Spicy ramen စားပြီး အိမ်သာတက်ရာ သွေးပါလာတဲ့အတွက် ဆေးရုံတင်ခဲ့ရ

Mirror

Spicy Ramen ဟာ သာမန်လူတွေမှာသာမက Blogger တွေကြားမှာပါ challenge လုပ်စားတာတွေ ခတ်စားလျက်ရှိပါတယ်။ အရသာဟာ စပ်လွန်းတာကြောင့် တော်ရုံ အစာအိမ် အားနည်းတဲ့လူတွေသာ အလွန်အကျွံ စားမိမယ်ဆိုရင် တစ်ခုခုပြဿနာတက်မှာ အသေအချာပါပဲ။

အသက် (၂၀) အရွယ် Blogger တစ်ဦးဖြစ်တဲ့ Shannen ဟာ သူမရဲ့သူငယ်ချင်း Keelan နဲ့အတူ spicy ramen ကို ဘယ်သူအရင်ကုန်အောင် စားနိုင်မလဲဆိုတာကို ပြိုင်ခဲ့ကြပါတယ်။

Mirror

စားဖူးသူတိုင်း ဒီခေါက်ဟာ စားလေစပ်လေဆိုတာ သိကြမှာပါ။ Shannen တို့နှစ်ယောက်ဟာ ပြိုင်စားနေတဲ့အချိန် ဗီဒီယိုရိုက်မှတ်တမ်းတင်ထားပြီး ဗီဒီယိုထဲမှာတင် တစ်လုတ်စားလိုက် ရေသောက်လိုက်၊ နောက်တစ်လုတ်စားလိုက် အအေးသောက်လိုက် နွားနို့သောက်လိုက်နဲ့ နောက်ဆုံးမှာတော့ ဆက်မစားနိုင်ကြတော့ပါဘူး။

ဒီလိုနဲ့နောက်တစ်နေ့ Shannen အိမ်သာတက်တဲ့အချိန်မှာ သွေးတွေပါနေတာကို သတိထားမိခဲ့ပါတယ်။ သွေးဟာ အဆက်မပြတ်ထွက်နေတာကြောင့် စိုးရိမ်ကာ ဆေးရုံသွားပြတဲ့အချိန် ဆရာဝန်တွေက ဒါဟာ စပ်လွန်းတဲ့ အစားအစာကို အဆက်မပြတ်စားမိတဲ့အတွက် အစာအိမ်သွေးယိုတာလို့ ဆိုပါတယ်။

READ
ကားဒရိုင်ဘာက အဓမ္မကျင့်သည်ဟု လိမ်ညာအမှုဖွင့်ခဲ့တဲ့ ကျောင်းသူကို ထောင်ဒဏ်ချမှတ်
Mirror

ဒါကြောင့် Shannen ဟာ IV drip ချိတ်ခဲ့ရပြီး ဆရာဝန်က အခုလို ကိုယ့်ရဲ့ကိုယ်တွင်းကလီစာတွေရဲ့ ခံနိုင်ရည်အားကို မသိဘဲ စပ်လွန်းတဲ့ အစားအစာတွေကို တရစပ်မစားသင့်ဘူးလို့ဆိုပါတယ်။

Mirror

Shannen ဆေးရုံတက်တော့ သူငယ်ချင်းတွေတော်တော်များများ လာကြည့်ကြတဲ့အခါ ဘာလို့ဖြစ်တာလဲ မေးခဲ့ကြပါတယ်။ ခေါက်ဆွဲစားလို့ဖြစ်တာလို့ ဖြေတော့ တော်တော်များများကမယုံကြဘဲ သူ့ကိုတောင် လှောင်ခဲ့ကြပါသေးတယ်တဲ့။ သူမဟာ Blogger ဖြစ်တာနဲ့အညီ challenge လုပ်ထားတဲ့ ဗီဒီယိုကို တင်ခဲ့ပြီး သူမဆေးရုံတက်ရတာကို လူတော်တော်များများသိသွားတဲ့အချိန်မှာတော့ မစားရသေးတဲ့လူတွေဆို ကြောက်လို့ စားတောင် မစားကြည့်ကြတော့ဘူးလို့ comment တွေ တော်တော်များများမှာ တွေ့ရပါတယ်။

Mirror

 

Source: Mirror

Penny

 

SHARE