ဘီယာကန်ထဲစိမ်ပြီး ဘီယာသောက်နိုင်မယ့် ကမ္ဘာတစ်ဝန်းက အမိုက်စား Spa များ

ဘီယာလို့ ပြောလိုက်ပြီဆိုရင် ကြားရတဲ့ လူတိုင်းအားလုံးနီးပါးက သောက်ဖို့ပဲ စဉ်းစားမိမှာပါ။ ဒါပေမယ့် ရှေးခေတ်က လူတွေကတော့ ဘီယာကို သောက်ဖို့တစ်မျိုးတည်း အတွက်ပဲ အသုံးပြုခဲ့တာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက အလှအပစိတ်ဝင်စားတဲ့ လူတွေဟာ ဘီယာအပြည့်ဖြည့်ထားတဲ့ ရေချိုးကန်ထဲမှာ ၀င်စိမ်လေ့ရှိပါတယ်။ ဘီယာချက်လုပ်ရမှာ အသုံးပြုတဲ့ Hops အပင်ဟာ ချွေးပေါက်တွေကို ပွင့်စေသလို ကြွက်သားတွေ မာကျောမှုကို လျော့ကျစေနိုင်ပြီး သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။ အခုလည်း ကမ္ဘာတစ်ဝန်းက အလှအပရေးရာကို စိတ်ဝင်စားသူတွေနဲ့ ဘီယာချစ်သူတွေ သွားရောက်လေ့ရှိတဲ့ နာမည်ကြီး ဘီယာ Spa တွေကို စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

ချက်နိုင်ငံ Prague မြို့က Original Beer Spa

Facebook

ဝက်သစ်ချသားနဲ့ ပြုလုပ်ထားတဲ့ စည်ပိုင်းကြီးတွေထဲမှာ ထိုင်နေရင်း ချက်နိုင်ငံရဲ့ နာမည်ကျော် Krušovice ဘီယာနဲ့ ခန္ဓာကိုယ်ကို ပေါင်းတင်ပေးမှာပါ။ ပေါင်းတင်ရုံနဲ့ အားမရတဲ့ ဧည့်သည်တွေအတွက်လည်း ဘီယာ ဘုံဘိုင်ခေါင်းလေးတွေ တပ်ပေးထားပါတယ်။

ချက်နိုင်ငံ Prague မြို့က Bernard Beer Spa

Facebook

တစ်ဦးတည်း (သို့မဟုတ်) အဖွဲ့လိုက် လူ (၃)ဦးကနေ (၅)ဦးအထိ စိမ်လို့ရတဲ့ ကန်တွေ ရှိပါတယ်။ Bernard ဘီယာ အပြည့်ဖြည့်ထားတဲ့ ကန်တွေထဲမှာ ၀င်စိမ်နေရင်း Bernard ဘီယာကိုလည်း အကန့်အသတ်မရှိ စိတ်ကြိုက် သောက်သုံးနိုင်ပါတယ်။

READ
အစားအသောက်ကို အဓိကဦးစားပေးမထားတဲ့ ကမ္ဘာတစ်ခွင်က စားသောက်ဆိုင်များ

အိုက်စလန်နိုင်ငံ Árskógssandur မြို့က Bjorbodin

Facebook

Bjorbodin ရဲ့ တရားဝင် ၀က်ဘ်ဆိုဒ်မှာတော့ သူတို့ဘီယာကန်မှာ စိမ်ရင် ဆံပင်တွေကို အလွန်ပဲ ပျော့ပျောင်းစေပြီး ခန္ဓာကိုယ်တစ်လုံးက အရေပြားကို လုံးဝသန့်စင်ပြီးသား ဖြစ်စေရမယ်လို့ ကြေညာထားပါတယ်။ ဒါပေမယ့် Bjorbodin ကို သွားတဲ့ လူအများစုကတော့ မြေကွက်လပ်ထဲက ဘီယာကန်ကြီးထဲ စိမ်၊ တောင်တန်းတွေနဲ့ သာယာလှပလွန်းတဲ့ ပတ်ဝန်းကျင်အလှအပကို ခံစားပြီး ဘီယာသောက်ရတာကို အထူးသဘောကျကြပါတယ်။

သြစတြီးယားနိုင်ငံ Tarrenz မြို့က Starkenberger Brewery

Instagram

Starkenberger Brewery ကတော့ ရှေးဟောင်းရဲတိုက်ကြီးအတွင်းမှာ တည်ရှိတာပါ။ လီတာ(၃၀၀) ဆန့်တဲ့ ကမ္ဘာ့ပထမဆုံး ဘီယာ သိုလှောင်တဲ့ကန်ကို Spa အဖြစ် ပြန်လည်မွမ်းမံထားတာလည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ Kyoto မြို့က Misugi အပန်းဖြေစခန်း

Facebook

အပန်းဖြေစခန်းထဲမှာရှိတဲ့ Hinotani Onsen ရေပူစမ်းထဲက ရေနဲ့ သီးသန့်အထူး ချက်လုပ်ထားတဲ့ ဘီယာတို့ကို ပေါင်းစပ်ပြီး သစ်သားစည်ပိုင်းထဲမှာ စိမ်ရမှာပါ။ အရေပြားကို အထူးပျော့ပြောင်း သန်ရှင်းစေမယ်လို့ အပန်းဖြေစခန်းရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

READ
ဂျပန်မှာ ကုလားအုတ်လေးတွေကို မင်္ဂလာဆောင်သက်သေအဖြစ် ငှားလို့ရ

ဟန်ဂေရီနိုင်ငံ Budapest မြို့က Thermal Beer Spa

Facebook

လူနှစ်ယောက်စာဆန့်တဲ့ သစ်သားရေချိုးကန်တွေထဲမှာ တစ်ယောက်တည်း အေးအေးဆေးဆေး ခြေဆန့်လက် ဆန့်နဲ့ ၀င်စိမ်နေနိုင်မှာပါ။ ဘီယာကန်ထဲ ၀င်စိမ်ပြီး ဘီယာ သောက်ရုံတင်မဟုတ်ဘဲ ဟန်ဂေရီနိုင်ငံရဲ့ ရိုးရာ အစားအသောက်တွေကိုလည်း အမြည်းအဖြစ် သုံးဆောင်နိုင်မှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ California ပြည်နယ် Napa တောင်ကြားက Calistoga Ranch

Facebook

ဘီယာကန်ထဲ စိမ်တယ်ဆိုတာ ဥရောပနိုင်ငံတွေက စခဲ့တာပါ။ အမေရိကန်က ဟိုတယ်တိုင်းလိုလိုမှာလည်း ဘီယာ Spa တွေရှိပါတယ်။ ဒါပေမယ့် ခက်ခက်ခဲခဲ သွားရတဲ့ Napa တောင်ကြားထဲက Calistoga Ranch ကိုမှ ဥရောပက ဧည့်သည်တွေကော၊ အမေရိကန်နိုင်ငံသွားတွေပါ တကူးတက ရောက်အောင်လာတယ်ဆိုရင် Calistoga Ranch အနေအထားကို သိနိုင်လောက်ပါပြီ။ ဘီယာကန်အပြင် စိတ်ကြိုက်ဝိုင်ကို ရွေးချယ်ပြီး ၀ိုင်ကန်ထဲမှာပါ စိမ်ရင်း ၀ိုင်သောက်လို့ရပါတယ်။

Source : Delish

SHARE