နှာဖူးကနေ ခြေဖ၀ါးအထိ အသုံးဝင်တဲ့ သဘာဝ ဆေးဖက်ဝင်အပင်များ

Pexels/Pixabay

ဆေးသိပ္ဗံပညာတွေ ထွန်းကားလာတာနဲ့အတူ သဘာဝဆေးပင်ဆေးမြစ်တွေရဲ့ အကျိုးကျေးဇူးတွေကိုလည်း လူတွေ ပိုနားလည်လာကြပြီ ဖြစ်ပါတယ်။ သဘာဝကပေးတဲ့ ဆေးဖက်ဝင် သစ်သီးသစ်ဖုနဲ့ သဘာဝကုထုံးတွေဟာ လူသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကို စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ပါတယ်။ အောက်ဘက်မှာတော့ brightside  သတင်းကနေ တွေ့မြင်ရတဲ့ ခန္ဓာကိုယ်အတွက် များစွာအကျိုးပြုတဲ့ ဆေးဖက်ဝင်အပင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ အအေးမိတုပ်ကွေးရောဂါအတွက် အထူးကောင်းမွန်ပါတယ်။ သွေးဖိအားကို လျော့ကျစေတဲ့အပြင် နှလုံးရောဂါဖြစ်ပွားနှူန်းကိုလည်း လျော့နည်းစေပါတယ်။ ကြက်သွန်ဖြူမှာ အယ်လ်ဇိုင်းမားနဲ့ ဦးနှောက်တွင်း မှတ်ဥာဏ်ဆဲလ်တွေ ချို့ယွင်းတာကို ဆန့်ကျင်နိုင်တဲ့ အင်တီအောက်ဆီးဒန့်တွေ ပါဝင်ပါတယ်။

pexels/monicore

ရို့စ်မေရီ

ရို့စ်မေရီရနံ့ဟာ မှတ်ဥာဏ်ကို တိုးတက်စေပါတယ်။ စိတ်အာရုံစူးစိုက်မှူကို ကောင်းမွန်စေတဲ့အပြင် စိတ်အခြေအနေကို ကောင်းမွန်စေပါတယ်။ ဦးနှောက် အသက်ကြီးရင့်လာခြင်းကို ဟန့်တားပေးပါတယ်။ ရို့စ်မေရီကို ဟင်းချက်တဲ့အခါ အမွှေးအကြိုင်အဖြစ် သုံးနိုင်ပါတယ်။ ရို့မေရီကို ရေမွှေး၊ ဆီအဖြစ်လည်း ထုတ်လုပ်ကြပါတယ်။

ငရုတ်သီး

ငရုတ်သီးမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေမှာ အရွယ်အိုမင်းခြင်းကို ဟန့်တားနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ငရုတ်သီးတွေက အဆီကို လောင်ကျွမ်းနိုင်တဲ့အတွက် ကိုယ်အလေးချိန်ချလိုသူများ စားသုံးသင့်ပါတယ်။

ဂျင်း

ဂျင်းဟာ အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဂက်စ်ထုတ်လုပ်မှူကို လျော့နည်းစေပါတယ်။ ရောင်ရမ်းတာကို လျော့ချပေးပြီး နာကျင်မှူကို သက်သာစေပါတယ်။ အအေးမိဖျားနာဝေဒနာနဲ့ ပျို့အန်တာတွေအတွက်လည်း ဂျင်းကို သုံးစွဲနိုင်ပါတယ်။ ဂျင်းကို လက်ဖက်ရည်ထဲထည့်သောက်တာ၊ စွပ်ပြုတ်ထဲ မကြာခဏထည့်သောက်ပေးတာက ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

pexels/Suzy Hazelwood

တရုတ်နံနံ

တရုတ်နံနံဟာ သွေးတိုးသမားတွေအတွက် ကောင်းပါတယ်။ ဗီတာမင် ကေ ပါဝင်တဲ့အတွက် အရိုးကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေပါတယ်။ တရုတ်နံနံခြောက်တွေကိုတော့ စွပ်ပြုတ်၊ စတူးနဲ့ ခရမ်းချဉ်သီးဆော့စ်လိုမျိုးတွေမှာ အနံ့အရသာ ပိုမိုကောင်းမွန်ဖို့အတွက်လည်း အသုံးပြုကြပါတယ်။

ပူဒီနံ

ပူဒီနံဟာ ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာတွေကို သက်သာစေပါတယ်။ ပူဒီနံအရွက်ရဲ့ရနံ့ဟာ အသက်ရှူပြဿနာနဲ့ နှာခေါင်းပိတ်တာတွေကို ပြေပျောက်စေနိုင်ပါတယ်။ ပူဒီနံရွက်ကို အစားအသောက်တွေထဲ အနံ့ကောင်းဖို့အတွက် အရွက်အစိုဖြစ်ဖြစ် အခြောက်ဖြစ်ဖြစ် ထည့်ပြီး အသုံးပြုနိုင်ပါတယ်။

သစ်ဂျပိုးခေါက်

သစ်ဂျပိုးခေါက်ဟာ ဒဏ်ရာတွေမှာ ရောဂါပိုးမ၀င်အောင်နဲ့ တစ်ရှူးတွေ မပျက်စီးအောင် ကာကွယ်ပေးနိုင်ပါတယ်။ ရောင်ရမ်းတာကို သက်သာစေပြီး နှလုံးရောဂါဖြစ်ပွားနှူန်းကို လျော့ကျစေပါတယ်။ သစ်ဂျပိုးခေါက်ဟာ ဘက်တီးရီးယားပိုးတွေကို ဆန့်ကျင်တိုက်ခိုက်ပေးနိုင်တဲ့အပြင် ကင်ဆာကိုတောင်မှ ကာကွယ်ပေးနိုင်ပါတယ်။ ၄င်းကို လက်ဖက်ရည်၊ ကော်ဖီနဲ့ အချိုပွဲမုန့်တွေမှာ ထည့်ပြီး စားသုံးနိုင်ပါတယ်။

လင်းလင်း (ShweMom)

SHARE