ရှူးရှဲကြက်သားမျှစ်ချိုကြော်

မျှစ်အချိုလေးကိုကြက်သားနဲ့ ကြော်စားလို့ရပါတယ်။ စပ်စပ်လေးနဲ့ မွှေးမွှေးလေးဖြစ်တာကြောင့် အရမ်းစားမြိန်စေပါတယ်။
လိုအပ်သောပစ္စည်းများ
  • ကြက်သား အစိတ်သား
  • မျှစ် ၂၀ သား (အချို)
  • ပင်စိမ်း အနည်းငယ်
  • အရောင်တင်မှုန့် ၁ ဇွန်း
  • စနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငပိ တစ်ဇွန်း
  • ဆား အနည်းငယ်
  • ကြက်သားမှုန့် အနည်းငယ်
  • ကြက်သွန်ဖြူ ၆ တက်ခန့်
  • ဆီအနည်းငယ်
  • ငရုတ်သီးမှည့် ၁၀ တောင့်ခန့်
ချက်ပြုတ်ပုံအဆင့်ဆင့်
  • မျှစ်ချိုကို ရေဆေးပြီး ရေစစ်ထားပါ။
  • ကြက်သားကိုလည်း အတုံးသေးသေးလေးများလှီး၍ဆားဖြင့် နယ်ထားပါ။
  • ငရုတ်သီးများကို မညက်တညက်ထောင်းထားပါ။
  • ပင်စိမ်းရွက်များကိုခြွေပါ။
  • ကြက်သွန်ဖြူများကိုထောင်းထားပါ။
  • ဒယ်အိုးထဲတွင်ဆီထည့်၍ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ စနွင်းတို့ကိုဆီသတ်ပါ။
  • ကြက်သားကိုထည့်ပါ။
  • ကြက်သားအနံ့မွှေးလာလျှင် မျှစ်နဲ့ ပါဝင်ပစ္စည်းများအားလုံးကိုထည့်လိုက်ပါ။
  • ရေအနည်းငယ်ထည့်၍ အဖုံးဖုံးထားပါ။ ကြက်သားနှင့် မျှစ်ကျက်သည်အထိ မကြာခဏ မွှေပေးပါ။
  • ကျက်လျှင် အပေါ်မှ ပင်စိမ်းအုပ်၍ မီးဖိုပေါ်မှချကာ စားသုံးနိုင်ပါပြီ။
READ
ထူးကဲလှတဲ့ အရသာမျိုးစုံနဲ့ Bubble-tea ချစ်သူတို့အတွက် Bubble-tea Hot Pot
Em Em(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE