ကိုယ်အင်္ဂါမပြည့်စုံပေမယ့် သမာအာဇီဝကျကျ၊ ကျွမ်းကျင်မှုနှင့်တကွ ၀မ်းစာကြောင်းနေသူ

ရာသီဥတု ပြင်းထန်ခြင်း၊ အပူဒဏ်နဲ့  အလွန်တရာ ကြပ်တည်းလှတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကြားမှာ မလေးရှားနိုင်ငံက အစားအသောက်ပို့တဲ့ လုပ်သားတွေအတွက် ရုန်းကန်ရတာ မလွယ်ကူလှပါဘူး။ အဲ့ဒီလို သယ်ယူပို့ဆောင်ရေး လုပ်သားတွေ အများကြီးရှိတဲ့ အနက် Syahrain Fadizil ဆိုတဲ့ အမျိုးသားကတော့ တော်တော်လေး ထူးခြားတဲ့ လုပ်သားတစ်ယောက်လို့ ဆိုရမှာပါ….။

၎င်း အမျိုးသားက မလေးရှားနိုင်ငံရဲ့ Food Panda လို့ အမည်ရှိတဲ့ အွန်လိုင်းကနေ အစားအသောက်ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းမှာ အချိန်ပြည့် အလုပ်ဆင်းနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။  ဒါပေမယ့် သူက ကိုယ်အင်္ဂါချို့ယွင်းချက်ရှိတဲ့သူပါ။ သူ့မှာ ပြည့်စုံတဲ့ လက်နှစ်ဖက် မရှိပါဘူး။

Twitter/Instagram

ဒါပေမယ့် သူက အပတ်စဉ် မလေးရှားငွေ (၆၀၀-၈၀၀) ရှာနိုင်တဲ့ ထူးခြား ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပါတယ်။ သူ့ ဘ၀အနေအထားနဲ့ လမ်းမပေါ်မှာ တောင်းစားဖို့ကို ငြင်းဆန်ပြီး သမာအာဇီဝကျကျပဲ ကိုယ့် ခွန်အားနဲ့ကိုယ် ၀င်ငွေကို ရှာဖွေပါတယ်။

READ
အမျိုးသမီးတွေ မညံ့ကြောင်း သက်သေပြနေတဲ့ စွမ်းအင်ဝန်ကြီး Yeo Bee Yin

အခု ဖော်ပြထားတဲ့ ဗီဒီယိုကတော့ Shahrain နဲ့ အင်တာဗျူတို တစ်ခုဖြစ်ပြီး အဲ့ဒီ့မှာ သူရဲ့ နေ့စဉ် ဘ၀စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းစူးစမ်းထားတာဖြစ်ပါတယ်။ ဒီ ဗီဒီယိုဟာဆိုရင် တွစ်တာပေါ်မှာ နှစ်သက်သူ (၂၇,၀၀၀) ရှိခဲ့ပြီး ပြန်လည်ဝေမျှတာဆို အကြိမ်အရေအတွက် (၅) သောင်းထိ ရှိခဲ့ပါတယ်။

အွန်လိုင်ပေါ်ရောက်ပြီးခဲ့တဲ့နောက်မှာတော့ လူအများရဲ့ အားပေး ချီးကျူးမှုတွေကို Shaharain တစ်လုံးတစ်ဝကြီး ခံစားခဲ့ရတယ်။ သူရဲ့ အလုပ်ကို ကြိုးကြိုးစားစား အားထုတ်ပုံတွေကို လူအများက ချီးကျူးခဲ့ကြပြီး  တော်တော်များများအတွက်လည်း တကယ်ကို စေ့ဆော်မှုတစ်ရပ်ဖြစ်လာခဲ့တယ်။ မပြည့်စုံတဲ့ လက်နှစ်ဖက်နဲ့ ဆိုင်ကယ်စီး ကျွမ်းကျင်မှုကိုလည်း အားလုံး အံ့သြမှင်သက်ကြရတယ်။

READ
နို့ချိုမတိုက်ကျွေးနိုင်တဲ့ ဇနီးသည်ကိုယ်စား မွေးကင်းစ ရင်သွေးလေးကို နို့တိုက်ကျွေးခဲ့တဲ့ ဖခင်
Twitter
Instagram

သူရဲ့ အင်စတာဂရမ် အကောင့်မှာဆိုရင် သူ့ရဲ့ ဆိုင်ကယ်စီး စွမ်းရည်ကို မျက်စိတပ်အပ် မြင်တွေ့နိုင်ပါတယ်။ ဘ၀မှာ မပြည့်စုံမှုတွေကြားမှာ အကောင်းဆုံး ရပ်တည်နေကြတဲ့သူတွေ အများကြီးပါ။ ဒီတော့ ပြည့်စုံတဲ့ သင့်အတွက်ဆို ပိုလို့တောင် အခွင့်အရေးတွေရှိနေပါတယ်။

Ref: World of Buzz

Matthew (ShweMOM)
SHARE