ရှူးရှဲ ပုဇွန်ခေါက်ဆွဲကြော်လေး လုပ်စားကြရအောင်

ပုဇွန်ခေါက်ဆွဲကြော်ပြုလုပ်တဲ့ နည်းလေးကို ဖော်ပြပေးမယ်နော်။

လိုအပ်သောပစ္စည်းများ

  • အသင့်စားခေါက်ဆွဲ ၂ ခု
  • ပုဇွန် ၆ ကောင်
  • ရေညှိ အနည်းငယ်
  • ပဲငံပြာရည်အကြည် တစ်ဇွန်း
  • ငရုတ်အနှစ် ၁ ဇွန်း
  • ငံပြာရည် ၁ ဇွန်း
  • ငရုတ်သီးစိမ်း ၄ တောင့်
  • ဆီအနည်းငယ်
  • ပန်းဂေါ်ဖီစိမ်း အနည်းငယ်
  • ငရုတ်ပွ အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

  • ခေါက်ဆွဲကို ရေဆူဆူထဲမှာ ထည့်ပြီး သိပ်မကျက်ခင် ဆယ်၍ ရေစစ်ထားပါ။
  • ဆီကိုအပူပေး၍ ပုဇွန်၊ ငရုတ်သီးစိမ်း၊ ငရုတ်ပွ၊ ပန်းပွင့်စိမ်း၊ ငံပြာရည်၊ ငရုတ်အနှစ်၊ ပဲငံပြာရည်အကြည်တို့ကို ထည့်ပါ။
  • ထို့နောက် ပွက်လာလျှင် ခေါက်ဆွဲကိုထည့်၍ မွှေပေးပါ။
  • ခေါက်ဆွဲကျက်လျှင် စားသုံးနိုင်ပါပြီ။
READ
ကျန်းမာရေးနဲ့ညီညွတ်ဖို့ တွဲစားသုံးပေးသင့်သော အစားအစာများ

Em Em (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE