ကမ္ဘာ့လှည့် သုတ်ရေလှူဒါန်းပြီး ကလေး(၂၆)ယောက်မွေးထားနိုင်ခဲ့တဲ့ သချာင်္ဆရာ

အမေရိကန်နိုင်ငံ၊ နယူးယော့ခ်ပြည်နယ် အသက်(၄၁)နှစ်ရှိပြီဖြစ်တဲ့ သင်္ချာဆရာ Ari Nagelဟာ ကမ္ဘာ့လှည့်ပြီး သူ့
ရဲ့သုတ်ပိုးရေတွေကို လှူးဒါန်းကာ လက်ရှိအချိန်ထိ ကလေး(၂၆)မွေးထားနိုင်ပြီလို့ သိရပါတယ်။ အဆိုပါ သင်္ချာဆရာ
Ari Nagelဟာ ရုပ်ရည်ချောမောသူဖြစ်ပြီး အိမ်ထောင်မရှိတဲ့ လူပျိုဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ အမေရိကန်နဲ့ ကမ္ဘာ
မှာတော့ သုတ်ပိုးလှူဒါန်းသူလို့ နာမည်ကြီးသူဖြစ်ပါတယ်။

Ari Nagelရဲ့ သုတ်ပိုးကို လာတောင်းဆိုကြတဲ့ မိန်းမတွေဟာ အသက်အရွယ်မျိုးစုံဖြစ်ပြီး မိန်းမအချင်းချင်းယူထားတဲ့
လင်းမယားတွေ၊ ယောကျာ်းမလိုချင်ဘဲ ကလေးမွေးချင်တဲ့ Single Motherတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ယော
ကျာ်းဖြစ်သူမျိုးမအောင်လို့ ကလေးမရနိုင်တဲ့ အိမ်ထောင်သည်မိန်းမတွေဖြစ်ကြပါတယ်။

သူ့ရဲ့သုတ်ပိုးကို လာတောင်းဆိုကြတဲ့ မိန်းမတွေဟာ ကမ္ဘာအနှံ့က ဖြစ်ပြီး အမေရိကန်နိုင်ငံ၊ တူရကီ၊ အစ္စရေး၊ တရုတ်၊ ဗီယက်နမ်စတဲ့နိုင်ငံတွေက တောင်းဆိုမှုမြင့်တက်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်အထိ Ari Nagelဟာ
အမျိုးသမီး(၂၂)ဦးကို သုတ်ပိုးရေလှူးဒါန်ထားပြီး ကလေး(၂၆)ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ထပ်ပြီး လှူဒါန်းထားတာ
တွေရှိသေးတယ်လို့ သိရပါတယ်။

READ
ရထားသံလမ်းပေါ်တွန်းချခံလိုက်ရလို့ မေးရိုးကျိုးသွားတဲ့အမျိုးသမီး

အမေရိကန်နိုင်ငံမှာ သုတ်ပိုးဝယ်ယူခြင်းဟာ အလွန်ဈေူးကြီးပြီး ဒေါ်လာ (၃၀၀)မှ (၄၀၀၀)အထိ သုတ်ပိုးအမျိုးအစား
ပေါ်ကွဲပြီး ပေးရတယ်လို့သိရပါတယ်။ Ari Nagelဟာ အဆိုပါ သုတ်ပိုးလှူဒါန်းခြင်းကို လွန်ခဲ့တဲ့ (၉)နှစ်ကျော်ကတည်းက ပြုလုပ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ပထမဆုံးသုတ်ပိုးလှူဒါန်းတဲ့ အမျိုးသမီးက အိမ်ထောင်မရှိတဲ့ သူနာပြုတစ်ဦးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဖခင်များနေ့မှာ Ari Nagelက သူ့အနေနဲ့ ကျန်မားရေးကောင်းသလောက် သုတ်ပိုးတွေကို ထပ်လှူဒါန်းဦးမှာ
ဖြစ်ကြောင်းနဲ့ ”ကျွန်တော့်မှာ မိသာစုမျိုးစုံပိုင်ဆိုင်ထားပါပြီ။ ကျွန်တော့်ရဲ့မိသားစုမှာ လူမျိုး၊ နိုင်ငံ၊ ဘာသာ မျိုးစုံရှိပါ
တယ်။ ကျွန်တော့်မှာ သေးငယ်တဲ့ အမေရိကန်နိုင်ငံကို ပိုင်ဆိုင်နိုင်ပြီ ဆိုရမှာပါ”လို့ ပြောကြားသွားခဲ့ပါတယ်။

M2T (Shwemom)
Source ; New York Post
SHARE