်ဒုဥက္ကဌ Rita J. King က သူမိန့်ခွန်းပြောနေတဲ့ပုံနဲ့ပြောရတဲ့အကြောင်းအရာကို တွစ်တာပေါ်မှာတင်ခဲ့တာဖြစ်ပါတယ်။

ဒီမိန့်ခွန်းကို (၂၀၁၁)ခုနှစ် နိုဝင်ဘာလ(၁၉)ရက်နေ့က Langley မြို့မှာကျင်းပတဲ့ TEDxYouth NASA ပွဲမှာ မိန့်ခွန်းပြောကြားခဲ့တာပဲဖြစ်ပါတယ်။

 

ဒီပွဲမတိုင်ခင်တစ်ရက်အလိုမှာ ကျောင်းသူတွေဆီကနေ ထူးခြားတဲ့တောင်းဆိုမှုတစ်ခုကိုရခဲ့တယ်လို့ King က BuzzFeed News ၀က်ဘ်ဆိုဒ်ကိုပြောပါတယ်။

အဲတာကတော့ တောက်ပနေတဲ့သိပ္ပံပညာရှင်တစ်ယောက်ကိုတွေ့ချင်တယ်ဆိုတဲ့တောင်းဆိုချက်ဟာ သူမအနေနဲ့အရေးကြီးတယ်လို့ယူဆတဲ့အတွက် ဒီပွဲမှာဝတ်ဆင်ပေးခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီပွဲမှာဝတ်ဖို့အတွက် အတောက်ပဆုံးဖြစ်မယ့်ဝတ်စုံကိုရွေးချယ်ပြီး ၀တ်ဆင်ခဲ့တာဖြစ်တယ်လို့ King ကပြောပါတယ်။အခုလိုဝတ်ရတာပွဲနဲ့မဆိုင်ပေမယ့် အဓိကက အမျိုးသမီးတွေလည်း သူ့နေရာနဲ့သူအရေးကြီးတယ်ဆိုတယ်ဆိုတာကိုပြချင်တဲ့သဘောနဲ့ဝတ်ဆင်ခဲ့တာဖြစ်တယ်လို့ King ကရှင်းပြခဲ့ပါတယ်။

အခုလိုတွစ်တာပေါ်မှာတင်လိုက်ရတာလည်း လွန်ခဲ့တဲ့ရှစ်နှစ်မိန့်ခွန်းပြောတုန်းက၀တ်ဆင်ခဲ့တဲ့အ၀တ်လေးကို ဗီဒိုရှင်းရင်းပြန်တွေ့လို့ တင်လိုက်တာဟာ အမျိုးသမီးတွေရဲ့စိတ်ဝင်စားချီးကျူးမှုကိုခံရတဲ့အတွက် အရမ်းကိုသဘောကျမိတယ်လို့ King က BuzzFeed News ၀က်ဘ်ဆိုက်ကိုပြောပါတယ်။

ပြီးတော့ ဒီပုံလေးနဲ့အကြောင်းအရာတွေက အခုဖြစ်နေတဲ့နိုင်ငံရေးနဲ့လူမှုရေးအခြေအနေတွေနဲ့သက်ဆိုင်တယ်လို့ ယူဆတဲ့အတွက်တင်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ အမျိုးသမီးတွေအနေနဲ့ အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုမှာ ပါဝင်နိုင်ဖို့အတွက် မျှော်လင့်တယ်လို့ King က ပြောခဲ့ပါတယ်။

Thae

SHARE