မှိုမျိုးစုံ ဟင်းရည်သောက်ဆမ်း ပူပူစပ်စပ်ချက်နည်း

ခုဖော်ပြပေးမှာကတော့ မှိုမျိုးစုံ ဟင်းရည်သောက်ဆမ်း ပူပူစပ်စပ်လေး ချက်ပြုတ်နည်းပဲဖြစ်ပါတယ်။ မှိုကြိုက်တဲ့သူတွေအတွက် ချက်စားကြည့်သင့်တဲ့ ဟင်းကောင်းလေးတစ်ခွက်ဖြစ်ပါတယ်။

လိုအပ်သောပစ္စည်းများ

  • ကြိုက်နှစ်သက်ရာ မှို သုံးမျိုးခန့်
  • ငပိ အနည်းငယ်
  • မျှစ်ချဉ် အနည်းငယ်
  • ငရုတ်သီးမှည့် ၆ တောင့်
  • ဖရုံသီး အနည်းငယ်
  • ဆားအနည်းငယ်
  • ဆူးပုတ်ရွက်အနည်းငယ်
  • ဆီအနည်းငယ်
  • ကြက်သွန်ဖြူ အနည်းငယ်
  • ရေ အနည်းငယ်

 

ပြုလုပ်ပုံအဆင့်ဆင့်

  • မှိုများကို ရေသေချာဆေး၍ လှီးလိုက်ပါ။
  • မျှစ်ချဉ်ကိုလည်း လှီးထားပါ။
  • ကြက်သွန်ဖြူကိုထောင်းထားပါ။
  • ဖရုံသီကိုလည်း ပါးပါးလှီးထားပါ။
  • အိုးထဲတွင်ဆီအနည်းငယ်ထည့်၍ ပါဝင်ပစ္စည်းများကို ဆီသတ်လိုက်ပါ။
  • ပြီးလျှင် ရေအနည်းငယ်ထည့်၍ ပွက်ပွက်ဆူသည်အထိ တည်ထားပါ။
  • မှိုကျက်လျှင် အနံ့အရသာနှင့်ပြည့်စုံသော မှိုမျိုးစုံသောက်ဆမ်းကို သုံးဆောင်နိုင်ပါပြီ။
Em Em(Shwemom)
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
SHARE