မာရသွန်သမားတစ်ဦးကျပျောက်ခဲ့တဲ့ နံပတ်ကိုယူပြီး ပြိုင်ပွဲဝင်ခဲ့သူ ဆုတံတိပ်ဆွတ်ခူးခဲ့

လန်ဒန်မာရသွန်ပြိုင်ပွဲမှာ ပရိသတ်တစ်ဦးဟာ ပြိုင်ပွဲဝင်သူတစ်ဦး ပြုတ်ကျခဲ့တဲ့ တရားဝင်ပြိုင်ပွဲဝင်ခွင့်နံပတ်ပြားကို ကောက်ယူပြီး ခပ်တည်တည် ပြိုင်ပွဲဝင်ခဲ့ရမှာ ဆုတံဆိပ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီအတွက် ပြိုင်ပွဲကျင်းပရေးကော်မတီအကြီးအကဲတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ပြိုင်ပွဲဝင်နံပတ် (၃၅၁၇၉)ရဲ့ မူလပိုင်ရှင်မှာ Jake Halliday ဖြစ်ကြောင်း သိရပါတယ်။

Marathonfoto

သူက မိမိနံပတ် ပျောက်ကျခဲ့ကြောင်း သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပြီး၊ ယင်နံပတ်ပြားကို ပြိုင်ပွဲဝင်နေစဉ်မှာ အောက်ကို ပြုတ်ကျနေခဲ့တာကို Jake က မသိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ယင်းနံပတ်နဲ့ ငွေတံဆိပ်ရရှိခဲ့သူ ပေါ်ထွက်လာတဲ့အခါမှာတော့ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး Jake ဟာ ၎င်းရဲ့ ငွေတံဆိပ်အလုခံလိုက်ရကြောင်း ဆိုပါတယ်။

Jake and friend (Triangle News)

ပြိုင်ပွဲဝင်တွေဟာ တရားဝင်နံပတ်ပြား မရှိဘဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိပါဘူး။ Jake ဟာ (၂၄)မိုင်ကျော် ပြေးလာခဲ့ရသူဖြစ်ပြီး ပန်းတိုင်ရောက်ဖို့ (၁၅)မိနစ်အလိုမှာ သူရဲ့နံပတ်ပြားက ပြုတ်ကျခဲ့တာပါ။ ယင်းနောက် ၎င်းနံပတ်ပြားကို ပရိသတ်တစ်ဦးက (နာမည်အတိအကျ ထုတ်ဖော်ခြင်းမရှိသေး) ကောက်ယူပြီး ဆက်ပြေးခဲ့ရာ ဆုတံဆိပ် ရခဲ့ပါတယ်။

READ
အိန္ဒိယကို အချိန်မရွေး တိုက်ခိုက်နိုင်ကြောင်း ကြိုတင်စစ်ကြေငြာလိုက်တဲ့ ပါကစ္စတန်
Marathonfoto

Jake ကတော့ ရုတ်တရက် နံပတ်ပြား ပျောက်ဆုံးသွားလို့ ပြိုင်ပွဲမှာ ဆက်လက်ယှဉ်ပြိုင်ခြင်း မရှိပဲ ဆုတံဆိပ်နဲ့လွှဲချော်ခဲ့ပါတယ်။ Jake ဟာ Bloodwise အမည်ရ ကင်ဆာရံပုံငွေအဖွဲ့အတွက် ပြိုင်ပွဲဝင်ခဲ့တာဖြစ်ပြီး၊ နံပတ်ပြားကို ကောက်ယူပြေးသူကတော့ နောက်ဆုံး မိနစ်ပိုင်းမှာ အချောင်ငွေတံဆိပ်ရရှိခဲ့တဲ့သဘော ဖြစ်ပါတယ်။ အဆိုပါအမျိုးသားဟာ အင်္ကျီတုံးလုံးနဲ့ဖြစ်ပြီး ပုံထဲမှာ သူရရှိတဲ့ ငွေတံဆိပ်ကို နမ်းပြနေပါသေးတယ်။

Jake and friend (Triangle News)

အခုအချိန်ထိတော့ ပြိုင်ပွဲကျင်းပရေးကော်မတီက မည်သည့်ထုတ်ပြန်ချက်မှ မပြုလုပ်သေးပါဘူး။ လူမှုကွန်ရက်ပေါ်မှာတော့ နံပတ်ပြားကို မလျှော်ကန်သောနည်းနဲ့အသုံးချပြီး နောက်ဆုံးမိနစ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူကို အားလုံးက ဝိုင်းဝန်းရှုံ့ချနေပါတယ်။ သူ့ကိုလည်း တရားဥပဒေအရ အရေးယူပေးဖို့ တောင်းဆိုနေတယ်လို့ သိရပါတယ်။

နတ်စည်တော် (Shwemom)

source : metro.co.uk

SHARE