မြင်းကျားလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အထူးဖန်တီးထားတဲ့ ၀တ်စုံများ

Sheldrick Wildlife Trust

Sheldrick Wildlife Trust ဟာ မကြာသေးခင်ကမှ သူတို့ကယ်တင်ထားတဲ့ ချစ်စရာမြင်းကျားလေး အကြောင်းကို ဖော်ပြခဲ့ပါတယ်။ Sheldrick Wildlife Trust ဟာ အာဖရိကအရှေ့ပိုင်းမှာ သက်တမ်းအကြာရှည်ဆုံးရှိပြီဖြစ်တဲ့ သဘာဝတောတွင်းအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

Sheldrick Wildlife Trust

၎င်းအဖွဲ့အစည်းဟာ ဆိုရင် သဘာဝတောတွင်းတိရစ္ဆာန်လေးတွေကို စောင့်ရှောက်နေခဲ့တာ ဖြစ်ပြီး အထူးသဖြင့် မြင်းကျားလေးတွေကို စောင့်ရှောက်ဖို့အတွက် အထူးဝတ်စုံတစ်စုံဖန်တီးထားပါတယ်။ အဲ့ဒီဝတ်စုံကတော့ မြင်းကျားရေလို အဖြူနဲ့အနက် လိုင်းစင်းလေးတွေနဲ့ ဖြစ်ပါတယ်။ Sheldrick Wildlife Trust မှတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ အေမီကတော့ ဒီဝတ်စုံလေးတွေဟာ မြင်းကျားလေးတွေအတွက် အထူးသင့်လျှော်တယ်လို့ အခုလို ရှင်းပြပါတယ်။

Sheldrick Wildlife Trust

“မြင်းကျားပေါက်လေးတွေက သူတို့ရဲ့ အမေကို မွေးကတည်းက မှတ်မိဖို့လိုပါတယ်။ မိခင်ကိုယ်က အစင်းကျားတွေကို မှတ်မိဖို့အတွက် မိခင်မြင်းကျားမကြီးဟာ ကလေးကိုခေါ်ပြီး အုပ်စုထဲကနေ မကြာမကြာထွက်သွားပြပါတယ်။ ဒါမှ မြင်းကျားပေါက်လေးဟာ သူ့အမေရဲ့မြင်းကျားအစင်းတွေနဲ့ အနံ့၊ သူ့အမေရဲ့ခေါ်သံကို မှတ်မိမှာဖြစ်ပါတယ်။ မြင်းကျားပေါက်လေးက သူ့အမေကို သိပြီဆိုမှ သူတို့သားအမိနှစ်ကောင်ဟာ အုပ်စုဆီကို ပြန်လာနေလေ့ရှိပါတယ်..”

READ
ဝတ်လစ်စလစ် robot အဖြစ် တွေ့မြင်ရမယ့် Taylor Swift
Sheldrick Wildlife Trust

တောထဲမှာတော့ မြင်းကျားပေါက်လေးတွေကို မိခင်တစ်ဦးထဲကပဲစောင့်ရှောက်ရတာ ဖြစ်ပါတယ်။ အောက်မှာတွေ့ရတဲ့ ပုံထဲက မြင်းကျားပေါက်လေးဟာ ဒိုင်ရီယာပဲဖြစ်ပါတယ်။ ဒိုင်ရီယာကိုတော့ Sheldrick Wildlife Trust မှာပဲ မွေးစားခဲ့တာပါ။ ဒါကြောင့် ဒိုင်ရီယာအနေနဲ့ မိခင်မြင်းကျားမကြီးမရှိပေမယ့်လည်း  သူတို့သဘာဝအလျောက် မိခင်အဖြစ်နဲ့ မှတ်သားနိုင်အောင် ၀န်ထမ်းတစ်ဦးက သေချာချုပ်လုပ်ထားတဲ့ မြင်းကျားအင်္ကျီကိုဝတ်ဆင်ထားရကြောင်းလည်း boredpanda အရ သိရပါတယ်။

Sheldrick Wildlife Trust

လင်းလင်း (ShweMom)

SHARE