ရှူးရှူးရှဲရှဲ ကြက်သားငါးပိချက်စပ်စပ်လေးကို အိမ်မှာ ချက်စားချင်သူများအတွက်

ဒီတစ်ခါ ကြက်သားကို ငရုတ်သီးစိမ်း၊ ငပိတို့နဲ့ စပ်စပ်လေးချက်စားကြည့်ရအောင်နော်။ အရသာအရမ်းကောင်းပြီး ထမင်းလည်း မြိန်စေတာကြောင့် အားလုံးအကြိုက်တွေ့စေမှာပါနော်။

လိုအပ်သောပစ္စည်းများ

  • ကြက်ရင်အုံ တစ်ခု
  • နနွင်းအနည်းငယ်
  • ငါးပိ နှစ်ဇွန်း
  • ငရုတ်သီးစိမ်း ၁၃ တောင့်
  • ကြက်သားမှုန့် တစ်ဇွန်း
  • ခရမ်းကဆော့သီး အနည်းငယ်
  • ဖရုံသီးစိမ်း (ကြိုက်နှစ်သက်ကထည့်နိုင်သည်)
  • ကြက်သွန်ဖြူ ၆ တောင့်
  • ကြက်သွန်နီ ၃ လုံး
  • ပင်စိမ်း အနည်းငယ်
  • ဆားအနည်းငယ်
  • ရေအနည်းငယ်

ချက်ပြုတ်ပုံအဆင့်ဆင့်

  • ပထမဆုံးကြက်သားကို အတုံးသေးသေး တုံးလိုက်ပါ။
  • ဒယ်အိုးထဲမှာ ဆီကိုအပူပေးပါ။
  • ဆီအနည်းငယ်ပူလာလျှင် နနွငးနှ်င့် ကြက်သွန်နီ၊ ဖြူ၊ ငရုတ်သီးစိမ်းတို့ကိုထောင်းပြီး ဆီသတ်ပါ။
  • ကြက်သွန်များဆီပြန်လျှင် ငါးပိနှင့် ကြက်သားကိုထည့်ပါ။
  • ဆား၊ ကြက်သားမှုန့်တို့ကိုလည်း ထည့်ပါ။
  • ၁၅ မိနစ်ခန့်တွင် ခရမ်းကဆော့သီးနှင့် ဖရုံသီးစိမ်းကို စိတ်၍ထည့်ပါ။
  • ရေအနည်းငယ်ထည့်၍ အဖုံးဖုံးပါ။
  • ကြက်သားကျက်၍ ဆီပြန်လာလျှင် ဒယ်အိုးပေါ်မှချ၍ စားသုံးနိုင်ပါပြီ။
READ
မကြာခင်ပျောက်ကွယ်သွားဖို့ရှိတဲ့ နေ့စဉ်စားသုံးနေကျအစားအစာများ

Em Em (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE